ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ စက်တင်ဘာလ ၀၉၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ တနိုင်ငံလုံးအပစ်ရပ်ရေး အလှမ်းဝေးဆဲဟု UNFC သုံးသပ် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီအဖွဲ့နဲ့ ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီတို့ ချင်းမိုင်မြို့မှာ တွေ့ဆုံပြီး နိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။ အပြည့်အစုံ ပြုပြင်ပြောင်းလဲရေးမှာ စီးပွားရေးသော့ချက်ကျဟု ဦးရွှေမန်းဆို ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ နိုင်ငံရေးသက်သက် ပြောင်းလဲရုံနဲ့ မလုံလောက်ဘဲ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအရ ဟန်ချက်ညီညီ ပြောင်းလဲနိုင်ဖို့ လိုအပ်တယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောပါတယ်။ အပြည့်အစုံ အိုလံပစ်မှာ နပမ်းပွဲတွေ ပြန်လည်ခွင့်ပြု ၂၀၂၀ ခုနှစ်၊ ဂျပန်နိုင်ငံမှာကျင်းပမယ့် အိုလံပစ်ပွဲတော်မှာ နပမ်းပွဲတွေ ပြန်လည်ထည့်သွင်းဖို့ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီက မဲခွဲဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။ အပြည့်အစုံ အကြွေးပြဿနာ ထိုင်းစီးပွားရေးရိုက်ခတ် ထိုင်းနိုင်ငံမှာ စီးပွားရေးကျဆင်းလာတဲ့အကြောင်းဟာ ကုန်ပစ္စည်းကို လူကြိုက်များအောင်မက်လုံးပေးတဲ့အစီအစဉ်တွေကြောင့်ဖြစ်တဲ့အကြောင်း စီးပွားရေးကျွမ်းကျင်သူတွေက ထောက်ပြနေကြပါတယ်။ အပြည့်အစုံ ဆီးရီးယားအဆိပ်ငွေ့သုံးမှု ကမ္ဘာ့စည်းချိုးဖေါက်ခြင်းဖြစ် ဆီးရီးယားအစိုးရကိုဆန့်ကျင်သူတွေ အဓိကနေထိုင်ရာ ဒမတ်စကပ်မြို့ကို တိုက်ခိုက်ရာမှာ ကလေး ၄၀၀ ကျော်အပါအဝင် လူပေါင်း ၁၄၀၀ ကျော် သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုဟာ နိုင်ငံတကာတားမြစ်ထားတဲ့စည်းကို ကျော်တာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က ပြောပါတယ်။ အပြည့်အစုံ ကမ္ဘောဒီးယား အတိုက်အခံ ရွေးကောက်ပွဲ ရလဒ် ကန့်ကွက် ကမ္ဘောဒီးယားရဲ့ အငြင်းပွားစရာဖြစ်ခဲ့တဲ့ ဂျူလိုင်လရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် Hun Sen ရဲ့ လက်ရှိ အာဏာရပါတီက အနိုင်ရကြောင်း ကြေညာခဲ့ပြီးနောက်မှာ လွှတ်တော်အဖွင့် အစည်းအဝေးပွဲကို သပိတ်မှောက်မယ်လို့ အတိုက်အခံတွေဘက်က ပြောလိုက်ပါတယ်။ အပြည့်အစုံ ၂၀၂၀ အိုလံပစ်ပွဲတော် တိုကျိုမှာ ကျင်းပမည် သက္ကရာဇ် ၂၀၂၀ မှာကျင်းပမယ့် နွေရာသီအိုလံပစ်အားကစားပွဲတော်ကို အိမ်ရှင်အဖြစ်ကျင်းပပေးဖို့ ယှဉ်ပြိုင်တာမှာ တိုကျိုက အစ္စတန်ဘူလ်နဲ့ မက်ဒရစ်တို့ကို အနိုင်ရသွားပါတယ်။ အပြည့်အစုံ လရဲ့လေထုလေ့လာမယ့် စက်ရုပ် NASA ထပ်လွှတ် အမေရိကန်အာကာသအေဂျင်စီရဲ့ လကမ္ဘာလေ့လာရေးစီမံကိန်းအရ လပေါ်က လေနဲ့ သဘာဝပတ်ဝန်းကျင်လေ့လာဖို့အတွက် လူမပါဘဲ စက်ရုပ်တရုပ်တင်ဆောင်ထားတဲ့ ဒုံးကျည်တစ်စင်းကို လွှတ်တင်လိုက်ပါတယ်။ အပြည့်အစုံ ဘလော့ဂါနေ့ ဆွေးနွေးပွဲ “နယ်တွေမှာ အခုဖြစ်နေတဲ့ လှုံ့ဆော်မှုတွေကို ပိုပြီးလုပ်ရလွယ်သွားမလား စိုးရိမ်တယ်ဆိုတာမျိုးတွေ အပြန်အလှန် ဆွေးနွေးကြတယ်” (Blogger ကိုနေဘုန်းလတ်) အပြည့်အစုံ လတ်တလော အိန္ဒိယ-မြန်မာ ဆက်ဆံရေး စက်တင်ဘာ ၈၊ ၂၀၁၃ - လက်ရှိ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ဆက်ဆံရေးအခြေအနေ ပတ်သက်ပြီး ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာအစီအစဉ်မှာ ဆွေးနွေးထားပါတယ် ... အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
တနိုင်ငံလုံးအပစ်ရပ်ရေး အလှမ်းဝေးဆဲဟု UNFC သုံးသပ်
ပြုပြင်ပြောင်းလဲရေးမှာ စီးပွားရေးသော့ချက်ကျဟု ဦးရွှေမန်းဆို
အိုလံပစ်မှာ နပမ်းပွဲတွေ ပြန်လည်ခွင့်ပြု
အကြွေးပြဿနာ ထိုင်းစီးပွားရေးရိုက်ခတ်
ဆီးရီးယားအဆိပ်ငွေ့သုံးမှု ကမ္ဘာ့စည်းချိုးဖေါက်ခြင်းဖြစ်
ကမ္ဘောဒီးယား အတိုက်အခံ ရွေးကောက်ပွဲ ရလဒ် ကန့်ကွက်
၂၀၂၀ အိုလံပစ်ပွဲတော် တိုကျိုမှာ ကျင်းပမည်
လရဲ့လေထုလေ့လာမယ့် စက်ရုပ် NASA ထပ်လွှတ်
ဘလော့ဂါနေ့ ဆွေးနွေးပွဲ
လတ်တလော အိန္ဒိယ-မြန်မာ ဆက်ဆံရေး
No comments:
Post a Comment