ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ စက်တင်ဘာလ ၂၄၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ မြန်မာလူမှုအဖွဲ့အစည်းတွေ အခက်အခဲကြုံဆဲ “နိုင်ငံတကာရဲ့ နိုင်ငံရေးအရ အားပေးမှုတွေဟာလည်း အလွန် အရေးပါခဲ့ပါတယ်။ တခါတလေမှာ နိုင်ငံတကာ သံတမန်ရေးအရ ပူးပေါင်းကူညီမှုတွေနဲ့ ဆုပေးဒဏ်ပေး သဘောမျိုး ဆောင်ရွက်ချက်တွေဟာ ငွေကြေးထောက်ပံ့မှုတွေထက်တောင် ပိုပြီး ထိရောက်ခဲ့ပါတယ်။" အပြည့်အစုံ ဖွဲ့စည်းပုံ မပြင်နိုင်ရင် ပြဿနာတက်မည် “ကျမအနေနဲ့ ယုံကြည်မှု အခိုင်အမာနဲ့ ပြောနိုင်တာကတော့၊ တကယ်လို့သာ အခြေခံ ဥပဒေကို ၂၀၁၅ ခုနှစ် မတိုင်မီမှာ မပြင်နိုင်ဘူး၊ ပြင်စရာရှိတာတွေကို အချိန်မီ မလုပ်နိုင်ဘူး ဆိုရင်တော့၊ ပြဿနာတွေကတော့ ပိုများလာပါလိမ့်မယ်။” အပြည့်အစုံ Hong Shin စက်ရုံ အလုပ်သမားပြဿနာ ပြေလည်မှုရ "အကုန်လုံး ညှိနှိုင်းလို့ ပြီးသွားပြီလေ။ စာချုပ်ချုပ်ပြီးပြီလေ။ စက်ရုံက လုံးဝ အပြီး ပိတ်လိုက်ရတယ်။ အပြီးပိတ်လိုက်တော့ ပိုင်ရှင်ကနေပြီးတော့ ကိုယ်တိုင်ကြေညာပေးရင် သူတို့ လက်ခံမယ်ပေါ့နော်။ အဲ့ဒီသဘောပဲ။" အပြည့်အစုံ လူ့အဖွဲ့အစည်း စွမ်းအင်မြှင့်တင်ရေး အဆင့်မြင့်စည်းဝေး မြန်မာပါဝင်ဆွေးနွေး "ကျမကို အဲ့ဒီမှာ ၅ မိနစ်ပေါ့ ပြောခွင့်ပေးထားပါတယ်။ အဲ့လိုပြောခွင့်ပေးတဲ့အခါမှာ ကျမကတော့ အဓိကကတော့ နိုင်ငံတကာ အဖွဲ့အစည်းကနေ ကျမတို့ အရပ်ဖက် လူ့အဖွဲ့အစည်းတွေအတွက်ကို Policy ပိုင်းဆိုင်ရာနဲ့ ဘယ်လို အကူအညီပေးနိုင်တယ် ဆိုတဲ့ဟာလေးကို ကျမ အဓိကထားပြီးတော့ ပြောမှာပါ။” အပြည့်အစုံ အာရှ-ပစိဖိတ်မှာ ကလေးလုပ်သား ၇၇ သန်း အသုံးပြု "ရန်ကုန်မြို့တမြို့ထဲမှာဆို ၅ သောင်း လောက်ရှိနိုင်တယ်။ တဖက်ကတော့ ဥပဒေအရ ဖမ်းလို့မရဘူးဆိုပေမဲ့ ကလေးတွေရဲ့ လူမှုဘ၀အခြေအနေအရကိုက မိသားစုရဲ့ စားဝတ်နေရေး အကျပ်အတည်းတွေကြောင့် အဲလိုလုပ်ငန်းတွေမှာ လုပ်နေရတဲ့ ကလေးတွေက အများကြီးပဲ" အပြည့်အစုံ ကင်ညာကုန်တိုက် ဓားစာခံအားလုံး လွတ်မြောက် "ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တော်က အဆင်မြင့် ကုန်တိုက်ကြီးထဲမှာ အစ္စလာမ်အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ ဖမ်းဆီးခြင်း ခံထားရတဲ့ ဓားစာခံတွေ အားလုံး လွတ်မြောက်စေခဲ့ပြီး အခြေအနေကို စစ်တပ်က အပြည့်အဝ ထိန်းထားနိုင်လိုက်ပြီလို့ ကင်ညာအရာရှိတွေက ပြောကြားပါတယ်။" အပြည့်အစုံ ဂျာမဏီဝန်ကြီးချုပ် Merkel ပါတီ ရွေးကောက်ပွဲအနိုင်ရ "မစ္စ Merkel အနေနဲ့ မဲအရေအတွက် ၂၆ ရာခိုင်နှုန်း အနိုင်ရခဲ့တဲ့ Social Democrats ပါတီနဲ့ ညွန့်ပေါင်းဖွဲ့ဖို့ လုပ်ရတော့မှာ ဖြစ်ပါတယ်။" အပြည့်အစုံ ကင်ညာကုန်တိုက် ဓားစာခံအများစုကို