ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ စက်တင်ဘာလ ၁၂၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ အမေရိကန်နဲ့ မြန်မာ ကြက်ခြေနီအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် "ဒါပေမဲ့လည်း ကြက်ခြေနီအသင်း နှစ်ခုအနေနဲ့ ဆက်သွယ်တယ်ဆိုပေမဲ့ အခုလို တရားဝင် လူသိရှင်ကြား လက်မှတ်တွေ ဘာတွေ ထိုးပြီးတော့ လုပ်တယ်ဆိုတဲ့ဟာမျိုးက မပေါ်ခဲ့ဘူး။ ဒါပေမဲ့ နာဂစ်တုန်းကတော့ သူတို့ဆီကနေ ဆရာတို့ကို ကူပါတယ်။ အများကြီးကို ကူခဲ့ပါတယ်။ သူတို့ဆီက ကိုယ်စားလှယ်လွှတ်ပေးတယ်။" အပြည့်အစုံ စိန်ကမ္ဘာအထည်ချုပ်စက်ရုံ ခေတ္တပိတ်လို့ အလုပ်သမားတွေ စိုးရိမ် “အလုပ်သမားတွေကတော့ နည်းနည်းလေး တုန့်လှုပ်တာပေါ့ဗျာ။ အတွေ့အကြုံကလည်း သိပ်မရှိသေးတဲ့အတွက်ကြောင့် ဒီ ကျနော်တို့က အကုန်လုံး တရုံလုံး ချိတ်ပိတ်ပြီးတော့ ဘယ်တော့မှ မဖွင့်တော့ပါဘူးဆိုပြီး ချိတ်ပိတ်ပြီးတော့ လျော်ကြေးပေးရင်တော့ တမျိုးပေါ့ဗျာ။" အပြည့်အစုံ ဒေါ်အောင်ဆန်းစုကြည် ပိုလန်အောက်လွှတ်တော် သွားရောက်လေ့လာ “အောက်လွှတ်တော်အမတ် Ms. Ewa Kopacz အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံ တဲ့အခါ မြန်မာ့ဒီမိုကရေစီရေးအတွက် ပိုလန်နိုင်ငံက ထောက်ခံ အားပေးနေတယ်ဆိုတာ ကို ပြောဆိုဖို့ စီစဉ်ထားပါတယ်။" အပြည့်အစုံ ဒေါ်စု ဥရောပခရီးစဉ် ပိုလန်နဲ့စတင် "ပိုလန်က သူတို့ကလည်း ကွန်မြူနစ်စနစ်ကနေပြီးတော့ ဒီမိုကရေစီကို ပြောင်းသွားတဲ့ အတွေ့အကြုံရှိတယ်။ အဲ့ဒီအတွေ့အကြုံကို သူတို့ကလည်း Share လုပ်ချင်တယ်ပေါ့။ စီးပွားရေးနဲ့ ပိုလန်က ဗမာပြည်မှာ စီးပွားရေးအရ မရှိဘူး။ အခုလောလောဆယ်တော့ မနှစ်ကစတယ်နဲ့တူတယ်။ ဗမာပြည်မှာသွားပြီးတော့ ဒီ Workshop လုပ်တာတွေဘာတွေ ရှိတယ်။ နောက် ပြီးတော့ ဘာလဲ မီဒီယာနဲ့ပတ်သက်ပြီး သင်တန်းပေးတာတွေရှိတယ်။" အပြည့်အစုံ ဖိလစ်ပိုင်စစ်တပ်နဲ့ မူဆလင်သူပုန် တိုက်ပွဲရက်ရှည် "ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းက မြို့တမြို့ရဲ့ အချက်အခြာနေရာတွေကို သိမ်းပိုက်ထားတဲ့ မူဆလင်သူပုန်တွေနဲ့ စစ်တပ်တို့ကြား ၃ ရက်မြောက်နေ့အဖြစ် ဗုဒ္ဓဟူးနေ့က အပြန်အလှန် ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။" အပြည့်အစုံ ဆီးရီးယား ဓာတုလက်နက် ဖျက်သိမ်းရေး ခက်ခဲဖွယ်ရှိ "အမေရိကန် နိုင်ငံခြားရေးဝန်ကြီးကတော့ ဆီးရီးယားရဲ့ ဓာတုလက်နက်တွေ လွှဲပြောင်းပေးရေး အစီအစဉ်နဲ့ ပတ်သက်လို့ သဘောတူညီချက် ရရှိရေးဟာ ခက်ခဲမယ့်အကြောင်း