Tuesday, February 11, 2014

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - ဖေဖေါ်ဝါရီလ ၁၁၊ ၂၀၁၄

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
ဖေဖေါ်ဝါရီလ ၁၁၊ ၂၀၁၄

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ တီဗွီမဂ္ဂဇင်း၊ တီဗွီသတင်းလွှာ အစီအစဉ်များ...

 
မြန်မာ

ဂျာမဏီသမ္မတနဲ့ဒေါ်စု မြန်မာ့အရေးဆွးနွေး ဂျာမဏီသမ္မတနဲ့ဒေါ်စု မြန်မာ့အရေးဆွးနွေး
မြန်မာ့ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ချစ်ကြည်ရေးခရီးရောက်လာတဲ့ ဂျာမဏီသမ္မတ Joachim Gauck ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။ အပြည့်အစုံ
 
အိမ်နီးချင်းနိုင်ငံတွေနည်းတူ မြန်မာနိုင်ငံမှာ အနိမ့်ဆုံး လစာ သတ်မှတ်မည် အိမ်နီးချင်းနိုင်ငံတွေနည်းတူ မြန်မာနိုင်ငံမှာ အနိမ့်ဆုံး လစာ သတ်မှတ်မည်
မြန်မာနိုင်ငံမှာ အိမ်နီးချင်းနိုင်ငံတွေနည်းတူ အနိမ့်ဆုံးလစာသတ်မှတ်ရာမှာ လုပ်ငန်းအမျိုးအစား၊ နေရာဒေသအပေါ်မူတည်ပြီး သတ်မှတ်နိုင်ရေး အနိမ့်ဆုံးလစာသတ်မှတ်ရေးအမျိုးသားကော်မတီက စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ အပြည့်အစုံ
 
ဂျာမဏီက မြန်မာ့အကြွေး ၅၀% လျှော်ပေး ဂျာမဏီက မြန်မာ့အကြွေး ၅၀% လျှော်ပေး
မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးရောက်နေတဲ့ ဂျာမန်သမ္မတ Joachim Gauck ဟာ ဒီကနေ့ နေပြည်တော်မှာ သမ္မတဦးသိန်းစိန်နဲ့ရော ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ သီးခြားစီ တွေ့ဆုံခဲ့တဲ့အပြင် မြန်မာပြည်က ဂျာမဏီမှာ တင်နေတဲ့ အကြွေးထဲက ၅၀ % လျှော်ပစ်ဖို့ သဘောတူ လက်မှတ် ရေုးထိုးခဲ့ပါတယ်။ အပြည့်အစုံ
 
လက်ပံတောင်းတောင် လယ်သမားတွေကို အစိုးရ လျော်ကြေး ထပ်ပေး လက်ပံတောင်းတောင် လယ်သမားတွေကို အစိုးရ လျော်ကြေး ထပ်ပေး
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် ဆုံးရှုံးသွားတဲ့ လယ်ယာမြေ လျော်ကြေးတွေကို တတိယအကြိမ်ထုတ်ပေးရာမှာ လယ်သမားတွေဘက်က တောင်းဆိုထားသလို တိုးမြှင့် ထုတ်ပေးနေတဲ့အကြောင်း ကြေးနီစီမံကိန်း စုံစမ်းရေးအစီရင်ခံစာကော်မတီအပေါ် အကောင်အထည်ဖော်ရေးကော်မတီက တာဝန်ရှိသူ တစ်ဦးက ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံ
 
၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး NLD နှင့် ၈၈ မျိုးဆက်တို့ ပူးပေါင်း ဆောင်ရွက်မည် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး NLD နှင့် ၈၈ မျိုးဆက်တို့ ပူးပေါင်း ဆောင်ရွက်မည်
၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အဓိကပူးပေါင်းဆောင်ရွက်သွားမယ့် ကြေညာချက်တရပ်ကို အဓိကအတိုက်အခံအင်အားစု နှစ်စုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ ငြိမ်းချမ်းရေးနဲ့ပွင့်လင်း လူ့အဖွဲ့အစည်းတို့က ပထမဦးဆုံးအကြိမ်အဖြစ် ပူးတွဲထုတ်ပြန်လိုက်ပါတယ်။ အပြည့်အစုံ
 