ကယ်တင်နိုင် "ကုန်တိုက်ရဲ့ အထပ်တိုင်းကို ကင်ညာစစ်တပ်က ထိန်းသိမ်းထားပြီဖြစ်ပြီး ကျန်နေသေးတဲ့ ဓားစာခံတွေထဲက အများစုကို ကယ်တင်လိုက်နိုင်ပြီလို့ ဒီကနေ့လုပ်တဲ့ သတင်းစာရှင်းလင်းပွဲတခုအတွင်း ကင်ညာပြည်ထဲရေးဝန်ကြီး Joseph Ole Lenku က ပြောပါတယ်။" အပြည့်အစုံ ပါကစ္စတန် ခရစ်ယာန် ဘုရားကျောင်း အသေခံဗုံးခွဲမှု ၇၈ ဦးသေဆုံး All Saints Church ဗုံးခွဲတိုက်ခိုက်မှုကို ပါကစ္စတန်-တာလီဘန်တွေက တို့လက်ချက်လို့ ကြေညာပြီး အမေရိကန်က အဝေးထိန်းမောင်းသူမဲ့ ဒုံးလက်နက်တွေနဲ့ တိုက်ခိုက်တာ မရပ်မချင်း မူဆလင်မဟုတ်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်သွားမယ်လို့ ကြုံးဝါးနေပါတယ်။ အပြည့်အစုံ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၂၀၁၅ မတိုင်ခင် မပြောင်းလဲနိုင်ဘူးဆိုရင် ပြသနာတွေ ကြီးထွားလာနိုင်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြောဆိုလိုက်တဲ့သတင်း၊ ရန်ကုန်မြို့တော်ခမ်းမရှေ့မှာ သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့တဲ့ ဟုန်ရှင်း အအေးခန်း စက်ရုံ အလုပ်သမားတွေရဲ့ အခြေအနေနဲ့ ဒီသတင်းပတ် အမေရိကန်နိုင်ငံရေး စသည် ... အပြည့်အစုံ House စကားလုံး အီဒီယံ အသုံးအနှုန်းများ စက်တင်ဘာ ၂၃၊ ၂၀၁၃ - ဒီတပတ် အီဒီယံအသုံးအနှုန်းများဖြစ်တဲ့ put your house in order နဲ့ to clean house တို့ကို တင်ပြပေးထားပါတယ်။ အပြည့်အစုံ အစိုးရတွေရဲ့ တာဝန်ခံမှုကို ဖိအားပေးနိုင်ဖို့နဲ့ ပြည်သူတွေရဲ့ နေ့စဉ်ဘ၀ အခက်အခဲတွေကို ဖြေရှင်းရေးအတွက် အရပ်ဖက် လူ့အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍ အရေးကြီးတဲ့အကြောင်း မြန်မာနိုင်ငံ အမျိုးသမီး စွမ်းဆောင်ရည်မြှင့်တင်ရေးအဖွဲ့က မခင်လေးက မနေ့က နယူးယောက်မြို့မှာ ကျင်းပတဲ့ နိုင်ငံတကာအရပ်ဖက် လူ့အဖွဲ့အစည်း ဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲမှာ ပြောဆိုပါတယ်။ ၆၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ မကျင်းပခင် တရက်အလို၊ အမေရိကန်ပြည်ထောင်စု နယူးယောက်ခ်မြို့မှာ သမ္မတအိုဘားမားက နိုင်ငံတကာ အရပ်ဖက် လူ့အဖွဲ့အစည်း အထောက်အကူပေးရေး တိုးမြှင့်လုပ်ဆောင်ဖို့ အဆင့်မြင့် ဆွေးနွေးပွဲတရပ်ကို တာဝန်ယူ ကျင်းပခဲ့တာဖြစ်ပါတယ်။ အပြည့်အစုံ ဒီသတင်းပတ် အမေရိကန် နိုင်ငံရေးမှာ အဓိက လွှမ်းမိုးတဲ့အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ကိုသိန်းထိုက်ဦးက တင်ပြပါလိမ့်မယ်။ အပြည့်အစုံ ၂၀၁၃ ခုနှစ်စက်တင်ဘာလ ၂၄ ရက်အင်္ဂါနေ့ မြန်မာနိုင်ငံဆိုင်ရာသတင်းများကို စုစည်းတင်ဆက်ထားပါတယ်။ အပြည့်အစုံ အရှေ့တောင်အာရှအပါအ၀င် မြန်မာနိုင်ငံမှာပါ ဒုတိယအမြင့်ဆုံးတောင်ဖြစ်တဲ့ ဂမ်လန်ရာဇီ (Gamlang Razi) တောင်ကို မြန်မာ - အမေရိကန် ချစ်ကြည်ရေးတောင်တက်အဖွဲ့က ပထမဆုံးအကြိမ်အဖြစ် အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ကြပါတယ်။ အဲဒီ ချစ်ကြည်ရေး တောင်တက်အဖွဲ့က သူတို့ ဂမ်လန်ရာဇီတောင် တက်ခဲ့ရတဲ့ အတွေ့အကြုံတွေကို သြဂုတ်လ ၂၃ ရက်နေ့က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ် ရှင်းပြခဲ့ကြပါတယ်။ အပြည့်အစုံကိုတော့ သတင်းစာရှင်းလင်းပွဲမှာ ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။ အပြည့်အစုံ အလုပ်ရှင်က အလုပ်သမားတွေကို အသိပေး အကြောင်းကြားခြင်းမရှိပဲ ရုတ်တရက် စက်ရုံပိတ်ပစ်ဖို့ စီစဉ်တာကို ကန့်ကွက်တဲ့အနေနဲ့ ရန်ကုန်မြို့ မြို့တော်ခမ်းမရှေ့မှာ သြဂုတ်လ ၂၂ ရက်နေ့ နေ့လည်ပိုင်းကတည်းက ဆန္ဒပြနေကြတဲ့ ဟုန်ရှင်း အအေးခန်း အလုပ်သမားတွေနဲ့ အလုပ်ရှင်အကြား အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူတွေ ကြားဝင်ဆောင်ရွက်ပေးမှုကြောင့် အခု ပြေလည်သွားပြီဖြစ်ပါတယ်။ နှစ်ဖက် ပြေလည်မှု ရသွားပြီဖြစ်တဲ့အတွက် အလုပ်သမားတွေက သူတို့ရဲ့သပိတ်စခန်းကို ပြန်လည် ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံ ပြောင်းလဲလာတဲ့ မြန်မာ့နိုင်ငံရေး နောက်ဆက်တွဲ အခြေအနေတရပ်အနေနဲ့ မြန်မာနိုင်ငံတွင်းမှာ နိုင်ငံရပ်ခြားက စီးပွားရေး လုပ်ငန်းတွေ စတင်ပြီး ရင်းနှီးမြှပ်နှံလာကြပြီဖြစ်ပါတယ်။ အခုနောက်ဆုံး ရင်နှီးမြှပ်နှံမှု လုပ်လာတာကတော့ မော်တော်ကား ထုတ်လုပ်တဲ့ လုပ်ငန်းမှာပါ။ မော်တော်ကား ထုတ်လုပ်ရေး လုပ်ငန်းနဲ့ ရင်းနှီးမြုတ်နှံသူတွေရဲ့ မျှော်လင့်ချက်တွေအကြောင်း ရိုက်တာ သတင်းဌာနရဲ့ သတင်းပေးပို့ချက်ကို ကိုအောင်အောင် က တင်ပြပါလိမ့်မယ်။ အပြည့်အစုံ VOA60 USA President Obama comments on chemical weapons in Syria during news conference- VOA60 America အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
မြန်မာလူမှုအဖွဲ့အစည်းတွေ အခက်အခဲကြုံဆဲ
ဖွဲ့စည်းပုံ မပြင်နိုင်ရင် ပြဿနာတက်မည်
Hong Shin စက်ရုံ အလုပ်သမားပြဿနာ ပြေလည်မှုရ
လူ့အဖွဲ့အစည်း စွမ်းအင်မြှင့်တင်ရေး အဆင့်မြင့်စည်းဝေး မြန်မာပါဝင်ဆွေးနွေး
အာရှ-ပစိဖိတ်မှာ ကလေးလုပ်သား ၇၇ သန်း အသုံးပြု
ကင်ညာကုန်တိုက် ဓားစာခံအားလုံး လွတ်မြောက်
ဂျာမဏီဝန်ကြီးချုပ် Merkel ပါတီ ရွေးကောက်ပွဲအနိုင်ရ
ကင်ညာကုန်တိုက် ဓားစာခံအများစုကို ကယ်တင်နိုင်
ပါကစ္စတန် ခရစ်ယာန် ဘုရားကျောင်း အသေခံဗုံးခွဲမှု ၇၈ ဦးသေဆုံး
House စကားလုံး အီဒီယံ အသုံးအနှုန်းများ
VOA60 USA
No comments:
Post a Comment