Sunday, February 23, 2014

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - ဖေဖေါ်ဝါရီလ ၂၃၊ ၂၀၁၄

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
ဖေဖေါ်ဝါရီလ ၂၃၊ ၂၀၁၄

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ တီဗွီမဂ္ဂဇင်း၊ တီဗွီသတင်းလွှာ အစီအစဉ်များ...
 
မြန်မာ

ထိုင်းဆန္ဒပြမှု မြန်မာအလုပ်သမားတွေ ထိခိုက် ထိုင်းဆန္ဒပြမှု မြန်မာအလုပ်သမားတွေ ထိခိုက်
ထိုင်းနိုင်ငံမှာ အစိုးရကို ဆန့်ကျင်ကန့်ကွက်နေသူတွေက အစိုးရယန္တရားရပ်တန့်တဲ့အထိ ဆန္ဒပြဖို့ ဘန်ကောက်တမြို့လုံးကို ပိတ်ဆို့ထားပေမယ့် အစိုးရယန္တရားတွေရပ်တန့်မသွားခဲ့သေးဘဲ လနဲ့ချီ ကြာမြင့်နေပြီး ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် အလုပ်လုပ်ရာမှာ ထိခိုက်မှုတွေ ရှိလာနေပါတယ်။ အပြည့်အစုံ
 
အစိုးရနဲ့ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းမှ မြန်မာ့စီးပွားဖွံ့ဖြိုးမည် အစိုးရနဲ့ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းမှ မြန်မာ့စီးပွားဖွံ့ဖြိုးမည်
မြန်မာနိုင်ငံစီးပွားရေးရဲ့ ၉၀ %ဖြစ်တဲ့ ပုဂ္ဂလိကလုပ်ငန်းတွေ ဖွံ့ဖြိုးမှ တိုင်းပြည်စီးပွားဖွံ့ဖြိုးမယ်လို့ နိုင်ငံတော်သမ္မတဦးသိန်းစိန်က မြန်မာပုဂ္ဂလိကလုပ်ငန်းရှင် ၅၀၀ လောက်နဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့ပါတယ်။ အပြည့်အစုံ
 
အဂတိလိုက်စားမှု ပပျောက်ရေးကော်မရှင်နဲ့ လုပ်ပိုင်ခွင့် အဂတိလိုက်စားမှု ပပျောက်ရေးကော်မရှင်နဲ့ လုပ်ပိုင်ခွင့်
လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင်တရပ်ဖွဲ့စည်းရေး ပါဝင်မယ့် ကော်မရှင်ရဲ့ အမည်စာရင်းကို သမ္မတဦးသိန်းစိန်က လွှတ်တော်အကြီးအကဲတွေဆီ ပေးပို့ခဲ့ရာမှာ အငြိမ်းစားဝန်ထမ်းတွေဖြစ်တဲ့ ဗိုလ်ချုပ်မြဝင်းနဲ့ သံတမန်ဟောင်း ဦးတင်ဦးတို့လည်း ပါဝင်ပါတယ်။ အပြည့်အစုံ
 
အပစ်အခတ်ရပ်စဲရေး အကြို ညှိနှိုင်းပွဲ ရန်ကုန်မှာ ကျင်းပမည် အပစ်အခတ်ရပ်စဲရေး အကြို ညှိနှိုင်းပွဲ ရန်ကုန်မှာ ကျင်းပမည်
"မတ်လ ပထမပတ်ထဲမှာ စတင်မယ့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ အစိုးရတို့ကြား ဆွေးနွေးပွဲမှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ လောခီးလာတိုင်းရင်းသားပေါင်းစုံ ညီလာခံမှာ သဘောတူထားတဲ့ အပစ်အခတ်ရပ်စဲရေး မူဝါဒတွေ အပေါ်မှာ ဆွေးနွေးကြမှာလည်း ဖြစ်ပါတယ်" အပြည့်အစုံ
 
နိုင်ငံတကာ

သမ္မတ Yanukovych ကီယက်ဗ်မြို့ က ထွက်ခွာပြီဟု ယူကရိန်းအတိုက်အခံဆို သမ္မတ Yanukovych ကီယက်ဗ်မြို့ က ထွက်ခွာပြီဟု ယူကရိန်းအတိုက်အခံဆို
ယူကရိန်းသမ္မတ Yanukovych မြို့တော်ထဲကနေ ထွက်သွားပြီလို့ အတိုက်အခံတွေက ပြောပြီး သမ္မတရွေးကောက်ပွဲကို စောပြီး ကျင်းပပေးဖို့ တောင်းနေပေမယ့် သမ္မတကတော့ ရာထူးကနေ နုတ်ထွက်ပေးမှာ မဟုတ်ကြောင်းနဲ့ သူဆင်းသွားဖို့ အကြမ်းဖက် တောင်းဆိုနေတာဟာ အာဏာသိမ်းတာနဲ့အတူတူပဲလို့လည်း ပြောလိုက်ပါတယ်။ အပြည့်အစုံ

