ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာေ ဖဖော်ဝါရီ ၉၊ ၂၀၁၄ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ တီဗွီမဂ္ဂဇင်း၊ တီဗွီသတင်းလွှာ အစီအစဉ်များ... |
မြန်မာ ဖွဲ့စည်းပုံပုဒ်မ ၅၉ (ဃ) နဲ့ (စ) အပေါ် သံဃာတချို့အမြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ သမ္မတဖြစ်ခွင့်အရည်အချင်းဆိုင်ရာ သမ္မတဖြစ်မည့်သူ စစ်ရေးအမြင်ရှိရမယ့် အချက်ပါ ပုဒ်မ ၅၉၊ (ဃ) နဲ့ မိဘ၊ ဇနီး၊ ခင်ပွန်း၊ သားသမီးတစ်ဦးဦး၊ ယင်းသားသမီးများရဲ့ ဇနီး၊ ခင်ပွန်းတွေဟာ တိုင်းတစ်ပါး နိုင်ငံသား မဖြစ်စေရဆိုတဲ့ ပုဒ်မ ၅၉ (စ) အပေါ် သံဃာတော်တွေရဲ့သဘောထားတွေကို တင်ပြထားပါတယ်။ အပြည့်အစုံ ပြည်ထောင်စုနေ့အကြို ပင်လုံပန်းချီပြပွဲတရပ်ကို မြန်မာငြိမ်းချမ်းရေးစင်တာမှာ ကျင်းပခဲ့ပြီး တိုင်းရင်းသားခေါင်းဆောင်တွေ၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ ပြည်ထောင်စုဝန်ကြီးတချို့ တက်ရောက်အားပေးခဲ့ကြပါတယ်။ အပြည့်အစုံ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF က ၂၅ နှစ်အတွင်း ကျဆုံးခဲ့တဲ့ ကျောင်းသားစစ်သည် (၇၀၀) ကျော်ထဲက ကယားနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက ကျဆုံးရဲဘော်တွေအတွက် အမှတ်တရ ဂုဏ်ပြုလွှာပေးအပ်ပွဲ အခမ်းအနားကို ဒီကနေ့ ကျင်းပခဲ့ပါတယ်။ အပြည့်အစုံ ဆော်ဒီဟော်တယ်မီး လူ ၁၅ ဦးထက် မနည်း သေဆုံး ဆော်ဒီအာရေဘီးယားနိုင်ငံအနောက်ပိုင်း ဘာသာရေးအထွဋ်အမြတ်မြို့က Medina မြို့က ဟော်တယ်လ်မှာ မီးလောင်ခဲ့လို့ ၁၅ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။ အပြည့်အစုံ ပါရှန်းပင်လယ်ကွေ့မှာ အမေရိကန်ရေတပ်သင်္ဘောတွေ ချထားတာကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ရေပြင်ပိုင်နယ် နယ်စပ်တွေဆီ ချဉ်းကပ်ကြဖို့ အီရန်စစ်သင်္ဘောအများအပြားကို အမိန့်ပေးထားတယ်လို့ အီရန်ရေတပ် တပ်မှူးတစ်ဦးက ပြောလိုက်ပါတယ်။ အပြည့်အစုံ အာဖဂန်နစ္စတန်နိုင်ငံကစစ်ပွဲကြောင့် အရပ်သားသေဆုံးမှု တိုးနေပြီး ၁၂ နှစ်ကြာနေပြီဖြစ်တဲ့စစ်ပွဲမှာ ပြီးခဲ့တဲ့နှစ်ဟာ အရပ်သားသေဆုံးမှု အများဆုံးဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။ အပြည့်အစုံ Russia နိုင်ငံ Sochi မြို့မှာကျင်းပနေတဲ့ ဆောင်းရာသီ Olympic အားကစားပြိုင်ပွဲက ပထမဆုံး ရွှေတံဆိပ်ကို အမေရိကန်အားကစားသမားSage Kotsenburg က အမျိုးသား Slopestyle snowboard လျှောစီးပြိုင်ပွဲမှာရသွားခဲ့ပါတယ်။ အပြည့်အစုံ အပတ်စဉ် တီဗွီသတင်းလွှာ သမ္မတအိုဘားမားက မြန်မာအပါအ၀င် နိုင်ငံတိုင်းမှာ ဘာသာရေးလွတ်လပ်ခွင့်ဟာ မခရာကျတယ်လို့ပြောပါတယ်၊ HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ မြန်မာခရီးစဉ်၊ Facebook ၁၀ နှစ်ပြည့်မွေးနေ့၊ Unity ဂျာနယ်အမှု အပေါ် စာနယ်ဇင်းကောင်စီ သုံးသပ်ချက်နဲ့ စတုတ္ထမဏ္ဍိုင် အလားအလာ တွေ့ဆုံမေးမြန်းခန်း၊... အပြည့်အစုံ |
အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
No comments:
Post a Comment