ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ စက်တင်ဘာလ ၁၀၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
၇၄ နှစ်မြောက် ဦးဥတ္တမနေ့ ရန်ကုန်လူထု ထောင်ချီတက်ရောက် "ရခိုင်အသင်းအဖွဲ့ ကိုယ်စားလှယ်တယောက်အနေနဲ့ အထူးပဲ ၀မ်းသာ ၀မ်းမြောက်မိပါတယ်။ ပြန်ပြီးတော့ ကျင်းပခွင့်ရတယ်ဆိုတာက ကျနော်တို့ ဒီမိုကရေစီလမ်းကြောင်းကို ပီပီပြင်ပြင်သွားနေတယ်၊ ဒီမိုကရေစီကို ဖော်ဆောင်နေတယ်ဆိုတဲ့ အထိမ်းအမှတ် အနေအထားတစ်ခု ဖြစ်တဲ့အတွက်ကြောင့် ဒါဟာ ထူးခြားတဲ့ ပြောင်းလဲမှုတစ်ခုဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်။" အပြည့်အစုံ မြန်မာနိုင်ငံမှာ ကလေးစစ်သား ပြဿနာရှိနေဆဲ "အဓိက စိန်ခေါ်နေတဲ့အချက်က ကလေးစစ်သားတွေနဲ့ပတ်သက်လို့ ကျမတို့ အတိအကျ စုံစမ်းမေးမြန်းခွင့် ရဖို့ အချက်ပါ။ သူတို့ ဘယ်မှာလဲ။ သူတို့ စာရင်းဝင်ထားလား။ သူတို့ စုဆောင်းခံထားရတဲ့ စစ်တပ်တွေကနေ စနစ်တကျ ပြန်လွတ်နိုင်အောင် လုပ်ပေးဖို့ လိုပါတယ်။ ဒါမှသာ..." အပြည့်အစုံ အလုပ်သမားအရေး ဖြေရှင်းဖို့ မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ မလေးရှားရောက် "မြန်မာနိုင်ငံသားတွေ ပြန်ပို့ဖို့ကိစ္စကိုလည်းညှိနှိုင်း ဆွေးနွေးမယ်။ ဆွေးနွေးမယ်ဆိုတာက မြန်မာနိုင်ငံသား မှန်သလား၊ မမှန်သလား ဆိုတာကို လ၀ကနဲ့ ပြည်ထဲရေးကနေပြီးတော့ သူတို့ စိစစ်မယ်။” အပြည့်အစုံ အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ ALP ရခိုင်ပါတီတို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြေလည်မှုမရ “အဆင်မပြေဘူး။ အဆင်မပြေဘူး။ ကျနော်မြင်တာက သူတို့က ဘယ်လိုပြောမလဲ။ ပွင့်လင်းမှုမရှိဘူးဗျာ။ ကျနော့်အဖွဲ့ကို ဘယ်လိုပုံစံမျိုး၊ ဘာကြောင့်လုပ်ထားသလဲ ဆိုတာကို ကျနော်လည်း ချက်ခြင်းတော့ ခန့်မှန်းလို့ မရဘူး။ ယေဘုယျပြောနေတာက တော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မယ်ဆိုတဲ့ အနေအထားက ဖြစ်မှဖြစ်ပါ့မလား။ အဲ့လိုပုံစံမျိုး မြင်မိပါတယ်။” အပြည့်အစုံ ဆီးရီးယားအရေး သံတမန်နည်း အိုဘားမား ပိုနှစ်သက် "အမေရိကန်ရဲ့ စစ်ရေးအရ အရေးယူမယ့် အစီအစဉ်ကို ရှောင်ရှားနိုင်ဖို့ ဆီးရီးယားရဲ့ ဓာတုလက်နက်တွေကို နိုင်ငံတကာ ထိန်းချုပ်မှုအောက် ထားရှိရေး ရုရှားနိုင်ငံရဲ့ အဆိုပြုချက်ဟာ ဖြစ်နိုင်ချေရှိတဲ့ နည်းလမ်းတခု ဖြစ်နိုင်ကြောင်းလည်း သမ္မတ အိုဘားမားက" အပြည့်အစုံ အင်တာနက်မှာ ကောလဟာလဖြန့်သူ ထောင် ၃ နှစ် "တရုတ်အစိုးရက အသစ်ထုတ်ပြန်လိုက်တဲ့ ညွှန်ကြားချက်အရ အင်တာနက် အွန်လိုင်းပေါ်မှာ တာဝန်မဲ့ ရေးသားဖော်ပြချက်အဖြစ် တွေ့ရှိရင် ထောင်ဒဏ် ၃ နှစ်အထိ အပြစ်ပေးခံရတော့မှာ ဖြစ်ပါတယ်။" အပြည့်အစုံ ဓာတုလက်နက်တွေ အပ်နှံဖို့ ဆီးရီးယားကို အမေရိကန်တောင်းဆို "ဆီးရီးယားအစိုးရဟာ ဓာတုလက်နက်တွေကို အသုံးပြုခဲ့တယ်ဆိုတဲ့အပေါ် တုံ့ပြန်အရေးယူတဲ့ စစ်ရေးတိုက်ခိုက်မှုကို သမ္မတ ဘာရှာ အယ်လ် အာဆတ်အနေနဲ့ ရှောင်ရှားချင်တယ်ဆိုရင် ဒီသီတင်းပတ်မကုန်ခင် သူ့ရဲ့ ဓာတုလက်နက်တွေ အကုန်လုံးကို လွှဲပြောင်းပေးအပ်သင့်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ က ပြောလိုက်ပါတယ်။" အပြည့်အစုံ မြောက်ကိုရီးယား ၆၅ နှစ်မြောက် အမျိုးသားနေ့ စစ်အင်အားပြ "ပြုံယမ်းမြို့တော်ရဲ့ အဓိက ရင်ပြင်တလျှောက်မှာ ထောင်ပေါင်းများစွာသော တပ်ဖွဲ့တွေနဲ့ စစ်လက်နက် ပစ္စည်းတွေ ချီတက် စစ်ရေးပြတာကို မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က ဂုဏ်ပြုခံစင်မြင့်ကနေ ကြည့်ရှုခဲ့ပါတယ်။" အပြည့်အစုံ အိုလံပစ်မှာ နပမ်းပွဲတွေ ပြန်လည်ခွင့်ပြု ၂၀၂၀ ခုနှစ်၊ ဂျပန်နိုင်ငံမှာကျင်းပမယ့် အိုလံပစ်ပွဲတော်မှာ နပမ်းပွဲတွေ ပြန်လည်ထည့်သွင်းဖို့ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီက မဲခွဲဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။ အပြည့်အစုံ မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မီတီနဲ့ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ အကြား မနေ့က ကျင်းပတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု အခြေအနေ၊ ရန်ကုန်တိုင်းဒေသကြီးနဲ့ ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီးဌာန အစီအစဉ်နဲ့ ရန်ကုန်မှာ ကျင်းပတဲ့ ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနား အကြောင်း သတင်းတွေနဲ့အတူ ဆီးရီးယားကို ထိုးစစ်ဆင်ရေး မဆင်ရေး ဆုံးဖြတ်တော့မယ် အမေရိကန် နိုင်ငံရေးအခြေအနေ၊ သမ္မတအိုဘားမားနဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးတို့ရဲ့ ပြောဆိုချက်တွေအပြင် စက်တင်ဘာ ၁၁ အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရတဲ့နေရာမှာ နှစ်ပေါင်းများစွာ ရှင်သန်ခဲ့တဲ့ သစ်တပင် အကြောင်းတွေ ရှု့စားကြရမှာပါ။ အပြည့်အစုံ မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မီတီနဲ့ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ အကြား မနေ့က ကျင်းပတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု အခြေအနေနဲ့၊ ရန်ကုန်တိုင်းဒေသကြီးနဲ့ ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီးဌာန အစီအစဉ်နဲ့ ရန်ကုန်မှာ ကျင်းပတဲ့ ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနား သတင်းတွေကို