ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ စက်တင်ဘာလ ၂၁၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
၂၀၁၄ အမေရိကန်မယ် Miss Nina Davulari ရဲ့ ပြောကြားချက်များ "မျှော်လင့်ချက်အပြင် အားကျစေတဲ့ စိတ်ဓာတ်မျိုးကို ကိုယ်စားပြုမယ့် ကျမအနေနဲ့ သာမန်မိန်းကလေးတဦးအနေနဲ့ အမြဲတမ်းရှိသွားမှာပါ။ ဒါပေမဲ့လည်း အဲ့ဒီသာမန်မိန်းကလေးဟာ အမေရိကန်နိုင်ငံမှာ လူမျိုးပေါင်းစုံ နေထိုင်မှုဘ၀ တိုးမြှင့်လာသလို၊ သူ့ရဲ့ဘ၀ နေထိုင်မှုကလည်း လိုက်ပြီးတော့ ပြောင်းလဲသွားမှာဖြစ်ပါတယ်။ အဲ့ဒီသာမန်မိန်းကလေးဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကနဲ့ တူမှာမဟုတ်သလို၊ နောက် ၁၀ နှစ်မှာလည်း ခေတ်နဲ့အတူ လိုက်ပြီးတော့ ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ ဒီအချက်ကို ဒီနှစ် ကျမ မီးမောင်းထိုးပြသွားရာမှာ မိန်းကလေးတွေအနေနဲ့ လူမျိုးမရွေး ဘာသာမရွေး ဆင်းရဲချမ်းသာမရွေး ကိုယ့်ဘ၀မှာ ကြိုးစားရင် ကိုယ်ဖြစ်ချင်တာ ဖြစ်လာနိုင်တယ်ဆိုတဲ့ အချက်ပါ။" အပြည့်အစုံ ကုန်သွယ်မှုအခွင့်ထူးနဲ့ မြန်မာမတန်သေး ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေးတွေလိုချင်ရင် မြန်မာအစိုးရအနေနဲ့ လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်အောင် လုပ်သင့်တယ်လို့ အမေရိကန်အခြေစိုက် US Campaign for Burma ရဲ့ အမှုဆောင်ညွန်ကြားရေးမှူးက ပြောပါတယ်။ အပြည့်အစုံ ဒေါ်အောင်ဆန်းစုကြည် စင်္ကာပူခရီးစဉ် စတင် စင်ကာပူနိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အပေါ် စင်ကာပူရောက် မြန်မာပြည်သားတွေက ဘဝအခြေချနေထိုင်ခွင့်အတွက် မျှော်လင့်မှုတွေလည်း ရှိနေကြပါတယ်။ အပြည့်အစုံ ငြိမ်းချမ်းရေးကော်မတီနဲ့ အပစ်ရပ်သုံးဖွဲ့ဆွေးနွေး ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ SSA တောင်ပိုင်းအဖွဲ့၊ SSA မြောက်ပိုင်း အဖွဲ့၊ ပအို့ဝ်လက်နက်ကိုင်အဖွဲ့တို့ သောကြာနေ့က တောင်ကြီးမြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ အပြည့်အစုံ မြန်မာအပေါ် ချဉ်းကပ်မှု ပြန်သုံးသပ်ဖို့ ကန် အောက်လွှတ်တော် တိုက်တွန်း “မြန်မာအစိုးရအနေနဲ့ စစ်မှန်တဲ့ အပြောင်းအလဲတွေကို စတင်လုပ်ဆောင်နေပြီဆိုတာကို အထင်အရှား တွေ့လာရတဲ့ အချိန်အထိ ထိတွေ့ဆက်ဆံမှုတွေကို လျှော့ချသွားဖို့ လိုမယ်လို့ ကျနော်ယုံကြည်ပါတယ်။ အမေရိကန် အစိုးရရဲ့ မဟာဗျူဟာကို လည်း ပြန်ဆန်းစစ်ရလိမ့်မယ်လို့လည်း ကျနော်ယုံကြည်ပါတယ်။ မြန်မာနိုင်ငံ ဟာ ပြုပြင်ပြောင်းလဲမှုတွေကို စစ်စစ်မှန်မှန် လုပ်ဆောင်နေတာကို မတွေ့ရသေးတဲ့အတွက် နောက်ပြန်ဆုတ်သင့်ပါတယ်။" အပြည့်အစုံ ကန်အောက်လွှတ်တော် အတည်ပြုတဲ့ဘတ်ဂျက် ကျန်းမာရေးကိစ္စပယ်ချ အမေရိကန် အောက်လွှတ်တော်က အစိုးရအသုံးစရိတ်ပံ့ပိုးရေးယာယီအစီအစဉ်တရပ်ကို အတည်ပြုလိုက်ပေမဲ့ သမ္မတရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကိုတော့ ထောက်ပံ့ဖို့ မရှိကြောင်း ငြင်းဆိုလိုက်ပါတယ်။ အပြည့်အစုံ ဓာတုလက်နက်စာရင်းတချို့ ဆီးရီးယားစတင်ပေးအပ် အမေရိကန်နဲ့ ရုရှားတို့ သတ်မှတ်ထားတဲ့ အစီအစဉ်အတိုင်း ဆီးရီးယားနိုင်ငံက ဓာတုလက်နက်သိုလှောင်ရုံတွေရဲ့ စာရင်းတစိတ်တဒေသကို ပေးအပ်လိုက်ကြောင်း OPCW အဖွဲ့က ကြေညာပါတယ်။ အပြည့်အစုံ ကမ္ဘောဒီးယား ဘုရင့်ညီဝမ်းကွဲ အစာငတ်ခံ ဆန္ဒပြ ကမ္ဘောဒီးယား နိုင်ငံရေးပဋိပက္ခတွေ အဖြေရှာရေး ဖိအားပေးတဲ့အနေနဲ့ ဘုရင့်ညီအကိုဝမ်းကွဲတော်စပ်သူ အတိုက်အခံပါတီဝင် မင်းသား Sisowath Thomico က အစာငတ်ခံ ဆန္ဒပြနေပါတယ်။ အပြည့်အစုံ ဖိလစ်ပိုင်၊ တိုင်ဝမ်နဲ့ တရုတ်တောင်ပိုင်း တိုင်ဖုန်းမုန်တိုင်းကြီး ၀င်ဖို့ရှိ ပစိဖိတ်သမုဒ္ဒရာမှာ ဒီနှစ်အတွက် အားအပြင်းဆုံးလို့ စံချိန်တင်နေတဲ့ Usagi တိုင်ဖွန်းမုန်တိုင်းဟာ တနာရီ မိုင် ၁၅၀ နှုန်းနဲ့ ဖိလစ်ပိုင်၊ ထိုင်ဝမ်တို့ဆီ ဦးတည်ရွေ့လျားလာနေပါတယ်။ အပြည့်အစုံ Nuclear လက်နက်ထုတ်ဖို့ ကြိုးပမ်းမှာ မဟုတ် ဟု အီရန်သမ္မတ ကတိပြု Iran နိုင်ငံဟာ Nuclear လက်နက်ပိုင်ဆိုင်ဖို့ ဘယ်တော့မှ ကြိုးပမ်းမှာ မဟုတ်ဘူးလို့ Iran သမ္မတ Hassan Rouhani က ကတိပြုသွားပါတယ်။ အပြည့်အစုံ ကုဋေကြွယ် ခရိုနီ နဲ့ တခြမ်းပဲ့ ဒီမိုကရေစီ စက်တင်ဘာ ၂၁၊ ၂၀၁၃ - လာမယ့်ဆယ်နှစ်အတွင်း မြန်မာနိုင်ငံမှာ ကုဋေကြွယ်သူဋ္ဌေးဦးရေ ခြောက်ဆ တိုးလာမယ်ဆိုတဲ့ ခန့်မှန်းချက်နဲ့ ပတ်သက်ပြီး သုံးသပ်တင်ပြထားပါတယ်။ အပြည့်အစုံ မြန်မာအစိုးရအပေါ်ထားတဲ့ အမေရိကန်မူဝါဒကို ပြန်လည်သုံးသပ်ဖို့နဲ့ ထိတွေ့ဆက်ဆံမှုကို အရှိန်လျော့ဖို့ လွှတ်တော်အမတ်တဦးက တောင်းဆိုလိုက်တဲ့သတင်း၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုကို မြှင့်တင်နိုင်ဖို့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေ တောင်းဆိုလိုက်တဲ့ အကြောင်းတွေအပါအ၀င် အခြားစိတ်ဝင်စားစရာ သတင်းဆောင်းပါးများကို တင်ပြထားပါတယ်။ အပြည့်အစုံ အမေရိကန်နိုင်ငံခြားဝန်ကြီး John Kerry နဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး Wang Yi တို့နှစ်ဦးဟာ ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပဖို့ ရက်ပိုင်းအလို ၀ါရှင်တန်ဒီစီမြို့မှာ တွေ့ဆုံပြီး မြောက်ကိုရီးယား နျူကလီးယားလက်နက် ကိစ္စအပါအဝင် ဆီးရီယားက ဓါတု လက်နက် အရေးနဲ့ တောင်တရုတ်ပင်လယ်ပြင် အငြင်းပွါးမှုကိစ္စတွေကိုပါ ဆွေးနွေးခဲ့ကြပါတယ်။ VOA သတင်းထောက် Scott Stearns ပေးပို့လာတဲ့ သတင်းကိုတော့ ကိုဥာဏ်ဝင်းအောင်က ပြောပြမှာပါ ။ အပြည့်အစုံ အမေရိကန်အောက်လွှတ်တော် နိုင်ငံခြာရေးရေးရာ ဆပ်ကော်မတီမှာ ကျင်းပတဲ့ မြန်မာ့အရေး ကြားနာပွဲသတင်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကာင်္ပူ ခရီးစဉ်အကြောင်းသတင်းနဲ့ မန္တလေးမြို့ အနီးတ၀ိုက် ရေကြီးမှုအကြောင်း သတင်းတွေ ပါဝင်ပါတယ်။ အပြည့်အစုံ မကြာသေးခင်နှစ်ပိုင်းအတွင်း ကမ္ဘာလှည့်ခရီးသည်လုပ်ငန်း အကြီးအကျယ် ဖွံ့ဖြိုးလာခဲ့တဲ့ အိန္ဒိယနိုင်ငံ ကက်ရှ်မီးယားဒေသမှာ အခုတော့ အကြမ်းဖက်မှုတွေ ပြန်ဖြစ်မှာကို စိုးရိမ်မှုတွေကြောင့် ခရီးသည်တွေ တဖြေးဖြေး လျော့နည်းလာနေပါတယ်။ ပါကစ္စတန်နဲ့ နယ်ခြား ဟိမ၀န္တာတောင်ခြေ အနီးဝန်းကျင်က တခြားဒေသတွေမှာ ဖြစ်ပွားတဲ့ တိုက်ခိုက်မှုတွေက ဒီဒေသရဲ့ ခရီးသွားလှုပ်ငန်းအပေါ် ရိုက်ခတ်နေတာဖြစ်ပါတယ်။ VOA သတင်းထောက် Aru Pande သတင်းပေးပို့ထားတာကို မအေးသန္တာကျော်က တင်ပြပါလိမ့်မယ်။ အပြည့်အစုံ ရုရှားနိုင်ငံမှာ လိင်တူစုံမက်သူတွေ ဘက်က လိုက်ပြီး ပြောဆိုဖေါ်ပြမှုတွေကို ပိတ်ပင်တဲ့ ဥပဒေသစ်ကြောင့် ရုရှားနိုင်ငံကို ကမ္ဘာတလွှား လိင်တူစုံမက်သူအရေး လှုပ်ရှားသူတွေက ကန့်ကွက်နေကြပါတယ်။ လိင်တူစုံမက်သူတွေကို အခွင့်အရေးမပေးဘို့ ဒီဥပဒေ မြစ်ဖျားခံရာ St. Petersburg မြို့က James Brooke သတင်းပေးပို့ထားတာကို ဦးသန်းလွင်ထွန်းကပြောပြပါမယ်။ အပြည့်အစုံ မြန်မာနိုင်ငံမှာ လတ်တလောရင်ဆိုင်နေရတဲ့ နိုင်ငံရေးနဲ့ စစ်မက် ပဋိပက္ခတွေရဲ့ ဒဏ်တွေကို အမျိုးသမီး အများစု ရင်ဆိုင် ခံစားနေရတဲ့အတွက် အမျိုးသမီးထုကိုယ်တိုင် ပါဝင် လုပ်ဆောင်မှ ငြိမ်းချမ်းရေး အမြန်ဆုံး ရနိုင်မယ်လို့ ရန်ကုန်မြို့မှာ ပထမဆုံးအကြိမ် ကျင်းပတဲ့ အမျိုးသမီးညီလာခံကို တက်ရောက်လာသူ အမျိုးသမီး ခေါင်းဆောင်တွေက ပြောပါတယ်။ ပြည်တွင်း၊ ပြည်ပက အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူတွေ အဖွဲ့အစည်းတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ တခြား အမျိုးသမီးအရေး တက်ကြွစွာ လှုပ်ရှားသူတွေ အစုံအလင် တက်ရောက်တဲ့ ညီလာခံကို ရန်ကုန်မြို့မှာ ၃ ရက်ကြာ ကျင်းပမှာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ အခမ်းအနားမှာ ကိုယ်တိုင် သတင်းသွားယူထားတဲ့ ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။ အပြည့်အစုံ VOA60 World VOA60 World အပြည့်အစုံ VOA60 USA President Obama comments on chemical weapons in Syria during news conference- VOA60 America အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
၂၀၁၄ အမေရိကန်မယ် Miss Nina Davulari ရဲ့ ပြောကြားချက်များ
ကုန်သွယ်မှုအခွင့်ထူးနဲ့ မြန်မာမတန်သေး
ဒေါ်အောင်ဆန်းစုကြည် စင်္ကာပူခရီးစဉ် စတင်
ငြိမ်းချမ်းရေးကော်မတီနဲ့ အပစ်ရပ်သုံးဖွဲ့ဆွေးနွေး
မြန်မာအပေါ် ချဉ်းကပ်မှု ပြန်သုံးသပ်ဖို့ ကန် အောက်လွှတ်တော် တိုက်တွန်း
ကန်အောက်လွှတ်တော် အတည်ပြုတဲ့ဘတ်ဂျက် ကျန်းမာရေးကိစ္စပယ်ချ
ဓာတုလက်နက်စာရင်းတချို့ ဆီးရီးယားစတင်ပေးအပ်
ကမ္ဘောဒီးယား ဘုရင့်ညီဝမ်းကွဲ အစာငတ်ခံ ဆန္ဒပြ
ဖိလစ်ပိုင်၊ တိုင်ဝမ်နဲ့ တရုတ်တောင်ပိုင်း တိုင်ဖုန်းမုန်တိုင်းကြီး ၀င်ဖို့ရှိ
Nuclear လက်နက်ထုတ်ဖို့ ကြိုးပမ်းမှာ မဟုတ် ဟု အီရန်သမ္မတ ကတိပြု
ကုဋေကြွယ် ခရိုနီ နဲ့ တခြမ်းပဲ့ ဒီမိုကရေစီ
VOA60 World
VOA60 USA
No comments:
Post a Comment