Friday, February 21, 2014

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - ဖေဖေါ်ဝါရီလ ၂၁၊ ၂၀၁၄

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
ဖေဖေါ်ဝါရီလ ၂၁၊ ၂၀၁၄

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ တီဗွီမဂ္ဂဇင်း၊ တီဗွီသတင်းလွှာ အစီအစဉ်များ...

 
မြန်မာ

လူစုလူဝေး ထိန်းသိမ်းမှု နည်းပညာ မြန်မာ ရဲတပ်ဖွဲ့ကို EU သင်တန်းပေး လူစုလူဝေး ထိန်းသိမ်းမှု နည်းပညာ မြန်မာ ရဲတပ်ဖွဲ့ကို EU သင်တန်းပေး
တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေးလေးစားလိုက်နာမှုတွေရှိလာအောင် အခုလို သင်တန်းမျိုးတွေပေးဖို့ မြန်မာအစိုးရရော အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကပါ တိုက်တွန်း ကမ်းလှမ်းချက်တွေကြောင့် ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ကူညီဖို့ အီးယူက ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အပြည့်အစုံ
 
နိုင်ငံတကာ

အဆုံးစီရင်ဆန္ဒပြသူ တိဘက်တွေအတွက် တရုတ်ပြည်မှာ အမိန့်သစ်ထုတ် အဆုံးစီရင်ဆန္ဒပြသူ တိဘက်တွေအတွက် တရုတ်ပြည်မှာ အမိန့်သစ်ထုတ်
တရုတ်အစိုးရကို ဆန့်ကျင်တဲ့ အနေနဲ့ ကိုယ့်ကိုယ်ကို အဆုံးစီရင် ဆန္ဒပြကြသူ တိဘက်လူမျိုးတွေရဲ့ ဆွေမျိုးသားချင်းတွေနဲ့ ဆက်နွယ်သူတွေကို ပြင်းပြင်း ထန်ထန် အရေးယူဖို့ Sichuan ပြည်နယ်အာဏာပိုင်တွေက အမိန့်တရပ် ထုတ်ပြန်လိုက်ပါတယ်။ အပြည့်အစုံ
 
ဆန္ဒပြသူတွေ သေဆုံးမှု ယူကရိန်း အိုလံပစ် အားကစားသမားတွေ ကန့်ကွက် ဆန္ဒပြသူတွေ သေဆုံးမှု ယူကရိန်း အိုလံပစ် အားကစားသမားတွေ ကန့်ကွက်
လူအများအပြား သေဆုံးခဲ့တဲ့အထိ ဆန္ဒပြပွဲတွေကို နှိမ်နင်းခဲ့တဲ့အပေါ် ကန့်ကွက်တဲ့ အနေနဲ့ ယူကရိန်း အားကစားမယ်တဦး ရုရှားနိုင်ငံမှာ ကျင်းပနေတဲ့ အိုလံပစ်အားကစားပွဲက ထွက်လိုက်ပါတယ်။ အပြည့်အစုံ
 
ယူကရိန်း အဓိကရုဏ်း သေဆုံးသူ ၇၀ နီးပါး အထိတိုး ယူကရိန်း အဓိကရုဏ်း သေဆုံးသူ ၇၀ နီးပါး အထိတိုး
ဆန္ဒပြသူတွေနဲ့ ဆေးဝန်ထမ်းတွေကတော့ ကြာသပတေးနေ့ တနေ့ထဲမှာတင် သေဆုံးသူ ၇၀ ကနေ ၁၀၀ အထိ ရှိနေတယ်လို့ ဆိုပါတယ်။ ဒါဟာ ဆိုဗီယက်ရုရှား လက်အောက်မှာ ရှိချိန်ကစပြီး အကြမ်းဖက်မှုကြောင့် လူသေဆုံးမှု အများဆုံးရှိခဲ့တဲ့ နေ့ဖြစ်ပါတယ်။ အပြည့်အစုံ
 
ယူကရိန်း အကြမ်းဖက်မှု နောက်ထပ် ၂၂ ဦးသေဆုံး ယူကရိန်း အကြမ်းဖက်မှု နောက်ထပ် ၂၂ ဦးသေဆုံး
ယူကရိန်းနိုင်ငံမှာ အစိုးရဆန့်ကျင်သူဆန္ဒပြသူတွေနဲ့ ရဲတွေကြား ထပ်ဖြစ်တဲ့ ပဋိပက္ခကြောင့် ၁၇ ယောက်ထက် မနည်းသေဆုံးခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်၊ အပြည့်အစုံ
 
ကန်ကို ပျံသန်း မယ့် လေယာဉ်တွေ ဖောက်ခွဲဖို့ ခြိမ်းခြောက်မှု ထွက်ပေါ် ကန်ကို ပျံသန်း မယ့် လေယာဉ်တွေ ဖောက်ခွဲဖို့ ခြိမ်းခြောက်မှု ထွက်ပေါ်
အမေရိကန်ပြည်ထောင်စုကို ပျံသန်းလာတဲ့ နိုင်ငံတကာလေယာဉ်တွေ မှာ ဖောက်ခွဲရေးပစ္စည်းတွေကို ဖိနပ်ထဲမှာထည့်ပြီး တိုက်ခိုက်နိုင်တဲ့ ခြိမ်းခြောက်မှုတွေ ရှိနိုင်တဲ့အကြောင့် အမေရိကန် အစိုးရက လေကြောင်းလိုင်းတွေ ကို သတိပေးလိုက်ပါတယ်။ အပြည့်အစုံ
 
