ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ စက်တင်ဘာလ ၂၈၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ မွန်တစ်မျိုးသားလုံးဆိုင်ရာ ညီလာခံ ပြည်တွင်းမှာ ပထမဆုံးအကြိမ် ကျင်းပမည် မွန်တမျိုးသားလုံး စည်းလုံးညီညွတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဖော်ဆောင်ရေးမှာ ပါဝင်ရေးရည်ရွယ်ပြီး ပြည်တွင်းပြည်ပ မွန်အဖွဲ့အစည်းပေါင်းစုံရဲ့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပွဲကြီးတရပ် ပြည်တွင်းမှာ မကြာခင် တရားဝင် ကျင်းပပါလိမ့်မယ်။ အပြည့်အစုံ မြန်မာ့မိတ်ဆွေနိုင်ငံများအဖွဲ့ အစည်းအဝေး မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက် မြန်မာ့လူမှုအသိုင်းအဝိုင်းကြား ဖြစ်ခဲ့တဲ့ ပြဿနာရဲ့ဇစ်မြစ်ကို ဖြေရှင်းဖို့ အရေးကြီးတဲ့အကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာ့မိတ်ဆွေနိုင်ငံများအဖွဲ့က အလေးအနက် ပြောလိုက်ပါတယ်။ အပြည့်အစုံ ပါတီအပေါ် ဝေဖန်ချက် ဒေါ်စု ကာကွယ် ပြောဆို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (၂၅) နှစ်ပြည့် အခမ်းအနားဖွင့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က - ဘယ်နိုင်ငံရေးပါတီမှာမဆို အပြစ်အနာအဆာရှိတာဖြစ်တဲ့အတွက် မထူးဆန်းဘူးလို့ ခုခံပြောဆိုခဲ့ပေမဲ့ အဖွဲ့ချုပ်ကိုတော့ အမြင့်ဆုံး အကောင်းဆုံးဖြစ်စေချင်တဲ့အကြောင်း၊ ဆက်ပြီးကြိုးစားသွားဖို့ ပါတီဝင်တွေကို တိုက်တွန်းခဲ့ပါတယ်။ အပြည့်အစုံ ကျန်းမာရေးဥပဒေနဲ့တကွ ဘတ်ဂျက်ကိုအတည်ပြုဖို့ အိုဘားမားတိုက်တွန်း အထက်လွှတ်တော်က အစိုးရရဲ့ ယာယီအသုံးစရိတ်အတိုင်းအတာကို အတည်ပြုပြီးတဲ့နောက် သမ္မတက အောက်လွှတ်တော်က ကျန်းမာရေးစောင့်ရှောက်မှုဥပဒေကို မဖြတ်တောက်ဘဲ အစိုးရအသုံးစရိတ်ချပေးဖို့ တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံ အီရန်သမ္မတနဲ့အိုဘားမား ဖုန်းဆက်စကားပြော နှစ်ပေါင်း ၃၀ ကျော်အတွင်း အမေရိကန်နဲ့အီရန် နှစ်နိုင်ငံခေါင်းဆောင်တွေကြား ပထမဆုံး တိုက်ရိုက်ဆက်သွယ်စကားပြောကြားခဲ့ကြရာမှာ နှစ်ဘက်လုံးက ရှေ့ဆက်သွားနိုင်ဖွယ်ရှိတဲ့ အကြောင်း ကြေညာချက်ထုတ်ပြန်ကြပါတယ်။ အပြည့်အစုံ ကမ္ဘာကြီး ပိုပူနွေးလာတာ လူသားတွေလက်ချက် ကမ္ဘာကြီးပူနွေးလာစေတဲ့ အဓိကတရားခံဟာ လူသားတွေဖြစ်တာ ပိုသေချာသွားပြီး ဒီရာစုနှစ်ထဲမှာလည်း ကမ္ဘာ့အပူချိန် ဆက်ပြီးမြင့်တက်နေဦးမယ်လို့ သိပ္ပံနည်းကျလေ့လာနေတဲ့ IPCC အဖွဲ့ကပြောပါတယ်။ အပြည့်အစုံ အီရန်-အမေရိကန် အဆင့်မြင့် ဆွေးနွေးပွဲလုပ် အမေရိကန်နဲ့အီရန်ကြား နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးတိုက်ရိုက်ဆွေးနွေးမှုဟာ အပြုသဘောဆောင်ခဲ့ပြီး နျူကလီယားဆိုင်ရာ ဆွေးနွေးမှုတွေရှေ့တိုးဆောင်ရွက်ရေး သဘောတူခဲ့ကြောင်း အီရန်ဘက်ကလည်း ပြောပါတယ်။ အပြည့်အစုံ တရုတ် အရင်းအနှီးနည်းတာ မကောင်းဘူးဆိုပါလား စက်တင်ဘာ ၂၈၊ ၂၀၁၃ - မြစ်ဆုံစီမံကိန်းကို ဗမာအစိုးရ ရပ်ဆိုင်းလိုက်တဲ့နောက်ပိုင်း တရုတ် အရင်းအနှီး ကျဆင်းလာပေမယ့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု တိုးပွားလာပုံ ... အပြည့်အစုံ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂၅ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား၊ ရန်ကုန် အမေရိကန်သံရုံးက ကမကထလုပ် ကျင်းပတဲ့ Diversity Visa - DV ကံစမ်းမဲ အကြောင်း ရှင်းလင်းပွဲနဲ့ နေပြည်တော်မှာကျင်းပတဲ့ ဆီးဂိမ်းပြိုင်ပွဲအကြို ပြိုင်ပွဲတွေအကြောင်း သတင်းပေးပို့ချက်တွေ၊ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်လို့ အီရန်နဲ့ အမေရိကန်ပြည်ထောင်စုအကြား နှစ် ၃၀ကျော် အတွင်း ပထမဆုံးအကြိမ် အဆင့်မြင့်တာဝန်ရှိသူတွေ တွေ့ဆုံခဲ့ကြတဲ့ အကြောင်းတွေကို ရှု့စားကြရမှာပါ။ အပြည့်အစုံ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂၅ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားနဲ့ ၂၀၁၅ ခု ရွေးကောက်ပွဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျှော်မှန်းချက်၊ ရန်ကုန် အမေရိကန်သံရုံးက ကမကထလုပ် ကျင်းပတဲ့ Diversity Visa - DV ပြည်ဝင်ခွင့် ကံစမ်းမဲ အကြောင်း ရှင်းလင်းပွဲနဲ့ ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့မိတ်ဆွေ နိုင်ငံတွေရဲ့ ဆွေးနွေးပွဲအကြောင်း သတင်းတွေ ပါဝင်ပါတယ်။ အပြည့်အစုံ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ပြည်သူတွေရဲ့ အကျိုးကို ဒီထက်ပိုဆောင်ရွက်နိုင်ရေးအတွက် ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရဖို့လိုတယ်ဆိုပြီး ရန်ကုန် ဗဟန်းမြို့နယ် ရွှေဂုံတိုင်က ပါတီဌာနချုပ်မှာ ကျင်းပတဲ့ NLD ပါတီဖွဲ့စည်းခြင်း ၂၅ နှစ်ပြည့်အခမ်းအနားမှာ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါတယ်။ အပြည့်အစုံကိုတော့ VOA ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင် ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေပေမယ့်လည်း ပြည်တွင်းဥပဒေတွေ တည်ငြိမ်မှု မရှိသေးတာ၊ အခြေခံ အဆောက်အအုံ မခိုင်မာသေးတာနဲ့ ကျွမ်းကျင်ဝန်ထမ်း အားနည်းတာတွေကြောင့် ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေ စိုးရိမ်စရာ ဖြစ်နေတယ်လို့ ကျွမ်းကျင်သူတွေက ပြောဆိုပါတယ်။ အခွင့်အလမ်းနဲ့ စိန်ခေါ်မှုတွေ ဒွန်တွဲနေတဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုတွေကြောင်း မြစ်မခ သတင်းအေဂျင်စီက မမေသင်္ကြန်ဟိန်က တင်ပြပါလိမ့်မယ်။ အပြည့်အစုံ ဗုဒ္ဓဟူးနေ့က နေပြည်တော်မှာ စတင်ကျင်းပတဲ့ ၂၇ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအကြို ဘိလိယက်နဲ့ စနူကာပြိုင်ပွဲမှာ မြန်မာအသင်းက ပထမနေ့မှာပဲ ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံ ၄နိုင်ငံက ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ ပြိုင်ပွဲကို သွားရောက်သတင်းယူခဲ့တဲ့ ဝိုင်းတော်သား ကိုရန်နိုင်က သတင်းပေးပို့ထာပါတယ်။ အပြည့်အစုံ အာရှနိုင်ငံတွေက ရွှေတူးဖေါ်ရေးလုပ်ငန်းတွေဟာ အန္တရယ်များပြီး အသက်နဲ့ ရင်း စွန့်စားရတဲ့ လုပ်ငန်းတွေအဖြစ် နှစ်ပေါင်းများစွာကတည်းက ရှိနေခဲ့တာပါ။ ဖိလစ်ပိုင်နိုင်ငံမှာတော့ အန္တရယ်ကြီးတဲ့ ရိုးရာတူးဖေါ်နည်းတွေကို ပိတ်ပင်ပြီး နိုင်ငံခြားက ရင်းနှီးမြတ်နှံတဲ့ ကုမ္မဏီကြီးတွေကို အစားထိုး ဖိတ်ခေါ်နေပါတယ်။ VOA သတင်းထောက် Pros Laput ဖိလစ်နိုင်ငံက ရွှေတူးဖေါ်သူတွေ အဓိကနေထိုင်တဲ့ Paracale မြို့က သတင်းပေးပို့ထားတာကို အပြည့်အစုံ အစိုးရရဲ့ အလွဲသုံးစားမှုနဲ့ အဂတိလိုက်စားမှုတွေကို တရုတ်နိုင်ငံမှာ နှိပ်ကွပ်နေပါတယ်။ ဇိမ်ခံ လူသုံးကုန်ပစ္စည်း ကြော်ငြာ တွေလည်း တားမြစ်ထားတာမို့ အစိုးရအရာရှိတွေအနေနဲ့ သူတို့ရဲ့ကြွယ်ဝမှုတွေ လူသိရှင်ကြားဖြစ်လာမယ့်အရေး ပိုပြီးအန္တရာယ် ရှိလာပါတယ်။ ဒါပေမဲ့ ဒီလို အစိုးရရဲ့စိစစ်မှု၊ တရုတ်ပြည်တွင်း စီးပွားရေး တိုးတက်မှုအရှိန် နည်းနည်းကျလာမှု စတာတွေ ကြားကပဲ ပြည်တွင်းမှာ ဇိမ်ခံပစ္စည်းတွေ ၀ယ်လိုအား ပိုကောင်းလာနေပါတယ်။ ရှန်ဟိုင်းမြို့က ဗွီအိုအေသတင်းထောက် Bill Ide ရဲ့သတင်းကို ဦးသန်းလွင်ထွန်းက တင်ပြထားပါတယ်။ အပြည့်အစုံ VOA60 USA President Obama comments on chemical weapons in Syria during news conference- VOA60 America အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
မွန်တစ်မျိုးသားလုံးဆိုင်ရာ ညီလာခံ ပြည်တွင်းမှာ ပထမဆုံးအကြိမ် ကျင်းပမည်
မြန်မာ့မိတ်ဆွေနိုင်ငံများအဖွဲ့ အစည်းအဝေး မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်
ပါတီအပေါ် ဝေဖန်ချက် ဒေါ်စု ကာကွယ် ပြောဆို
ကျန်းမာရေးဥပဒေနဲ့တကွ ဘတ်ဂျက်ကိုအတည်ပြုဖို့ အိုဘားမားတိုက်တွန်း
အီရန်သမ္မတနဲ့အိုဘားမား ဖုန်းဆက်စကားပြော
ကမ္ဘာကြီး ပိုပူနွေးလာတာ လူသားတွေလက်ချက်
အီရန်-အမေရိကန် အဆင့်မြင့် ဆွေးနွေးပွဲလုပ်
တရုတ် အရင်းအနှီးနည်းတာ မကောင်းဘူးဆိုပါလား
VOA60 USA
No comments:
Post a Comment