ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ စက်တင်ဘာလ ၂၀၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
စိတ်ချစွာ စီးပွားရင်းနှီးမြုပ်နှံဖို့ မြန်မာကာချုပ် ဖိတ်ခေါ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံအတွင်း ပြည်ပ စီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့ စိတ်ချလက်ချ ရင်းနှီးမြှပ်နှံကြဖို့ သူ့အနေနဲ့ အာမခံပါတယ် ဆိုတဲ့ အကြောင်း ထိုင်းဝန်ကြီးချုပ်ကို ပြောဆိုသွားတယ်လို့ ထိုင်းအစိုးရ ရဲ့ ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ အပြည့်အစုံ မြန်မာအပေါ် ချဉ်းကပ်မှု ပြန်သုံးသပ်ဖို့ ကန် အောက်လွှတ်တော် တိုက်တွန်း “မြန်မာအစိုးရအနေနဲ့ စစ်မှန်တဲ့ အပြောင်းအလဲတွေကို စတင်လုပ်ဆောင်နေပြီဆိုတာကို အထင်အရှား တွေ့လာရတဲ့ အချိန်အထိ ထိတွေ့ဆက်ဆံမှုတွေကို လျှော့ချသွားဖို့ လိုမယ်လို့ ကျနော်ယုံကြည်ပါတယ်။ အမေရိကန် အစိုးရရဲ့ မဟာဗျူဟာကို လည်း ပြန်ဆန်းစစ်ရလိမ့်မယ်လို့လည်း ကျနော်ယုံကြည်ပါတယ်။ မြန်မာနိုင်ငံ ဟာ ပြုပြင်ပြောင်းလဲမှုတွေကို စစ်စစ်မှန်မှန် လုပ်ဆောင်နေတာကို မတွေ့ရသေးတဲ့အတွက် နောက်ပြန်ဆုတ်သင့်ပါတယ်။" အပြည့်အစုံ ပြည်နယ်သုံးခု တိုင်းရင်းသား ညီလာခံ ကျင်းပမည် နိုင်ငံရေးအင်အားစုများတက်ရောက်ဖို့ရှိတဲ့ ရှမ်း၊ ကယားနဲ့ မွန်ပြည်နယ်က လက်နက်ကိုင်တွေနဲ့ပါတီတွေ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ရေး ဆွေးနွေးပွဲ တောင်ကြီးမြို့မှာ ကျင်းပဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ အပြည့်အစုံ ဖွဲ့စည်းပုံပြင်လို့ အချုပ်အခြာအာဏာ မထိခိုက်နိုင် "ဖွဲ့စည်းပုံပြင်ဆင်မယ်ဆိုရင်တော့ တင်းမာမှုကတော့ ရှိမှာပါပဲ။ ပြင်ဆင်ရေးကို တချို့က လိုလားမယ်။ တချို့က ဆန့်ကျင်မယ်။ တင်းမာမှုကတော့ ရှိမှာပါပဲ။ ဒါဟာ ဒီမိုကရေစီ ရေးအတွက် အရေးကြီးတဲ့ အစိတ်အပိုင်း တရပ်ပါ။ သဘောထားကွဲလွဲတာကို လက်ခံနိုင်ကြောင်း ပြသတဲ့အချက်ပါ။ ဒီမိုကရေစီမှာ အာဏာဗဟိုဟာ တနေရာတည်းမှာ စုနေတာမဟုတ်ပါဘူး။" အပြည့်အစုံ Nuclear လက်နက်ထုတ်ဖို့ ကြိုးပမ်းမှာ မဟုတ် ဟု အီရန်သမ္မတ ကတိပြု Iran နိုင်ငံဟာ Nuclear လက်နက်ပိုင်ဆိုင်ဖို့ ဘယ်တော့မှ ကြိုးပမ်းမှာ မဟုတ်ဘူးလို့ Iran သမ္မတ Hassan Rouhani က ကတိပြုသွားပါတယ်။ အပြည့်အစုံ အာရှ အစုရှယ်ယာဈေးတက် အမေရိကန်စီးပွားရေးအတွက် တွန်းအားပေးတဲ့ လက်ရှိအစီအစဉ်တွေအတိုင်း အမေရိကန်ဗဟိုဘဏ်က ဆက်ပြီးလုပ်သွားဦးမယ်လို့ ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပြီးနောက် ဒီကနေ့အာရှအစုရှယ်ယာဈေးတွေ တက်ခဲ့ပါတယ် အပြည့်အစုံ ဓာတုလက်နက် ရှင်းလင်းဖို့ သမ္မတ Assad အာမခံ ဓါတုလက်နက်တွေ ဖယ်ရှားရှင်းလင်းရေးအတွက် အမေရိကန်နဲ့ Russia တို့ကြားရရှိထားတဲ့ သဘောတူညီချက်အတိုင်း လိုက်နာဖို့အတွက် ကတိပြုတယ်လို့ အမေရိကန်ရုပ်သံ Fox သတင်းဌာနနဲ့ မေးမြန်းခန်းမှာ Mr. Assad က ပြောကြားခဲ့ပါတယ် အပြည့်အစုံ ရခိုင်ပြည်နယ်ရဲ့ လုံခြုံရေးလိုအပ်မှု အခြေအနေအရ ရဲတပ်ရင်းတွေ တိုးချဲ့ ချထားဖို့ မြန်မာအစိုးရက စီစဉ်နေတယ်ဆိုတဲ့သတင်း မြန်မာနိုင်ငံ ကမ္ဘာလှည့် ခရီးသည်လုပ်ငန်း အလားအလာ၊ ဧည့်လမ်းညွန်များအသင်းဥက္ကဌနဲ့ VOA တွေ့ဆုံ မေးမြန်းခန်း၊ ဆီးရီးယားနိုင်ငံက ဓာတုလက်နက်တွေ ဖျက်သိမ်းရေးအတွက် အမေရိကန်ဒေါ်လာ သန်းတထောင်လောက် ကုန်နိုင်တယ်လို့ ဆီရီးယား သမ္မတ အာဆတ်က ပြောဆိုတဲ့ သတင်းတွေကို ရှု့စားကြရမှာပါ။ အပြည့်အစုံ ရခိုင်ပြည်နယ်ရဲ့ လုံခြုံရေးလိုအပ်မှု အခြေအနေအရ ရဲတပ်ရင်းတွေ တိုးချဲ့ ချထားဖို့ မြန်မာအစိုးရက စီစဉ်နေတယ်ဆိုတဲ့သတင်းနဲ့ ခြောက်နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနဲ့ အစိုးရဘက်က တရားဝင် တောင်းပန်ဖို့ တောင်းဆိုတဲ့ သံဃာတော်တွေရဲ့ မိန့်ကြားချက် အကြောင်း သတင်းတွေ ပါဝင်ပါတယ်။ အပြည့်အစုံ ကမ္ဘာပေါ်က လောင်စာစွမ်းအင် ဝယ်ယူတင်သွင်းမှု အများဆုံးနိုင်ငံတွေထဲမှာ တောင်ကိုရီးယား နိုင်ငံ လည်း ပါဝင်ပါတယ်။ သူတို့နိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက် ဖြည့်ဆည်းဖို့ နျူကလီးယားစက်ရုံတွေ တိုးချဲ့ တည်ဆောက်ရေးကို တောင်ကိုရီးယားအစိုးရက စီစဉ်နေပါတယ်။ နိုင်ငံခြားစွမ်းအင်ပေါ် မှီခိုမှု ကင်းနိုင် ရေးအတွက် သဘာ၀၀န်းကျင် ထိခိုက်မှု နည်းစေတဲ့ စွမ်းအင်တွေအသုံးပြုရေးကို တောင်ကိုရီးယား မြို့အချို့က စိတ်အား ထက်သန်နေပါတယ်။ VOA သတင်းထောက် Jason Strother ဆိုးလ်မြို့က သတင်းပေးပို့ လာတာ ကို ကိုဉာဏ်ဝင်းအောင်က ပြောပြပါမယ်။ အပြည့်အစုံ မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုတွေ စတင် ဖော်ဆောင်ပြီးနောက်ပိုင်း ကမ္ဘာလှည့်ခရီးသွားတွေရဲ့ စိတ်ဝင်စားမှု ပိုရလာသလို လာရောက်လည်ပတ်ကြတဲ့ ခရီးသည်အရေအတွက်ဟာလည်း အရင်ကထက်နှုန်းယှဉ်ရင် အတော်လေး များလာတာဖြစ်ပါတယ်။ ဒါပေမယ့် အိမ်နီးချင်း နိုင်ငံတွေနဲ့ နှိုင်းယှဉ်လိုက်ရင်တောင် မြန်မာနိုင်ငံက တည်းခိုခန်းစားရိတ်တွေ ပိုများနေပြီး ၀န်ဆောင်မှုကဏ္ဍမှာ တိုးတက်လာမှု မရှိတဲ့အတွက် အခုနှစ် ခရီးသွားရာသီမှာ အရင်နှစ်လောက် လာလည်တဲ့သူ ရှိမှာမဟုတ်ဘူးလို့ ခရီသွား ဧည့်လမ်းညွန်တွေက ပြောပါတယ်။ မြန်မာနိုင်ငံကို ကမ္ဘာလှည့်ခရီးသွားတွေလာကြတဲ့အထဲ စိတ်ဝင်စားမှု အများဆုံး နေရာတခုဖြစ်တဲ့ ပုဂံမြို့မှာ မြန်မာနိုင်ငံ ဧည့်လမ်းညွန်များအသင်းဥက္ကဋ္ဌ ဦးဇော်ဝင်းချိုကို ကိုဇော်ဝင်းလှိုင်က သွားရောက် တွေ့ဆုံ မေးမြန်းထားပါတယ်။ အပြည့်အစုံ VOA60 World VOA60 World အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
စိတ်ချစွာ စီးပွားရင်းနှီးမြုပ်နှံဖို့ မြန်မာကာချုပ် ဖိတ်ခေါ်
မြန်မာအပေါ် ချဉ်းကပ်မှု ပြန်သုံးသပ်ဖို့ ကန် အောက်လွှတ်တော် တိုက်တွန်း
ပြည်နယ်သုံးခု တိုင်းရင်းသား ညီလာခံ ကျင်းပမည်
ဖွဲ့စည်းပုံပြင်လို့ အချုပ်အခြာအာဏာ မထိခိုက်နိုင်
Nuclear လက်နက်ထုတ်ဖို့ ကြိုးပမ်းမှာ မဟုတ် ဟု အီရန်သမ္မတ ကတိပြု
အာရှ အစုရှယ်ယာဈေးတက်
ဓာတုလက်နက် ရှင်းလင်းဖို့ သမ္မတ Assad အာမခံ
VOA60 World
No comments:
Post a Comment