နိုင်ငံတကာ

ထိုင်းဆန္ဒပြခေါင်းဆောင် ဖမ်းဆီးခံရ ထိုင်းဆန္ဒပြခေါင်းဆောင် ဖမ်းဆီးခံရ
ထိုင်းနိုင်ငံမှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲ ထိပ်တန်းခေါင်းဆောင်တဦးဖြစ်တဲ့ Sonthiyarn Cheunruethainaitham ကို ထိုင်းနိုင်ငံရဲ့ အရေးပေါ်ဥပဒေကို ချိုးဖောက်တဲ့ ပြစ်မှုနဲ့ ဖမ်းဆီးလိုက်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ အပြည့်အစုံ
 
ကနေဒါ၊ နယ်သာလန် ရွှေတံဆိပ် အများဆုံးနဲ့ အိုလံပစ်မှာဦးဆောင် ကနေဒါ၊ နယ်သာလန် ရွှေတံဆိပ် အများဆုံးနဲ့ အိုလံပစ်မှာဦးဆောင်
ရုရှားနိုင်ငံ၊ ဆိုချီမြို့က ဆောင်းရာသီ အိုလံပစ် အားကစားပွဲတော် တတိယနေ့ အဖြစ် တနင်္လာနေ့ ပွဲစဉ်တွေထဲက မီတာ ၅၀၀ အမျိုးသား စကိတ်အမြန်စီး ပြိုင်ပွဲမှာတော့ နယ်သာလန် နိုင်ငံက ရွှေ၊ ငွေ၊ ကြေးဆုတွေ အားလုံး ရရှိသွားပါတယ်။ အပြည့်အစုံ
 
နီပေါဝန်ကြီးချုပ်အသစ် ရွေးချယ်တင်မြှောက် နီပေါဝန်ကြီးချုပ်အသစ် ရွေးချယ်တင်မြှောက်
Nepali Congress party အကြီးအကဲ Sushil Koirala ကို UML ကွန်မြူနစ်ပါတီက ထောက်ခံပေးပြီး လွှတ်တော်အဖွဲ့ဝင် ၆၀၅ ဦးထဲကနေ ထောက်ခံမဲ ၄၀၅ မဲနဲ့ ရွေးချယ်လိုက်တဲ့အတွက် ရှေ့မတိုး နောက်မဆုတ်ဖြစ်နေတဲ့ နီပေါနိုင်ငံရေးအခြေအနေ အဆုံးသတ်သွားခဲ့ပါတယ်။ အပြည့်အစုံ
 
Kenneth Bae ပြန်လွတ်ရေး အကျိုးဆောင် ကန်သံတမန် ဖိတ်ထားမှု မြောက်ကိုရီးယားပယ်ဖျက် Kenneth Bae ပြန်လွတ်ရေး အကျိုးဆောင် ကန်သံတမန် ဖိတ်ထားမှု မြောက်ကိုရီးယားပယ်ဖျက်
အမေရိကန်ခရစ်ယာန်သာသနာပြု Kenneth Bae ကို ဖမ်းဆီးထားမှု ဆွေးနွေးဖို့ မြောက်ကိုရီးယားက အမေရိကန်ကို ဖိတ်ထားတာကို ပြန်ရုပ်သိမ်းတာဟာ တောင်ကိုရီးယားနဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုကြောင့် ဖြစ်နိုင်ကြောင်း နိုင်ငံခြားရေးဌာနက ပြောပါတယ်။ အပြည့်အစုံ
 
