ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ စက်တင်ဘာလ ၂၉၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ မြန်မာ့မိတ်ဆွေနိုင်ငံများအဖွဲ့ အမည်ပြောင်းမည် မြန်မာ့မိတ်ဆွေနိုင်ငံများအဖွဲ့အမည်ဟာ အစိုးရကို ဖိအားပေးမယ့်သဘောမျိုး သက်ရောက်မှာစိုးရိမ်လို့ မြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက်ပူးပေါင်းကူညီရေးဆိုတဲ့ အမည်မျိုးပြောင်းမယ့်အကြောင်း အစည်းအဝေး တက်ရောက်သူ မြန်မာကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။ အပြည့်အစုံ အစိုးရငြိမ်းချမ်းရေးမူ လက်တွေ့ကျင့်ဖို့ မွန်ခေါင်းဆောင်တိုက်တွန်း မြန်မာနိုင်ငံကို ပြန်လည်တည်ဆောက်ရာမှာ အစိုးရအနေနဲ့ အခြေခံမူတွေကို အပြောနဲ့တင်မဟုတ်ဘဲ လက်တွေ့ဆောင်ရွက်ဖို့ လိုအပ်ကြောင်း မွန်တိုင်းရင်းသားခေါင်းဆောင်တစ်ဦးက ပြောလိုက်ပါတယ်။ အပြည့်အစုံ ဖွဲ့စည်းပုံအရေး ပြည်သူ့ဆန္ဒနားထောင်ဖို့ ဆုံးဖြတ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ်ပြန်ရေးမလား၊ ပြင်ဆင်မလားဆိုတာ ပြည်သူ့သဘောထားကောက်ခံသွားဖို့ NLD ပါတီရုံးချုပ်မှာ ကျင်းပတဲ့အစည်းအဝေးအတွင်း တိုင်းရင်းသားပါတီတွေကလည်း သဘောတူခဲ့ကြပါတယ်။ အပြည့်အစုံ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာအမြင်ပြောင်း နိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင်ဦးဆောင်လာတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်ထဲက တဦးဖြစ်သူ သမ္မတအကြံပေး ဒေါက်တာဇော်ဦးက ကုလနဲ့ ဆက်ဆံရေးတိုးတက်လာတာကြောင့် မြန်မာ့စီးပွားရေးပြောင်းလဲမှုမှာ နိုင်ငံတကာရဲ့အကူအညီ ပိုပြီးအားကောင်းလာကြောင်း ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံ တရုတ်လူကုန်ကူးသူတွေ လက်က ကလေး ၉၂ ဦး ကယ်နိုင် ယူနန်နဲ့ဆီချွမ်ပြည်နယ်တွေကကလေးတွေကို တခြားပြည်နယ်တွေမှာ ပြန်ရောင်းတဲ့ လူမှောင်ခိုကွန်ယက်ကြီးကို ဖြိုခွင်းနိုင်ဖို့ ပြည်နယ် ၁၁ ခုမှာ ရဲတပ်ဖွဲ့တွေ စီမံချက်ချ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အပြည့်အစုံ မယ်ကမ္ဘာပြိုင်ပွဲ ဖိလစ်ပိုင်မယ်အနိုင်ရ အကြမ်းဖက်မှုတွေ ရှိနိုင်တယ်လို့ အန္တရာယ်သတိပေးချက်တွေကြားက ကျင်းပခဲ့တဲ့ ဘာလီကျွန်းက မယ်ကမ္ဘာရွေးပွဲမှာ ဖိလစ်ပိုင်အလှမယ် Megan Young က မယ်ကမ္ဘာဆု ဆွတ်ခူးသွားခဲ့ပါတယ်။ အပြည့်အစုံ ကျန်းမာရေးဥပဒေနဲ့တကွ ဘတ်ဂျက်ကိုအတည်ပြုဖို့ အိုဘားမားတိုက်တွန်း အထက်လွှတ်တော်က အစိုးရရဲ့ ယာယီအသုံးစရိတ်အတိုင်းအတာကို အတည်ပြုပြီးတဲ့နောက် သမ္မတက အောက်လွှတ်တော်က ကျန်းမာရေးစောင့်ရှောက်မှုဥပဒေကို မဖြတ်တောက်ဘဲ အစိုးရအသုံးစရိတ်ချပေးဖို့ တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံ အီရန်သမ္မတနဲ့အိုဘားမား ဖုန်းဆက်စကားပြော နှစ်ပေါင်း ၃၀ ကျော်အတွင်း အမေရိကန်နဲ့အီရန် နှစ်နိုင်ငံခေါင်းဆောင်တွေကြား ပထမဆုံး တိုက်ရိုက်ဆက်သွယ်စကားပြောကြားခဲ့ကြရာမှာ နှစ်ဘက်လုံးက ရှေ့ဆက်သွားနိုင်ဖွယ်ရှိတဲ့ အကြောင်း ကြေညာချက်ထုတ်ပြန်ကြပါတယ်။ အပြည့်အစုံ တပတ်အတွင်း မြန်မာနဲ့ နိုင်ငံတကာ ထိပ်တန်းသတင်းများ။ ဘာသာရေး အစွန်းရောက်မှု ပဋိပက္ခပြဿနာများ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ကမ္ဘာလုံးဆိုင်ရာ ခရစ်ယာန်သွေးစည်းညီညွတ်ရေးအဖွဲ့ (Christian Solidarity Worldwide) အရှေ့ အာရှရေးရာ အကြီးအကဲ Benedict Rogers နဲ့ တွေ့ဆုံမေးမြန်းခန်း။ နိုင်ငံတကာက ထင်ပေါ်ကျော်ကြားသူတွေ နဲ့ အနုပညာရှင်တွေ အကြောင်း စီစဉ်တင်ဆက်ပေးထားတဲ့ သက်တန့်ရောင် သတင်းလွှာ .... အပြည့်အစုံ VOA60 USA President Obama comments on chemical weapons in Syria during news conference- VOA60 America အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
မြန်မာ့မိတ်ဆွေနိုင်ငံများအဖွဲ့ အမည်ပြောင်းမည်
အစိုးရငြိမ်းချမ်းရေးမူ လက်တွေ့ကျင့်ဖို့ မွန်ခေါင်းဆောင်တိုက်တွန်း
ဖွဲ့စည်းပုံအရေး ပြည်သူ့ဆန္ဒနားထောင်ဖို့ ဆုံးဖြတ်
မြန်မာနိုင်ငံအပေါ် နိုင်ငံတကာအမြင်ပြောင်း
တရုတ်လူကုန်ကူးသူတွေ လက်က ကလေး ၉၂ ဦး ကယ်နိုင်
မယ်ကမ္ဘာပြိုင်ပွဲ ဖိလစ်ပိုင်မယ်အနိုင်ရ
ကျန်းမာရေးဥပဒေနဲ့တကွ ဘတ်ဂျက်ကိုအတည်ပြုဖို့ အိုဘားမားတိုက်တွန်း
အီရန်သမ္မတနဲ့အိုဘားမား ဖုန်းဆက်စကားပြော
VOA60 USA
No comments:
Post a Comment