ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ ဖေဖေါ်ဝါရီလ ၁၃၊ ၂၀၁၄ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ တီဗွီမဂ္ဂဇင်း၊ တီဗွီသတင်းလွှာ အစီအစဉ်များ... |
| မြန်မာ သန်းခေါင်စာရင်းပြဿနာ ICG သတိပေး "မြန်မာတနိုင်ငံလုံးမှာ သန်းခေါင်စာရင်း ကောက်ယူမယ့်အစီအစဉ်ဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွေအတွက် အထူး အရေးပါတဲ့အချိန်မှာ တင်းမာမှုတွေ တိုးလာစေမယ့် အန္တရာယ်ရှိနေတယ်လို့ အပြည်ပြည်ဆိုင်ရာ ပဋိပက္ခလေ့လာရေးအဖွဲ့ ICG က သတိပေးလိုက်ပါတယ်။" အပြည့်အစုံ မြန်မာ့သတင်း လွတ်လပ်ခွင့်အခြေအနေ RSF သုံးသပ် “ပြုပြင်ပြောင်းလဲမှုတွေကို ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ်ဖြေရှင်းနိုင်မှု မရှိဘူးဆိုတဲ့ လက္ခဏာတွေကို ဒီနှစ်ထဲမှာ အစိုးရဘက်က ပြလာနေတာကို တွေ့ရပါတယ်။ ဥပမာအားဖြင့် - ရခိုင်အရေးကိစ္စနဲ့ပတ်သက်လို့ အစိုးရက ဘာကြောင့် ဆင်ဆာ လုပ်နေတာလဲဆိုတာ နောက် ဆင်ဆာလုပ်ပိုင်ခွင့်တွေကို ပြန်လည် ကျင့်သုံးလာတာ" - Benjamin Ismail အပြည့်အစုံ ပြည်ထောင်စုစိတ်ဓာတ်နဲ့ ညီညွတ်ရေး NLD နာယကတိုက်တွန်း "တိုင်းရင်းသားပြည်သူလူထုများဟာ မိမိတို့ရဲ့ အခြေကျနယ်မြေတွေကနေ ဘေး လွတ်အောင် ထွက်ပြေးတိမ်းရှောင်ကြရသည့် ဒုက္ခသည် ယနေ့တိုင် နယ်စပ်တွေမှာ၊ တဘက်နိုင်ငံတွေမှာ အလွန် ကြီးမားသော ဒုက္ခတွေကို အတောမသတ် ခံစားနေကြရတာဖြစ်တယ်။" - NLD နာယက ဦးတင်ဦး အပြည့်အစုံ တရုတ်အင်တာနက် ဆင်ဆာလုပ်မှု စွပ်စွဲချက် Microsoft ပယ်ချ "အမေရိကန် နည်းပညာကုမ္ပဏီကြီးတခုဖြစ်တဲ့ Microsoft က အမေရိကန်ပြည်ထောင်စုက သုံးစွဲသူတွေကို ထိခိုက်အောင် သူ့ရဲ့တရုတ် ဘာသာစကားနဲ့ထုတ်တဲ့ search engine Bing မှာ ကန့်သတ်ပိတ်ပင်မှုတွေ လုပ်ထားတယ်ဆိုတဲ့ စွပ်စွဲပြောဆိုမှုတွေဟာ မမှန်ကန်ကြောင်း ငြင်းဆိုလိုက်ပါတယ်။" အပြည့်အစုံ ဆိုချီအိုလံပစ် ဆုရလဒ်များ "ဆောင်းရာသီ အိုလံပစ်သမိုင်းမှာ Slovenia နိုင်ငံက Tina Maze နဲ့ Switzerland နိုင်ငံက Dominique Gisin တို့ Alpine နှင်းလျှောစီးပြိုင်ပွဲအတွက် ပထမဆုံး ပူးတွဲ ရွှေတံဆိပ်ဆု ရသွားကြပါတယ်။ အမျိုးသမီး နှင်းလျှောစီးပြိုင်ပွဲ မှာ သူတို့ ၂ ယောက်လုံး ၁ မိနစ်နဲ့ ၄၁ ဒဿမ ၅၇ စက္ကန့်နဲ့ ပန်းဝင်ခဲ့ကြတာပါ။" အပြည့်အစုံ ဂျော်ဂျီယာနှင်းမုန်တိုင်း သမ္မတအိုဘားမား အရေးပေါ်အခြေအနေ ကြေညာ "ပြည်နယ်ထဲက မြို့တွေ အဝေးပြေး လမ်းမကြီးတွေပေါ်မှာ နှင်းတွေခဲပြီး ရေခဲတွေ ဖုံးလွှမ်းသွားနိုင်တဲ့ အခြေအနေ ရှိနေတာကို ပြည်နယ်အစိုးရက ရှင်းနိုင်ဖို့ ပြည်ထောင်စုအစိုးရရဲ့ ဘဏ္ဍာသုံးစွဲခွင့် သမ္မတက ခွင့်ပြုခဲ့ပါတယ်။" အပြည့်အစုံ ကလေးစိတ်ဝေဒနာ ဖေဖော်ဝါရီ ၁၃၊ ၂၀၁၄ - ကလေးတွေမှာ စိတ်ကြောင့်ဖြစ်လာရတဲ့ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေကို ဘယ်လိုကုသ၊ ကာကွယ်နိုင်ပါသလဲ။ အပြည့်အစုံ အလှမ်းဝေးနေသေးတဲ့ စစ်မှန်ငြိမ်းချမ်းသော ပြည်ထောင်စု ဖေဖေါ်ဝါရီ ၁၂၊ ၂၀၁၄ - တိုင်းရင်းသားပြည်သူတွေ လိုလားတဲ့ စစ်မှန်ငြိမ်းချမ်းသော ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် ဘာတွေလုပ်ဖို့ လိုအပ်နေလဲ။ အတိတ်သမိုင်း နဲ့ အနာဂတ် အလားအလာတို့ကို သမိုင်းပညာရှင် ဦးထွန်းအောင်ရှိန်နဲ့ ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။ အပြည့်အစုံ အမေရိကန် ပြည်ထောင်စုက ဘောလုံးအသင်းဟာ လာမယ့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ ယှဉ်ပြိုင်နိုင်ဖို့ အာရုံစိုက် လာနေပါတယ်။ အမေရိကန် ဘောလုံးအသင်းရဲ့ ကြိုးပမ်းမှုတွေနဲ့ ပတ်သက်လို့ ဗွီအိုအေ သတင်းထောက် Mike O’Sullivan သတင်းပေးပို့ထားတာကိုတော့ ကိုရန်နိုင်က တင်ပြပေးထားပါတယ်။ အပြည့်အစုံ မြန်မာနိုင်ငံ ဈေးကွက်ထဲကို မော်တော်ကားကအစ လက်ကိုင်ဖုန်းအဆုံး နောက်ဆုံးပေါ် ပစ္စည်းအမျိုးမျိုး ၀င်လာနေပေမဲ့ ပစ္စည်းတွေ ထိခိုက်ပျက်စီးတဲ့ အခါမျိုးမှာ ပြင်ဆင် မွမ်းမံထိန်းသိမ်းဖို့ ရန်ကုန်မြို့က စက်ပြင်ဆရာတွေနဲ့ နည်းပညာ ကျွမ်းကျင်သူတွေ ကြိုးပမ်းနေကြပုံကိုအောင်လွင်ဦး ကတင်ပြထားပါတယ်။ အပြည့်အစုံ ဒီကနေ့ အစီအစဉ်မှာတော့ ၆၇ ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွေအတွင်း မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေ အရှိန်မြှင့်ဖို့ တိုက်တွန်းခဲ့တဲ့အကြောင်း၊ သတင်းလွတ်လပ်ခွင့်မှာ မြန်မာနိုင်ငံဟာ တိုးတက်လာပေမဲ့… အပြည့်အစုံ အမေရိကန် ပြည်ထောင်စုက ဘောလုံးအသင်းဟာ လာမယ့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ ယှဉ်ပြိုင်နိုင်ဖို့ အာရုံစိုက် လာနေပါတယ်။ အမေရိကန် ဘောလုံးအသင်းရဲ့ ကြိုးပမ်းမှုတွေနဲ့ ပတ်သက်လို့ ဗွီအိုအေ သတင်းထောက် Mike O’Sullivan သတင်းပေးပို့ထားတာကိုတော့ ကိုရန်နိုင်က တင်ပြပေးထားပါတယ်။ အပြည့်အစုံ မြန်မာနိုင်ငံ ဈေးကွက်ထဲကို မော်တော်ကားကအစ လက်ကိုင်ဖုန်းအဆုံး နောက်ဆုံးပေါ် ပစ္စည်းအမျိုးမျိုး ၀င်လာနေပေမဲ့ ခေတ်ပေါ် ပစ္စည်းတွေ ထိခိုက်ပျက်စီးတဲ့ အခါမျိုးမှာ ပြင်ဆင်ဖို့၊ မွမ်းမံထိန်းသိမ်းဖို့ ရန်ကုန်မြို့က စက်ပြင်ဆရာတွေ၊ နည်းပညာ ကျွမ်းကျင်သူတွေကြိုးပမ်းနေကြတဲ့အကြောင်း ကိုအောင်လွင်ဦးကတင်ပြထားပါတယ်။ အပြည့်အစုံ အမေရိကန်ပြည်ထောင်စု နယူးရောက်မြို့မှာဖေဖေါ်ဝါရီလ (၈)ရက်ကျင်းပတဲ့ ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်အကြိုမွေးနေ့ အခမ်းအနားကို မြန်မာပြည်နဲ့ ဝေးကွာပြီး တိုင်းတပါးကို ရောက်နေကြတဲ့ မြန်မာနိုင်ငံသား ကလေးလူကြီး ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ ကိုယ်တိုင် သွားရောက်သတင်းယူထားတဲ့ မအင်ကြင်းနိုင်က တင်ပြမှာပါ။ အပြည့်အစုံ ၆၇ ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွေအတွင်း မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေ အရှိန်မြှင့်ဖို့ တိုက်တွန်းခဲ့တဲ့အကြောင်း၊ သတင်းလွတ်လပ်ခွင့်မှာ မြန်မာနိုင်ငံဟာ တိုးတက်လာပေမဲ့ စိုးရိမ်စရာတွေ ရှိနေဆဲဖြစ်တဲ့အကြောင်းတင်ပြထားပါတယ်။ အပြည့်အစုံ ဒီမိုကရေစီနည်းမကျတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံပြင်ဆင်ရေးကို အလေးထား ဆောင်ရွက်နေတဲ့အကြောင်း ရန်ကုန်မြို့မှာကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ၆၇ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားမှာ ပါတီနာယက ဦးတင်ဦးကပြောသွားပါတယ်။ အခမ်းအနားကို တက်ရောက် သတင်းယူထားတဲ့ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။ အပြည့်အစုံ VOA60 World VOA60 World အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
သန်းခေါင်စာရင်းပြဿနာ ICG သတိပေး
မြန်မာ့သတင်း လွတ်လပ်ခွင့်အခြေအနေ RSF သုံးသပ်
ပြည်ထောင်စုစိတ်ဓာတ်နဲ့ ညီညွတ်ရေး NLD နာယကတိုက်တွန်း
တရုတ်အင်တာနက် ဆင်ဆာလုပ်မှု စွပ်စွဲချက် Microsoft ပယ်ချ
ဆိုချီအိုလံပစ် ဆုရလဒ်များ
ဂျော်ဂျီယာနှင်းမုန်တိုင်း သမ္မတအိုဘားမား အရေးပေါ်အခြေအနေ ကြေညာ
ကလေးစိတ်ဝေဒနာ
အလှမ်းဝေးနေသေးတဲ့ စစ်မှန်ငြိမ်းချမ်းသော ပြည်ထောင်စု
VOA60 World
No comments:
Post a Comment