Monday, February 24, 2014

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - ဖေဖေါ်ဝါရီလ ၂၄၊ ၂၀၁၄

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
ဖေဖေါ်ဝါရီလ ၂၄၊ ၂၀၁၄

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ တီဗွီမဂ္ဂဇင်း၊ တီဗွီသတင်းလွှာ အစီအစဉ်များ...

 
မြန်မာ

 မြန်မာ့စီးပွားရေး အလားအလာနဲ့ စိုးရိမ်မှုများ မြန်မာ့စီးပွားရေး အလားအလာနဲ့ စိုးရိမ်မှုများ
မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှုအပေါ် စီးပွားရေးလုပ်ငန်းရှင်တွေက အကြီးအကျယ်စိတ်ဝင်စားနေကြပေမယ့် လယ်မြေအသိမ်းခံရတဲ့အဖြစ်မျိုးတွေလို ကိစ္စတွေရှိနေသေးတဲ့အတွက် စိုးရိမ်စရာအဖြစ် ရှုမြင် ပြောဆိုမှုတွေလည်း ရှိနေပါတယ်။ အပြည့်အစုံ
 
ကချင်ဒုက္ခသည်တွေ တရုတ်ကူညီ ကချင်ဒုက္ခသည်တွေ တရုတ်ကူညီ
ကချင် KIO နဲ့ မြန်မာအစိုးရကြား အပစ်ရပ်စဲရေးပျက်ပြားပြီး ၃ နှစ်အတွင်း တိုက်ပွဲတွေ ဖြစ်နေတဲ့ကာလအတွင်း တရုတ်နိုင်ငံက ပထမဆုံးအဖြစ် အမေရိကန်ဒေါ်လာ ၈ သိန်း၊ ၂ သောင်း၊ ယွမ်ငွေအားဖြင့် ၅ သိန်းဖိုး လူသားချင်းစာနာမှု အကူအညီတွေ စတင်ပေးဝေနေပြီဖြစ်ပါတယ်။ အပြည့်အစုံ
 
ထိုင်းဆန္ဒပြမှု မြန်မာအလုပ်သမားတွေ ထိခိုက် ထိုင်းဆန္ဒပြမှု မြန်မာအလုပ်သမားတွေ ထိခိုက်
ထိုင်းနိုင်ငံမှာ အစိုးရကို ဆန့်ကျင်ကန့်ကွက်နေသူတွေက အစိုးရယန္တရားရပ်တန့်တဲ့အထိ ဆန္ဒပြဖို့ ဘန်ကောက်တမြို့လုံးကို ပိတ်ဆို့ထားပေမယ့် အစိုးရယန္တရားတွေရပ်တန့်မသွားခဲ့သေးဘဲ လနဲ့ချီ ကြာမြင့်နေပြီး ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် အလုပ်လုပ်ရာမှာ ထိခိုက်မှုတွေ ရှိလာနေပါတယ်။ အပြည့်အစုံ
 
နိုင်ငံတကာ

ဆောင်းရာသီ အိုလံပစ်ပွဲတော် အဆုံးသတ် ဆောင်းရာသီ အိုလံပစ်ပွဲတော် အဆုံးသတ်
အိုလံပစ်ပြိုင်ပွဲတွေမှာ ငွေအများဆုံးဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၅၁ ဘီလျံအကုန်ခံခဲ့တဲ့ ရုရှားနိုင်ငံ၊ ဆိုချီမြို့မှာ ကျင်းပတဲ့ အိုလံပစ်ပြိုင်ပွဲကို အခမ်းအနားနဲ့ ပိတ်လိုက်ပြီ ဖြစ်ပါတယ်။ အပြည့်အစုံ
 
ယူကရိန်းထူထောင်ရေး အကူအညီပေးဖို့ အမေရိကန်ကမ်းလှမ်း ယူကရိန်းထူထောင်ရေး အကူအညီပေးဖို့ အမေရိကန်ကမ်းလှမ်း
ယူကရိန်းနိုင်ငံမှာ ဒီမိုကရေစီထွန်းကားစေဖို့ နဲ့ ပျက်စီးယိုယွင်းနေတဲ့ နိုင်ငံ့စီးပွားရေးပြန်လည် တည်ဆောက်ဖို့အတွက် အမေရိကန် ပြည်ထောင်စုက ရုရှားနဲ့ တခြားနိုင်ငံတွေနဲ့အတူ လက်တွဲလုပ်ဆောင်ဖို့ အဆင်သင့်ပဲလို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Jack Lew က ပြောလိုက်ပါတယ်။ အပြည့်အစုံ
 
Russia Olympic ဆုအများဆုံးနဲ့ ဦးဆောင်နေ Russia Olympic ဆုအများဆုံးနဲ့ ဦးဆောင်နေ
ရုရှားနိုင်ငံ ဆိုချီမြို့မှာ ကျင်းပနေတဲ့ ဆောင်းရာသီအိုလံပစ် အားကစားပြိုင်ပွဲ နောက်ဆုံးနေ့ ပြိုင်ပွဲတွေမှာ ရုရှားနိုင်ငံက အားကစားသမားတွေ ဆုတံဆိပ်တွေ ထပ်မံဆွတ်ခူးပြီး အသာစီးနဲ့ ဦးဆောင်နေပါတယ်။ အပြည့်အစုံ
 