အကျဉ်းကျနေတဲ့ ယူကရိန်း ဝန်ကြီးချုပ်ဟောင်း ပြန်လည်လွတ်မြောက် အကျဉ်းကျနေတဲ့ ယူကရိန်း ဝန်ကြီးချုပ်ဟောင်း ပြန်လည်လွတ်မြောက်
ယူကရိန်းနိုင်ငံမှာ မကြာခင်ကမှ ပြန်လည်လွတ်မြောက်လာတဲ့ ဝန်ကြီးချုပ်ဟောင်း Yulia Tymoshenko က ကိယက်ဗ်မြို့တော်မှာ ဆန္ဒပြသူတွေကို စကားပြောပြီး ဆန္ဒပြပွဲတွေကို ဆက်လုပ်သွားကြဖို့ တိုက်တွန်းခဲ့ပါတယ်။ အပြည့်အစုံ
 
မက္ကဆီကို မူးယစ်ရာဇာဖမ်းမိပြီ မက္ကဆီကို မူးယစ်ရာဇာဖမ်းမိပြီ
ကမ္ဘာ့အလိုအရှိဆုံး မူးယစ်ရာဇာ Joaquin "El Chapo" Guzman ကို မက္ကဆီကို အပန်းဖြေမြို့ Mazatlan က ဟိုတယ်လ်တစ်ခုမှာ အမေရိကန်နဲ့ မက္ကဆီကိုတာဝန်ရှိသူတွေက သေနတ်တချက်မှာ မပစ်လိုက်ရဘဲ လက်ရ ဖမ်းဆီးခဲ့ပါတယ်။ အပြည့်အစုံ
 
Roman Catholic ဘုန်းတော်ကြီး ၁၉ ပါးကို Cardinal အဖြစ်ခန့်အပ် Roman Catholic ဘုန်းတော်ကြီး ၁၉ ပါးကို Cardinal အဖြစ်ခန့်အပ်
Roman Catholic အသင်းတော်မှာ ပုပ်ရဟန်းမင်းကြီးပြီးရင် သြဇာအကြီးဆုံး Cardinal ဘုန်းတော်ကြီးအသစ် ၁၉ ပါးမှာ ဥရောပအပြင် တောင်ကိုရီးယား၊ ဖိလစ်ပိုင်၊ ဘရာဇီးလ်၊ အိုင်ဗရီကို့စ် စတဲ့ အာရှ၊ တောင်အမေရိကနဲ့ အာဖရိကနိုင်ငံတွေကနေ ခန့်အပ်ရွေးချယ်လိုက်ပါတယ်။ အပြည့်အစုံ
 
အပတ်စဉ် တီဗွီမဂ္ဂဇင်း

အပတ်စဉ် တီဗွီမဂ္ဂဇင်း အပတ်စဉ် တီဗွီမဂ္ဂဇင်း
မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကင်တားနားရဲ့ သတင်းစာရှင်းလင်းပွဲ၊ ပြေလည်မှုမရသေးတဲ့ Ukraine ပဋိပက္ခ၊ ထိုင်းအစိုးရ ဆန့်ကျင်ရေးဆန္ဒပြပွဲ စတဲ့သတင်းတွေ၊ မြန်မာ့လူ့အခွင့်အရေးနဲ့ ကုလသမဂ္ဂအခန်းကဏ္ဍအပေါ် သုံးသပ်ချက်၊ အင်္ဂလိပ်စာ သင်ခန်းစာနဲ့ သက်တံရောင်သတင်းလွှာတို့ကို တင်ပြထားပါတယ် အပြည့်အစုံ
 
ကမ္ဘာ့သတင်း စက္ကန့် ၆၀

VOA60 World VOA60 World
VOA60 World အပြည့်အစုံ
 
VOA60 USA

VOA60 USA VOA60 USA
President Obama comments on chemical weapons in Syria during news conference- VOA60 America အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

No comments:

Post a Comment