နေ့စဉ် တီဗွီသတင်းလွှာ

နေ့စဉ်တီဗွီသတင်းလွှာ ( ၀၂-၂၁-၂၀၁၄ ) နေ့စဉ်တီဗွီသတင်းလွှာ ( ၀၂-၂၁-၂၀၁၄ )
မြန်မာ့ရဲတပ်ဖွဲ့ဝင်တွေကို EU ဥရောပသမဂ္ဂ ရဲအရာရှိတွေ သင်တန်းပေးနေတဲ့ အခြေအနေ၊ ယူကရိန်းနိုင်ငံ အကြမ်းဖက် ပဋိပက္ခနဲ့ အဓိကရုဏ်းတွေအကြား ဒါဇင်နဲ့ချီ သေဆုံးနေတဲ့ အခြေအနေ၊ အိုလံပစ်ပွဲတော် ကျင်းပနေတဲ့ Sochi မြို့နဲ့ပတ်သက်တဲ့ အငြင်းပွားဖွယ်ရာ သမိုင်းကြောင်းနဲ့ တစ်မိနစ် အင်္ဂလိပ်စာ အစီအစဉ်တွေ ပါဝင်ပါတယ်။ အပြည့်အစုံ
 
ဗွီဒီယိုသတင်း

သောကြာနေ့ မြန်မာတီဗွီသတင်း သောကြာနေ့ မြန်မာတီဗွီသတင်း
မြန်မာ့ရဲတပ်ဖွဲ့ဝင်တွေကို EU ဥရောပသမဂ္ဂ ရဲအရာရှိတွေက သင်တန်းပေးနေတာနဲ့ပတ်သက်တဲ့ သတင်းကို တင်ပြထားပါတယ်။ အပြည့်အစုံ
 
တစ်မိနစ် အင်္ဂလိပ်စာ တစ်မိနစ် အင်္ဂလိပ်စာ
ဒီသီတင်းပတ် တစ်မိနစ် အင်္ဂလိပ်စာ အစီအစဉ်မှာ “Keep your Chin Up” ဆိုတဲ့ အမေရိကန်သုံး အင်္ဂလိပ်စာ သင်ခန်းစာကို တင်ပြထားပါတယ်။ အပြည့်အစုံ
 
အိုလံပစ်အိမ်ရှင် Sochi ရဲ့ အငြင်းပွားဖွယ် သမိုင်း အိုလံပစ်အိမ်ရှင် Sochi ရဲ့ အငြင်းပွားဖွယ် သမိုင်း
အိုလံပစ်ပွဲတော် ကျင်းပနေတဲ့ ရုရှားနိုင်ငံ Sochi မြို့ရဲ့ သမိုင်းကြောင်းနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ရှိနေသလို ဒီဒေသဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀ က Circassians ဌာနေတိုင်းရင်းသား မူဆလင်တွေကို မောင်းထုတ်ပြီး ရုရှားတပ်တွေ သိမ်းခဲ့တဲ့နေရာလို့ ပြောဆိုနေတာပါ။ မခွာညိုက တင်ပြထားပါတယ်။ အပြည့်အစုံ
 
ယူကရိန်းအရေး နိုင်ငံတကာတုံ့ပြန်မှု ယူကရိန်းအရေး နိုင်ငံတကာတုံ့ပြန်မှု
အဓိကရုဏ်းနဲ့ လူသေဆုံးမှုတွေ တိုးလာနေတဲ့ ယူကရိန်းနိုင်ငံက အဆင့်မြင့် အစိုးရအရာရှိတွေကို ပစ်မှတ်ထား အရေးယူရေး အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂတို့ စဉ်းစားနေပါပြီ။ Zlatica Hoke သတင်းပေးပို့ထားတာကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။ အပြည့်အစုံ
 
မြန်မာ့ရဲတပ်ဖွဲ့ EU သင်တန်း မြန်မာ့ရဲတပ်ဖွဲ့ EU သင်တန်း
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ လူစုလူဝေးနဲ့ဆက်နွယ်တဲ့ အကြမ်းဖက်မှုတွေကို နိုင်ငံတကာစံနှုန်းအတိုင်း ဘယ်လို ကိုင်တွယ် စီမံမလဲဆိုတဲ့ သင်တန်းတရပ်ကို ဥရောပသမဂ္ဂ ရဲအရာရှိတွေက ပေးနေပါတယ်။ ရန်ကုန်ရုံးခွဲက ကိုသားညွန့်ဦး သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံ
 
အမေရိကန်မှာ တရုတ်ထုတ်တဲ့ လျှပ်စစ်ဘတ်စ်ကား အမေရိကန်မှာ တရုတ်ထုတ်တဲ့ လျှပ်စစ်ဘတ်စ်ကား
အဝေးပြေး လမ်းမကြီးတွေနဲ့ ပြည့်နေပြီး မီးခိုးမြူတွေကြောင့် အဓိကပြဿနာကြီးတွေ ရင်ဆိုင်နေရတဲ့ ကာလီဖိုးနီးယားပြည်နယ် တောင်ပိုင်းဒေသက အခက်အခဲကို ဖြေရှင်းဖို့ တရုတ်ကုမ္မဏီတစ်ခုက ကြိုးစားနေတဲ့အကြောင်း ဗွီအိုအေသတင်းထောက် Jeff Shu သတင်းပေးပို့ထားတာကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။ အပြည့်အစုံ
 
ကမ္ဘာ့သတင်း စက္ကန့် ၆၀

VOA60 World VOA60 World
VOA60 World အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

No comments:

Post a Comment