Monday, September 30, 2013
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - စက်တင်ဘာလ ၃၀၊ ၂၀၁၃
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ စက်တင်ဘာလ ၃၀၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
မြန်မာ ![]() အောက်တိုဘာ ၁ ရက်မှာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ပြန်လည်စတင်မယ့်အရေး ကန့်ကွက်တဲ့အနေနဲ့ လယ်တီဆရာတော်သိမ်ကျောင်း ထိန်းသိမ်းရေး ဒေသခံပြည်သူတွေ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။ အပြည့်အစုံ ![]() ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ရခိုင်ပြည်နယ်မြို့နယ်ပေါင်း ၁၇ မြို့နယ်က ကိုယ်စားလှယ်တွေနဲ့ ရန်ကုန်ဒေသခံရခိုင်မိသားစုတွေကို ရန်ကုန်-နိုင်ငံတကာစီးပွားရေးစင်တာ IBC မှာ ပထမဆုံးတွေ့ဆုံခဲ့ပါတယ်။ အပြည့်အစုံ ![]() ပါကစ္စတန်နိုင်ငံအနောက်မြောက်ပိုင်း ပက်ရှ်ဝါမြို့လယ်မှာ အဝေးထိန်းခလုတ်နဲ့ ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၄၀ နီးပါး သေဆုံးခဲ့ပြီး ဒါဟာ တပတ်အတွင်း ၃ ကြိမ်မြောက်လည်း ဖြစ်ပါတယ်။ အပြည့်အစုံ ![]() ရုရှားနိုင်ငံ၊ Arctic ရေနံတူးဖော်ရေးလုပ်ငန်းရှိရာကို အတင်းဝင်ဖို့ ကြိုးစားခဲ့ကြတဲ့ သဘာဝပတ်ဝန်းကျင်စောင့်ရှောက်ရေး တက်ကြွလှုပ်ရှားသူ ၈ ဦးကို ရုရှားတရားရုံးက ထောင်ဒဏ် ၂ လစီ ချမှတ်လိုက်ပါတယ်။ အပြည့်အစုံ ![]() အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၁ ဦးပါ အာကာသယာဉ်မှူး ၆ ဦး သယ်ဆောင်သွားတဲ့ ကုန်တင်အာကာသယာဉ်တစ်စင်း နိုင်ငံတကာအာကာသစခန်းကို ဆင်းသက်သွားလိုက်ပါပြီ။ အပြည့်အစုံ ![]() တကယ်လို့ လွှတ်တော်နှစ်ရပ်စလုံးက တနင်္လာနေ့ည သန်းခေါင်အထိ သဘောတူညီမှုမရဘူးဆိုရင် ပြည်ထောင်စုအစိုးရဝန်ထမ်း ထောင်သောင်းချီဟာ ယာယီအလုပ်နားထားကြရမှာဖြစ်ပြီး အစိုးရလုပ်ငန်း အများအပြားလည်း ရပ်ဆိုင်းသွားရမှာဖြစ်ပါတယ်။ အပြည့်အစုံ ![]() ပါကစ္စတန်အနောက်တောင်ပိုင်းမှာ စနေနေ့က ပြင်းအားကြီးငလျင်ထပ်လှုပ်ခဲ့တာကြောင့် လူပေါင်း ၁၅ ဦး သေဆုံးခဲ့ပါတယ်။ အပြည့်အစုံ ![]() “User ၁၀၀၀ ဆို ၁၀၀၀ ဆီတခါထဲရောက်သွားမယ်၊ အဲဒီကိစ္စတွေက ဘလော့ရှိထားတာထက်စာရင် Facebook က အများကြီးအားသာတယ်” (ကိုထွန်းထွန်း၊ ရိုးရာလေး Website) အပြည့်အစုံ ![]() "နိုင်ငံတနိုင်ငံ တိုးတက်ဖို့အတွက်ဆိုရင် အမျိုးသား၊ အမျိုးသမီး၊ ကလေးသူငယ် ဘက်ပေါင်းစုံက ညီညီညာညာလေးနဲ့ တိုးတက်မှုရှိမှသာ တိုင်းပြည်တိုးတက်နိုင်မယ်။ အမျိုးသားတွေကြီး တိုးတက်နေယုံ၊ ထောင့်တထောင့်က အရမ်းကြီးနေရင်၊ နောက် ထောင့်တထောင့်က အရမ်းသေးနေရင် ကျမတို့ Triangle က လှလည်းမလှဘူး။ Triangle ဆိုတာလည်း ဖြစ်မလာနိုင်ဘူး။ ကျမတို့ အချိုးညီညီနဲ့ အရွယ်အစား ၃ မျိုးစလုံး တိုးတက်ဖို့ လိုတယ်ဆိုတဲ့ နိမိတ်ကလေးနဲ့ ကျမ အဲ့ဒီနာမည်ကို ပေးထားတာပါ။" အပြည့်အစုံ ![]() စက်တင်ဘာ ၂၉၊ ၂၀၁၃ - ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ငြိမ်းချမ်းမှုကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ဖော်ထုတ်ပြောဆိုကြဖို့ CSW အကြီးအကဲ တိုက်တွန်းပြောဆိုထား ... အပြည့်အစုံ |
အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |

Sunday, September 29, 2013
Deadly blast hits Pakistan market
|
Subscribe to:
Posts (Atom)