ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ စက်တင်ဘာလ ၁၇၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ ပီပြင်တဲ့အစိုးရဖော်ဆောင်ရေး ဒေါ်စုဆွေးနွေး "ပီပြင်တဲ့အစိုးရဟာ ပြည်သူလူထုနဲ့ ကင်းကွာတဲ့ အစိုးရမျိုးမဟုတ်ပါဘူး။ ပြည်သူတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးတဲ့ အစိုးရမျိုးဖြစ်ပါတယ်။ ပြည်သူတွေရဲ့ဆန္ဒဟာ ဘယ်လိုရှိသလဲ ဆိုတာကိုလည်း အစိုးရက နားထောင်ဖို့ လိုပါတယ်။ အစိုးရကောင်း ဆိုတဲ့နေရာမှာ ခေါင်းဆောင်မှု ကောင်းဖို့လည်း လိုအပ်တာဖြစ်ပါတယ်" အပြည့်အစုံ မိုးထိမိုးမိရွှေလုပ်သားတွေ ဆန္ဒပြခွင့် ၃ ကြိမ်ပယ်ချခံရ "အဓိကရည်ရွယ်ချက်ကတော့ ဒေသခံ မိုးထိမိုးမိ ရွှေလုပ်သားတွေက သူတို့ရဲ့ မူလအလုပ်အကိုင် ပြန်ရရေးအတွက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်းဖြစ်ပါတယ်။ ရမည်းသင်းမြို့နယ်က လူရှင်းတဲ့ လမ်းကျယ်မှာ စုပြီးတော့ ဆန္ဒဖော်ထုတ်ခွင့်ပြုဖို့ တောင်းဆိုတာပါ။ ၃ ကြိမ်တင်ပါတယ်။ ၃ ကြိမ်စလုံး ပယ်ချခံခဲ့ရပါတယ်" အပြည့်အစုံ သေစေလောက်အောင် အန္တရာယ်မရှိတဲ့ ဓာတုလက်နက် ဆီးရီးယားအတိုက်အခံကိုပေးမည် "လူကို သေစေလောက်အောင် အန္တရာယ်မရှိတဲ့ ဓာတုလက်နက်ပစ္စည်းတချို့ကို ဆီးရီးယားအတိုက်ခံတွေ လက်ထဲထောက်ပံ့ဖို့ သမ္မတ အိုဘားမားက အုပ်ချုပ်ရေးအမိန့်တရပ် တနင်္လာနေ့မှာ လက်မှတ်ရေးထိုးလိုက်ကြောင်း သမ္မတ အိမ်ဖြူတော်က ကြေညာခဲ့ပါတယ်။" အပြည့်အစုံ မယ်ရွေးပွဲ နေရာရွှေ့လို့ အင်ဒိုနီးရှားအစိုးရ ဝေဖန်ခံရ "အင်ဒိုနီးရှားနိုင်ငံမှာ သဘောထား ပြင်းထန်သူ မူဆလင်တွေရဲ့ ဖိအားတွေကြောင့် မယ်ရွေးပွဲ အစီအစဉ်တခုလုံး ဘာလီကျွန်းကို ပြောင်းရွှေ့ပေးလိုက်ရတဲ့အတွက် စိတ်ပျက်မိတဲ့အကြောင်း အင်ဒိုနီးရှား ကမ္ဘာ့မယ်ရွေးပွဲကျင်းပရေးအဖွဲ့က ပြောဆို လိုက်ပါတယ်" အပြည့်အစုံ အမေရိကန်ရေတပ်စခန်းပစ်ခတ်မှု ၁၂ ဦးသေ "၀ါရှင်တန်မြို့တော်က ရေတပ်စခန်းဝန်းထဲကို အထောက်အထား ခိုင်ခိုင်လုံလုံ မပါဘဲ ဘယ်လိုနည်းနဲ့ ၀င်ရောက်နိုင်ခဲ့သလဲ၊ ဘာရည်ရွယ်ချက်နဲ့ တိုက်ခိုက်ခဲ့တာလဲ ဆိုတာတွေနဲ့ ပတ်သက်လို့တော့ မသိရသေးဘူးလို့လည်း ပြောပါတယ်။ မြို့တော်ဝန် Vincent Gray ကတော့ အကြမ်းဖက် တိုက်ခိုက်မှုအဖြစ် ယုံကြည်လောက်တဲ့ အကြောင်းရင်း မတွေ့ရတဲ့အကြောင်း ပြောဆိုခဲ့တာပါ" အပြည့်အစုံ အမေရိကန်ရေတပ်စခန်း ပစ်ခတ်မှုကြောင့် လူသေဆုံးမှုရှိ "CNN ရဲ့ တိုက်ရိုက်ထုတ်လွှင့်ချက်တစ်ခုမှာတော့ သေနတ်သမားလို့ ယူဆရသူဟာ အရပ် ၆ ပေလောက်ရှိတဲ့ လူမည်းတစ်ဦးဖြစ်ပြီး ဂျင်းဘောင်းဘီအမဲ၊ အင်္ကျီအမဲ ၀တ်ထားတယ်လို့ပြောပါတယ်။ ဒဏ်ရာရသူတွေထဲမှာ ရဲတပ်ဖွဲ့ဝင် ၂ ယောက် ပါဝင်တယ်လို့လည်း သတင်းတွေက ပြောပါတယ်" အပြည့်အစုံ ဆီးရီးယားဓာတုလက်နက် တိုက်ခိုက်မှု ခိုင်လုံတဲ့သက်သေ ကုလတွေ့ရှိ "ဆီးရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့လက လူ ရာပေါင်းများစွာ သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုမှာ ဓာတုလက်နက် အမြောက်အများကို အသုံးပြုခဲ့တယ်ဆိုတာ ရှင်းလင်းပြီး ယုံကြည်လောက်တဲ့ အထောက်အထား ရထားပြီလို့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်" အပြည့်အစုံ နိုင်ငံရေးပဋိပက္ခ ဖြေရှင်းဖို့ ကမ္ဘောဒီးယား အဓိကနိုင်ငံရေးပါတီ ၂ ခုဆွေးနွေး "ကမ္ဘောဒီးယားနိုင်ငံမှာ ဖြစ်နေတဲ့ နိုင်ငံရေးအကြမ်းဖက် ပဋိပက္ခတွေကို ဖြေရှင်း အဖြေရှာဖို့ အဓိက အတိုက်အခံပါတီ ခေါင်းဆောင် Sam Rainsy နဲ့ ၀န်ကြီးချုပ် ဟွန်ဆန်တို့ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးနေကြပါတယ်။" အပြည့်အစုံ IAEA နောက်ဆက်တွဲ သဘောတူစာချုပ် မြန်မာလက်မှတ်ရေးထိုးမည် "နောက်ထပ် ထည့်သွင်းမယ့် သဘောတူညီချက်အရ နျူကလီးယားဆိုင်ရာ နေရာတွေလို့ ကြေညာထားတဲ့ နေရာတွေဆီ IAEA စစ်ဆေးရေးမှူးတွေအနေနဲ့ ကြိုတင်အကြောင်း မကြားဘဲ ၀င်ရောက်စစ်ဆေးခွင့် ရလာတော့မှာပါ" အပြည့်အစုံ မြန်မာနိုင်ငံမှာ တာဝန်ယူမှု အပြည့်ရှိတဲ့ အစိုးရ အုပ်ချုပ်ရေး တရပ် လိုအပ်တဲ့ အကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောဆိုတဲ့ အကြောင်း၊ ချင်းပြည်နယ်မှာ သယံဇာတ ရှာဖွေမှုတွေမှာ ပွင့်လင်းမြင်သာမှု ရှိဖို့ ချင်းပါတီတွေတိုက်တွန်း၊ လက်ရွေးစင် ဘော်လီဘော အားကစား သမားဟောင်းကြီးတွေရဲ့ တွေ့ဆုံပွဲ အကြောင်းနဲ့ ထိပ်တန်းရောက် ဆီးရီးယား အရေး စသည် ... အပြည့်အစုံ Rat စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ စက်တင်ဘာ ၁၆၊ ၂၀၁၃ - ဒီတပတ် အီဒီယံအသုံးအနှုန်းများဖြစ်တဲ့ smell a rat, rat on နဲ့ rat race တို့ကို တင်ပြပေးထားပါတယ်။ အပြည့်အစုံ . အပြည့်အစုံ ဒီသတင်းပတ် အမေရိကန်နိုင်ငံရေးမှာ ဗဟိုအစိုးရရဲ့ အသုံးစရိတ်နဲ့ အသုံးစရိတ်လိုငွေပြမှု အကြောင်းအရာတွေ ပြန်ပြီးလွှမ်းမိုးလာနေပါတယ်။ ကိုသိန်းထိုက်ဦးက တင်ပြထားပါတယ်။ အပြည့်အစုံ မြန်မာနိုင်ငံမှာ လာရောက် လုပ်ကိုင်ကြတဲ့ ရင်းနှီးမြုပ်နှံမှု လုပ်ငန်းတွေဟာ ဒေသခံလူထုရဲ့ နှစ်သက် လက်ခံမှုမရှိရင် အောင်မြင်နိုင်မှာ မဟုတ်ဘူးလို့ ချင်းအမျိုးသားတိုးတက်ရေးပါတီဥက္ကဌ ဦးဇိုဇမ်က ပြောပါတယ်။ ချင်းပြည်နယ် တီးတိန်မြို့နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့အကြားမှာရှိတဲ့ မြွေတောင်မှာ တရုတ်ကုမ္ပဏီက သတ္ထုစီမံကိန်းလာရောက်လုပ်ကိုင်မှာနဲ့ ပတ်သက်လို့ ချင်းအမျိုးသား နိုင်ငံရေးပါတီ ၄ ပါတီက ဒေသခံတွေရဲ့ သဘောထားတွေကို သွားရောက်လေ့လာပြီး တွေ့ရှိချက်တွေကို စက်တင်ဘာလ ၁၆ ရက်နေ့က ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ပြောကြားလိုက်တာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုယ်တိုင် သတင်းသွားယူထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။ အပြည့်အစုံ မြန်မာနိုင်ငံမှာ ဒီဇင်ဘာလကျရင် ကျင်းပမယ့် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲမှာ မျိုးဆက်သစ် လူငယ် အားကစား သမားတွေ အနေနဲ့ နိုင်ငံအလံကို ထိပ်ဆုံးက ရှိနေအောင်ကြိုးစားကြဖို့ ၁၉၆၉ မြန်မာနိုင်ငံ ကျွန်းဆွယ် အားကစားပြိုင်ပွဲ ရွှေတံဆိပ်ဆုရှင်တွေက ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ဒုတိယအကြိမ်ကျင်းပခဲ့တဲ့ ၆၉ ကျွန်းဆွယ် အားကစားပြိုင်ပွဲမှာ ရွှေတံဆိပ်ရခဲ့တဲ့ မြန်မာ့လက်ရွေးစင်ဘော်လီဘော ကစားသမားဟောင်းတွေ အမှတ်တရ တွေ့ဆုံပွဲအတွင်း အခုလို ပြောလိုက်တာဖြစ်ပါတယ်။ ကိုရန်နိုင်က ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံ VOA60 World VOA60 World အပြည့်အစုံ VOA60 USA President Obama comments on chemical weapons in Syria during news conference- VOA60 America အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
ပီပြင်တဲ့အစိုးရဖော်ဆောင်ရေး ဒေါ်စုဆွေးနွေး
မိုးထိမိုးမိရွှေလုပ်သားတွေ ဆန္ဒပြခွင့် ၃ ကြိမ်ပယ်ချခံရ
သေစေလောက်အောင် အန္တရာယ်မရှိတဲ့ ဓာတုလက်နက် ဆီးရီးယားအတိုက်အခံကိုပေးမည်
မယ်ရွေးပွဲ နေရာရွှေ့လို့ အင်ဒိုနီးရှားအစိုးရ ဝေဖန်ခံရ
အမေရိကန်ရေတပ်စခန်းပစ်ခတ်မှု ၁၂ ဦးသေ
အမေရိကန်ရေတပ်စခန်း ပစ်ခတ်မှုကြောင့် လူသေဆုံးမှုရှိ
ဆီးရီးယားဓာတုလက်နက် တိုက်ခိုက်မှု ခိုင်လုံတဲ့သက်သေ ကုလတွေ့ရှိ
နိုင်ငံရေးပဋိပက္ခ ဖြေရှင်းဖို့ ကမ္ဘောဒီးယား အဓိကနိုင်ငံရေးပါတီ ၂ ခုဆွေးနွေး
IAEA နောက်ဆက်တွဲ သဘောတူစာချုပ် မြန်မာလက်မှတ်ရေးထိုးမည်
Rat စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ
VOA60 World
VOA60 USA
No comments:
Post a Comment