ထိုင်းအစိုးရဆန့်ကျင်ပွဲတွေ တိုက်ခိုက်ခံရ ထိုင်းအစိုးရဆန့်ကျင်ပွဲတွေ တိုက်ခိုက်ခံရ
ထိုင်းနိုင်ငံမှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြသူနေသူ လူအုပ်ကို အမည်မသိသေနတ်သမားတွေက စနေနေ့ညက ဝင်ရောက်ပစ်ခတ်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၂ ဦး သေဆုံးပြီး ၄၁ ဦး ထိခိုက် ဒဏ်ရာရသွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အပြည့်အစုံ
 
ယူကရိန်းအနာဂါတ် မရေရာသေး ယူကရိန်းအနာဂါတ် မရေရာသေး
ယူကရိန်း သမ္မတ Viktor Yanukovych ထွက်ပြေးသွားခဲ့ပြီး ဘယ်ရောက်နေမှန်းလည်း မသိကြရသေးချိန်မှာ အကျဉ်းထောင်က ပြန်လွတ်လာသူ အတိုက်အခံခေါင်းဆောင်လည်းဖြစ်၊ ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်သူ မစ္စ် Yulia Tymoshenko က ဆန္ဒပြပွဲတွေ ဆက်လုပ်သွားကြဖို့ လူထုကို တိုက်တွန်းခဲ့ပါတယ်။ အပြည့်အစုံ
 
အကျဉ်းကျနေတဲ့ ယူကရိန်း ဝန်ကြီးချုပ်ဟောင်း ပြန်လည်လွတ်မြောက် အကျဉ်းကျနေတဲ့ ယူကရိန်း ဝန်ကြီးချုပ်ဟောင်း ပြန်လည်လွတ်မြောက်
ယူကရိန်းနိုင်ငံမှာ မကြာခင်ကမှ ပြန်လည်လွတ်မြောက်လာတဲ့ ဝန်ကြီးချုပ်ဟောင်း Yulia Tymoshenko က ကိယက်ဗ်မြို့တော်မှာ ဆန္ဒပြသူတွေကို စကားပြောပြီး ဆန္ဒပြပွဲတွေကို ဆက်လုပ်သွားကြဖို့ တိုက်တွန်းခဲ့ပါတယ်။ အပြည့်အစုံ
 
မက္ကဆီကို မူးယစ်ရာဇာဖမ်းမိပြီ မက္ကဆီကို မူးယစ်ရာဇာဖမ်းမိပြီ
ကမ္ဘာ့အလိုအရှိဆုံး မူးယစ်ရာဇာ Joaquin "El Chapo" Guzman ကို မက္ကဆီကို အပန်းဖြေမြို့ Mazatlan က ဟိုတယ်လ်တစ်ခုမှာ အမေရိကန်နဲ့ မက္ကဆီကိုတာဝန်ရှိသူတွေက သေနတ်တချက်မှာ မပစ်လိုက်ရဘဲ လက်ရ ဖမ်းဆီးခဲ့ပါတယ်။ အပြည့်အစုံ
 
ဘလော့ဂါ

အင်တာနက်ချိတ်ဆက် မော်တော်ကားများ အင်တာနက်ချိတ်ဆက် မော်တော်ကားများ
အပြည့်အစုံ
 
အမျိုးသမီးကဏ္ဍ

အရှေ့အလယ်ပိုင်းက အမျိုးသမီး ဒုက္ခသည်တွေရဲ့ဘ၀ အရှေ့အလယ်ပိုင်းက အမျိုးသမီး ဒုက္ခသည်တွေရဲ့ဘဝ
"ဆီးရီးယားပြည်တွင်းစစ်ဒဏ်ကနေ ထွက်ပြေးလာရတဲ့ အမျိုးသမီးတွေ ရင်ဆိုင်နေကြရတဲ့ ပြဿနာတွေကို လက်ဘနွန်မှာရှိတဲ့ ကာလကြာရှည် ဒုက္ခသည်တွေဖြစ်ကြတဲ့ ပါလက်စတိုင်း အမျိုးသမီးတွေက နားလည်ကြပြီး သူတို့ကိုယ်တိုင် ရင်ဆိုင်နေကြရတဲ့ အိမ်တွင်းရေးအကြမ်းဖက်မှုနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေအပြင်..." အပြည့်အစုံ
 
အပတ်စဉ် တီဗွီမဂ္ဂဇင်း

အပတ်စဉ် တီဗွီမဂ္ဂဇင်း အပတ်စဉ် တီဗွီမဂ္ဂဇင်း
မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကင်တားနားရဲ့ သတင်းစာရှင်းလင်းပွဲ၊ ပြေလည်မှုမရသေးတဲ့ Ukraine ပဋိပက္ခ၊ ထိုင်းအစိုးရ ဆန့်ကျင်ရေးဆန္ဒပြပွဲ စတဲ့သတင်းတွေ၊ မြန်မာ့လူ့အခွင့်အရေးနဲ့ ကုလသမဂ္ဂအခန်းကဏ္ဍအပေါ် သုံးသပ်ချက်၊ အင်္ဂလိပ်စာ သင်ခန်းစာနဲ့ သက်တံရောင်သတင်းလွှာတို့ကို တင်ပြထားပါတယ် အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

No comments:

Post a Comment