ပြောဆိုထားတာပါ။" အပြည့်အစုံ 9/11 အကြမ်းဖက်တိုက်ခိုက်ခံရမှု ၁၂ နှစ်ပြည့် အမှတ်တရ အခမ်းအနားတွေကျင်းပ "အမေရိကန်သမ္မတ အိုဘားမားနဲ့ အခြား အထင်ကရ ပုဂ္ဂိုလ်တွေဟာလည်း နယူးယောက် ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အဦးကို အပိုင်စီးထားတဲ့ လေယာဉ်နဲ့ ပထမဆုံး ၀င်တိုက်တဲ့အချိန် မနက် ၈ နာရီ ၃၅ မိနစ်မှာ ငြိမ်သက်ပြီး ဂါရ၀ပြုခဲ့ပါတယ်။" အပြည့်အစုံ ဘန်ဂါဇီအမေရိကန်သံရုံး တိုက်ခိုက်ခံရမှု တနှစ်ပြည့် "ဒါနဲ့ပတ်သက်ပြီး ဘယ်လို သုံးသပ် ဆုံးဖြတ်တယ်ဆိုတာကို နားမလည်ဘူးဆိုတာမျိုး အပြောခံဖို့ ကျနော် ဒီမှာ လာထိုင်နေတာ မဟုတ်ပါဘူး။ လူတွေ အဆိပ်ဓာတ်ငွေ့နဲ့ အသတ်ခံရတဲ့ကိစ္စကို ကျနော်တို့က ပြောနေတာဖြစ်ပြီး ခင်ဗျားက ဘန်ဂါဇီအကြောင်း ပြောချင်နေပါတယ်။" အပြည့်အစုံ ဆီးရီးယားအရေး သံတမန်နည်းအရ ဖြေရှင်းဖို့ အိုဘားမားထောက်ခံ “ကြမ်းကြုတ် ရက်စက်တဲ့ လုပ်ရပ်တွေကို အာဏာရှင်တွေက လုပ်တဲ့အခါ အင်မတန် ခြောက်ခြားဖွယ်ကောင်းတဲ့ ပုံတွေ မေ့ပျောက်သွားတဲ့အချိန်အထိ ကမ္ဘာကြီးက မျက်နှာလွှဲသွားကြတာမျိုး သူတို့က ဖြစ်စေချင်ပါတယ်။ ဒီအချက်ကို ငြင်းလို့ မရပါဘူး။ အခု မေးခွန်းထုတ်စရာက အမေရိကန်ပြည်ထောင်စုနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေ နဲ့ ဒီကိစ္စအပေါ် ဘယ်လိုလုပ်ဖို့ ပြင်ဆင်ထားသလဲ ဆိုတာပါ။” အပြည့်အစုံ iPhone အသစ် ၂ မျိုးထွက်ပြီ "ဖုန်းအမျိုးအစားသစ် နှစ်မျိုးထဲက iPhone 5 C ကို အစိမ်း၊ အပြာ၊ အ၀ါ၊ ပန်းရောင်နဲ့ အဖြူ ဒီလိုမျိုး အရောင် ၅ မျိုးနဲ့ ရောင်းချမှာဖြစ်တယ်လို့ Apple က အင်္ဂါနေ့ကပဲ ပြောပါတယ်။" အပြည့်အစုံ ငှက်ဖျားဆေး မတိုးတဲ့ ပြဿနာ စက်တင်ဘာ ၁၁၊ ၂၀၁၃။ ငှက်ဖျားရောဂါ ဆေးမတိုးတဲ့ ပြဿနာ ဘယ်လိုဖြစ်လာရပြီး၊ ပိုဆိုးမသွားအောင် ဘာတွေ ဆောင်ဖို့၊ ရှောင်ဖို့ လိုအပ်ပါသလဲ။ အပြည့်အစုံ ကျေးလက်ပညာရေး ဘယ်လောက်အရေးကြီး စက်တင်ဘာ ၁၁၊ ၂၀၁၃ - မြန်မာနိုင်ငံ ရွှေဘိုနယ်အတွင်း ကျေးလက်ပညာရေး ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းလုပ်ကိုင်ဆောင်ရွက်နေသူ ဆရာဦးသိန်းထွန်းနဲ့ ဆွေးနွေးထား ... အပြည့်အစုံ မြန်မာနိုင်ငံရဲ့ စီးပွားရေး အလားအလာဟာ ၂၀၁၄ ခုနှစ်အတွင်း ဖွံ့ဖြိုးမှု ၆ ဒသမ ၈ အထိ ရှိမယ်လို့ ADB အာရှ ဖွံ့ဖြိုးရေးဘဏ် အရာရှိတွေက ခန့်မှန်းတဲ့ သတင်းနဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပိုလန်နိုင်ငံ ခရီးစဉ်အကြောင်းသတင်းတွေ၊ သမ္မတအိုဘားမားရဲ့ ဆီးရီးယားအရေး ပြောဆိုချက် မိန့်ခွန်းနဲ့၊ စက်တင်ဘာ ၁၁ အကြမ်းဖက်တိုက်ခိုက်မှု နှစ်ပတ်လည် အောင်းမေ့ဘွယ် အခမ်းအနားတွေအကြောင်း သတင်းနဲ့ သတင်းဆောင်းပါးတွေကို ရှု့စားကြရမှာပါ။ အပြည့်အစုံ မြန်မာနိုင်ငံရဲ့ စီးပွားရေး အလားအလာဟာ ၂၀၁၄ ခုနှစ်အတွင်း ဖွံ့ဖြိုးမှု ၆ ဒသမ ၈ အထိ ရှိမယ်လို့ ADB အာရှ ဖွံ့ဖြိုးရေးဘဏ် အရာရှိတွေက ခန့်မှန်းတဲ့ သတင်းနဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပိုလန်နိုင်ငံ ခရီးစဉ်အကြောင်း သတင်းတွေကို ရှု့စားကြရမှာပါ။ အပြည့်အစုံ ဆီးရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့လက ဓါတုလက်နက်သုံးတိုက်ခိုက်မှုပြဿနာကို ဖြေရှင်းဖို့ သံတမန်ရေးနည်းနဲ့ အားထုတ်မှုသစ်အပေါ်မှာ သူ့အနေနဲ့ အားတက်တယ်လို့ အမေရိကန်သမ္မတ Barack Obama ကပြောလိုက်ပါတယ်၊ ဒါပေမဲ့ ဆီးရီးယားကြောင့် အမေရိကန်တို့ စောင့်ထိန်းတဲ့ ကျင့်ဝတ်စံနှုန်းတွေနဲ့ လုံခြုံရေးပိုင်းမှာ ထိခိုက်နိုင်တဲ့ အန္တရာယ်တွေကတော့ ရှိနေတယ်ဆိုပြီး အင်္ဂါနေ့ညတုန်းက အမေရိကန်ပြည်သူတွေကို ရုပ်မြင်သံကြားကနေ ပြောကြားတဲ့မိန့်ခွန်းမှာ သမ္မတအိုဘားမားက ပြောခဲ့ပါတယ်၊ စစ်ရေးအရ အကန့်အသတ်နဲ့ အရေးယူဖို့အတွက်ထောက်ခံ မခံဆိုတာကို လွှတ်တော်မှာ နောက်ကျရင် မဲခွဲဖို့ လိုအပ်ဆဲဖြစ်တယ်လို့လည်း သမ္မတအိုဘားမားပြောခဲ့ပါတယ်။ အိမ်ဖြူတော်ဆိုင်ရာ VOA သတင်းထောက် Dan Robinson သတင်းပို့ထားတာကို မစုမြတ်မွန်က အပြည့်အစုံတင်ပြပါမယ်၊ အပြည့်အစုံ မနေ့က စက်တင်ဘာလ ၁၁ ရက်နေ့ဟာ လစ်ဗျားနိုင်ငံ၊ ဘန်ဂါဇီမြို့က အမေရိကန်ကောင်စစ်ဝန်ရုံးကို တိုက်ခိုက်ခံခဲ့ရတဲ့ တစ်နှစ်မြောက်နေ့ ဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် အမေရိကန်သံအမတ် Chris Stevens အပါအ၀င် အမေရိကန်နိုင်ငံသားလေးဦး သေဆုံး ခဲ့ရပါတယ်။ ဘန်ဂါဇီဖြစ်ရပ်ဟာ ဆီးရီးယားကို စစ်ရေးအရ အရေးယူဖို့ သမ္မတအိုဘားမားအစိုးရက တွန်းအားပေးနေတဲ့အပေါ် ဘယ်လိုသက်ရောက်မှုရှိသလည်း ဆိုတာနဲ့ပတ်သက်ပြီး ဗွီအိုအေရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနဆိုင်ရာ သတင်းထောက် Scott Stearns က သတင်းပေးပို့ထားပါတယ်။ ကိုကျော်ကျော်သိန်းက အပြည့်အစုံပြောပြပါမယ်။ အပြည့်အစုံ ၂၀၀၁ ခုနှစ် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ကုန်သွယ်ရေး မိုးမျှော်တိုက်ညီနောင်ကြီးကို အကြမ်းဖက်သမားတွေ လေယဉ်ပျံပေးဆွဲ တိုက်ခိုက်ခဲ့တဲ အဖြစ်အပျက်ဟာ မနေ့က ၁၂ နှစ် ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ အမေရိကန် တ၀ှမ်းကျင်းပတဲ့ နှစ်ပတ်လည် အခမ်းအနားတွေအကြောင်း မသိဂီ င်္ထိုက်က စုစည်းတင်ပြပါလိမ့်မယ်။ အပြည့်အစုံ ၂၀၀၁ ခုနှစ် အမေရိကန်ပြည်ထောင်စု နယူးယောက်ခ်မြို့ ကုန်သွယ်ရေး မိုးမျှော်တိုက်ညီနောင်ကြီးကို အကြမ်းဖက်သမားတွေ လေယဉ်ပျံပေးဆွဲ တိုက်ခိုက်ခဲ့တဲ အဖြစ်အပျက်ဟာ မနေ့က ၁၂ နှစ် ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီ အကြမ်းဖက် တိုက်ခိုက်မှုကြီးကြောင့် သေဆုံးခဲ့သူတွေအတွက် အောင်းမေ့ဘွယ် အမှတ်တရ ပြတိုက် ရှေ့နှစ်မှာ ဖွင့်လှစ်မှာဖြစ်ပါတယ်။ တိုက်ခိုက်မှုကြီး ဖြစ်ပွားခဲ့ချိန်က အဆောက်အဦး အောက်ဆုံးအလွှာမှာ ရှိနေခဲ့တဲ့ ကယ်ဆယ်ရေး စေတနာဝန်ထမ်း လုပ်ဆောင်ခဲ့သူတွေရဲ့ ပစ္စည်းတချို့ကို ပြန်ရှာတွေခဲ့တဲ့အကြောင်းတွေနဲ့အတူ၊ အမှတ်တရ ပြတိုက်အကြောင်း VOA သတင်းထောက် Adam Phillips ရဲ့ သတင်းပေးပို့ချက်အကြောင်း ကိုအောင်အောင် က တင်ပြပေးပါလိမ့်မယ်။ အပြည့်အစုံ သဘာဝ ဘေးအန္တရယ်တွေအကြား ကယ်ဆယ်ရေးနဲ့ ကူညီထောက်ပံ့ရေးလုပ်ငန်းတွေ တိုးမြှင့်ဆောင်ရွက်ရေးအတွက် အမေရိကန် ကြက်ခြေနီအဖွဲ့နဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့ သဘောတူလိုက်ကြပါတယ်။ မနေ့က ရန်ကုန်မြို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းရုံးခွဲမှာ လက်မှတ်ရေးထိုးပွဲ ကျင်းပခဲ့တာပါ။ ကိုဇော်ဝင်းလှိုင်က သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံ VOA60 World VOA60 World အပြည့်အစုံ VOA60 USA President Obama comments on chemical weapons in Syria during news conference- VOA60 America အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
အမေရိကန်နဲ့ မြန်မာ ကြက်ခြေနီအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်
စိန်ကမ္ဘာအထည်ချုပ်စက်ရုံ ခေတ္တပိတ်လို့ အလုပ်သမားတွေ စိုးရိမ်
ဒေါ်အောင်ဆန်းစုကြည် ပိုလန်အောက်လွှတ်တော် သွားရောက်လေ့လာ
ဒေါ်စု ဥရောပခရီးစဉ် ပိုလန်နဲ့စတင်
ဖိလစ်ပိုင်စစ်တပ်နဲ့ မူဆလင်သူပုန် တိုက်ပွဲရက်ရှည်
ဆီးရီးယား ဓာတုလက်နက် ဖျက်သိမ်းရေး ခက်ခဲဖွယ်ရှိ
9/11 အကြမ်းဖက်တိုက်ခိုက်ခံရမှု ၁၂ နှစ်ပြည့် အမှတ်တရ အခမ်းအနားတွေကျင်းပ
ဘန်ဂါဇီအမေရိကန်သံရုံး တိုက်ခိုက်ခံရမှု တနှစ်ပြည့်
ဆီးရီးယားအရေး သံတမန်နည်းအရ ဖြေရှင်းဖို့ အိုဘားမားထောက်ခံ
iPhone အသစ် ၂ မျိုးထွက်ပြီ
ငှက်ဖျားဆေး မတိုးတဲ့ ပြဿနာ
ကျေးလက်ပညာရေး ဘယ်လောက်အရေးကြီး
VOA60 World
VOA60 USA
No comments:
Post a Comment