နေ့စဉ် တီဗွီသတင်းလွှာ

နေ့စဉ် တီဗွီသတင်းလွှာ (၀၂-၁၁-၂၀၁၄) နေ့စဉ် တီဗွီသတင်းလွှာ (၀၂-၁၁-၂၀၁၄)
ဂျာမဏီ သမ္မတရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း မြန်မာနိုင်ငံက ပေးဆပ်ဖို့ ရှိတဲ့ အကြွေးတွေရဲ့ ၅၀ % ကို လျှော်ပစ်ဖို့ သဘောတူလိုက်တဲ့သတင်း အပါအ၀င် လွိုင်ကော်မှာ ကျင်းပတဲ့ ABSDF ကျဆုံးရဲဘော်တွေ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအကြောင်း သတင်းပေးပို့ချက်၊ မကြေးမုံရဲ့ အင်္ဂလိပ်စာနဲ့ အမေရိကန် နိုင်ငံရေးအကြောင်း… အပြည့်အစုံ
 
ဗွီဒီယိုသတင်း

အင်္ဂါနေ့မြန်မာတီဗွီသတင်းများ အင်္ဂါနေ့မြန်မာတီဗွီသတင်းများ
ဂျာမဏီ သမ္မတရဲ့ မြန်မာနိုင်ငံခရီးစဉ်သတင်းနဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မယ့်အကြောင်း NLD နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းတွေရဲ့ ပူးတွဲကြေညာချက် ထုတ်ပြန်တဲ့ သတင်းတွေ ပါဝင်ပါတယ်။ အပြည့်အစုံ
 
CPJ သတင်းလွတ်လပ်ခွင့် အစီရင်ခံစာ CPJ သတင်းလွတ်လပ်ခွင့် အစီရင်ခံစာ
Cyberspace အွန်လိုင်း မီဒီယာ ဖြန့်ချိမှုကို နှစ်စဉ် စစ်တမ်းကောက်ယူနေတဲ့ သတင်း ထုတ်လုပ်သူ အမျိုးအစားနဲ့ ချိုးဖောက်ခံရမှု စာရင်းတွေထဲမှာ ပထမဦးဆုံးအကြိမ် CPJ က ထည့်သွင်းလိုက်ပါတယ်။ VOA သတင်းထောက် Mariama Diallo သတင်းပေးပို့ထားတာကို ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။ အပြည့်အစုံ
 
မကြေးမုံရဲ့ အင်္ဂလိပ်စာ မကြေးမုံရဲ့ အင်္ဂလိပ်စာ
ဆက်လက်ပြီး မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်ကို ရှုစားကြပါ။ အပြည့်အစုံ
 
ABSDF ကျဆုံးစစ်သည် ဂုဏ်ပြုပွဲ ABSDF ကျဆုံးစစ်သည် ဂုဏ်ပြုပွဲ
ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး က ၂၅ နှစ် အတွင်း ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ကျဆုံးသွားတဲ့ ကျောင်းသား ရဲဘော် ၃၄ ယောက်အတွက် ဂုဏ်ပြုမှတ်တမ်းလွှာကို မိသားစုဝင်တွေဆီ ပေးအပ်တဲ့ အခမ်းအနား လွိုင်ကော်မြို့မှာကျင်းပပါတယ်။ကိုစည်သူနိုင် သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံ
 
ဒီသီတင်းပတ် အမေရိကန် နိုင်ငံရေး ဒီသီတင်းပတ် အမေရိကန် နိုင်ငံရေး
ဒီသီတင်းပတ်အတွင်း အမေရိကန်နိုင်ငံရေးမှာ အဓိက လွှမ်းမိုးနေတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ကိုသိန်းထိုက်ဦးက တင်ပြပါလိမ့်မယ်။ အပြည့်အစုံ
 
ကမ္ဘာ့သတင်း စက္ကန့် ၆၀

VOA60 World VOA60 World
VOA60 World အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

No comments:

Post a Comment