ရှု့စားကြရမှာပါ။ အပြည့်အစုံ ဒီသတင်းပတ်အတွင်း အမေရိကန် နိုင်ငံရေးမှာ ဆီးရီးယားကို စစ်ရေးအရ ထိုးစစ်ဆင်ရေး မဆင်ရေး ဆုံးဖြတ်မယ့် ကိစ္စက အဓိက လွှမ်းမိုးနေပါတယ်။ VOA သတင်းထောက် Michale Bowman သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦးက တင်ပြပါလိမ့်မယ်။ အပြည့်အစုံ ဆရာတော် ဦးဥတ္တမရဲ့ ၇၄ နှစ်မြောက် အခမ်းအနားကို မနေ့က ရန်ကုန် မြန်မာကွန်ဗင်းရှင်း စင်တာမှာ မနေ့က စည်စည်ကားကား ကျင်းပပါတယ်။ ရန်ကုန်တိုင်းဒေသကြီးနဲ့ ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီးဌာန အစီအစဉ်နဲ့ ကျင်းပတဲ့ အခမ်းအနားမှာ သံဃာတော်တွေ၊ ရခိုင်တိုင်းရင်းသားခေါင်းဆောင်တွေ၊ အစိုးရ တာဝန်ရှိသူတွေနဲ့ တခြားနိုင်ငံရေးခေါင်းဆောင်တွေ တက်ရောက်ပါတယ်။ VOA သတင်းထောက် ကိုထက်အောင် ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံ ၁၉၁၈ ခုနှစ်က ကွယ်လွန်ခဲ့တဲ့ အမေရိကန် ကဗျာဆရာ Joyce Kilmer ဟာ သစ်ပင်တွေလို့  နာမည်ပေးထားတဲ့ ထင်ရှားတဲ့ ကဗျာတပုဒ်ကို ရေးသားခဲ့ပါတယ်။ "သစ်ပင်တပင်လို မြတ်နိုးစရာကောင်းတဲ့ ကဗျာတပုဒ်ကို ငါဘယ်တော့မှ တွေ့ မှာမဟုတ်ဘူးလို့  ထင်တယ်" ဆိုတဲ့ စာသားနဲ့ ဒီကဗျာကို စခဲ့တာပါ။ တကယ်လို့  Joyce ဟာ ၂၀၁၃ ခုနှစ်အထိ သက်ရှိထင်ရှားရှိဦးမယ်ဆိုလျင် ဘ၀ကို ချစ်မြတ်နိုးပြီး တုန်လှုပ်ကြေကွဲစရာတွေကို အံတုနိုင်ခဲ့တဲ့ သစ်ပင်တပင်အကြောင်းကို ကဗျာဖွဲ့ ဖြစ်ဦးမှာပါ။ အမေရိကန်ပြည်ထောင်စုက အကြမ်းဖက်သမားတွေရဲ့ စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှုအတွင်းမှာ ရှင်သန်ခဲ့တဲ့ နယူးယောက်က ဒီ သစ်ပင်အကြောင်းကိုတော့ ဗွီအိုအေသတင်းထောက် Burnard Shusman က စုစည်းတင်ပြထားပါတယ်။ ကိုအောင်အောင်က တင်ဆက်ပေးထားပါတယ်။ အပြည့်အစုံ VOA60 World VOA60 World အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
၇၄ နှစ်မြောက် ဦးဥတ္တမနေ့ ရန်ကုန်လူထု ထောင်ချီတက်ရောက်
မြန်မာနိုင်ငံမှာ ကလေးစစ်သား ပြဿနာရှိနေဆဲ
အလုပ်သမားအရေး ဖြေရှင်းဖို့ မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ မလေးရှားရောက်
အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ ALP ရခိုင်ပါတီတို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြေလည်မှုမရ
ဆီးရီးယားအရေး သံတမန်နည်း အိုဘားမား ပိုနှစ်သက်
အင်တာနက်မှာ ကောလဟာလဖြန့်သူ ထောင် ၃ နှစ်
ဓာတုလက်နက်တွေ အပ်နှံဖို့ ဆီးရီးယားကို အမေရိကန်တောင်းဆို
မြောက်ကိုရီးယား ၆၅ နှစ်မြောက် အမျိုးသားနေ့ စစ်အင်အားပြ
အိုလံပစ်မှာ နပမ်းပွဲတွေ ပြန်လည်ခွင့်ပြု
VOA60 World
No comments:
Post a Comment