ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ ဇန်န၀ါရီ ၁၄၊ ၂၀၁၄ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ တီဗွီမဂ္ဂဇင်း၊ တီဗွီသတင်းလွှာ အစီအစဉ်များ... |
| Missing zone for ထိုင်းအစိုးရဆန့်ကျင်ဆန္ဒပြပွဲ အရှိန်မြှင့် (၇) ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ စတင်ကျင်းပ အာဆီယံ မသန်စွမ်းသူများရဲ့ (၇) ကြိမ်မြောက် အားကစားပြိုင်ပွဲကို မြန်မာပြည်က အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးနေပြီး မြားပစ်၊ ပြေးခုန်ပစ်၊ ဘိုစီယာ၊ စစ်တုရင်၊ စားပွဲတင်တင်းနစ်၊ ဘောလီဘော၊ ဘီးတပ် ဘတ်စ်ကက်ဘောနဲ့ ဘောလုံးပြိုင်ပွဲတွေ ပါဝင်မှာ ဖြစ်ပါတယ်။ အပြည့်အစုံ ဘန်ကောက်ဆန္ဒပြမှု ယာဉ်ကြောပိတ်တွေပိတ်ဆို့ ထိုင်းနိုင်ငံမှာ ထောင်ပေါင်းများစွာသော အစိုးရဆန့်ကျင် ဆန္ဒပြသူတွေက ၀န်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် ရာထူးကဖယ်ရှားပြီး ဖေဖော်ဝါရီလ ၂ ရက်နေ့ ရွေးကောက်ပွဲတွေကို ဟန့်တားသွားဖို့ ကြိုးပမ်းတဲ့ လှုပ်ရှားမှုအတွင်း ဘန်ဂောာက်မြို့က လမ်းဆုံလမ်းခွနေရာတွေနဲ့ မီးပွိုင့်တွေမှာ ယာဉ်ကြောတွေကို ပိတ်ဆို့ဆန္ဒပြခဲ့ကြပါတယ်။ အပြည့်အစုံ မြန်မာသံရုံး ဗုံးဖောက်ဖို့ကြံသူ အင်ဒိုနီးရှားအကြမ်းဖက်သမားကို ပြစ်ဒဏ်ချ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာရှိတဲ့ မြန်မာသံရုံးကို တိုက်ခိုက်ဖို့ ကြံစည်မှုနဲ့ စစ်သွေးကြွတစ်ဦးကို ဂျကာတာမြို့တောင်ပိုင်းတရားရုံးက တနင်္လာနေ့က ထောင်ဒဏ် ၆ နှစ် ပြစ်ဒဏ် စီရင်လိုက်ပါတယ်။ အပြည့်အစုံ မြန်မာအမျိုးသမီး ကျန်းမာရေးပညာပေး ဒေါ်လာ ၁၅ သန်းကျော် ဒိန်းမတ်လှူ ဒိန်းမတ်နိုင်ငံက အမျိုးသမီးလိင်ပိုင်ဆိုင်ရာ ပညာပေးလုပ်ငန်း၊ မိသားစုစီမံကိန်းလုပ်ငန်း၊ HIV နဲ့ အရွယ်မရောက်သေးတဲ့ အမျိုးသမီးငယ်များ ကိုယ်ဝန်ဆောင်ခြင်းဆိုင်ရာ ပညာပေးလုပ်ငန်းတွေကို ဆောင်ရွက်မယ့် ဆေးခန်းတခုအတွက် အမေရိကန်ဒေါ်လာ ၁၅ သန်းနဲ့ညီတဲ့ ဒိန်းမတ် ခရိုနာ ၈၅ သန်းကို လှူဒါန်းမှာ ဖြစ်ပါတယ်။ အပြည့်အစုံ ထိုင်းနိုင်ငံရေးပြဿနာကြောင့် မြန်မာခရီးသွားတွေ အခက်တွေ့ ထိုင်းအစိုးရဆန့်ကျင်ဆန္ဒပြသူတွေ ဘန်ကောက်မြို့ကို ပိတ်ဆို့ထားမယ်လို့ ကြေညာထားသလို ဒီကနေ့ စတင်ပိတ်ဆို့ ဆန္ဒပြနေကြပြီး ဘန်ကောက်ကို ဆေးသွားကုကြသူတွေ မီး၊ ရေ၊ လမ်း ပြတ်တောက်မှာကို စိုးရိမ်တဲ့အတွက် ပြန်လာကြသလို ခရီးသွားဦးရေလည်း ထက်ဝက်နီးပါးလည်း လျော့ကျခဲ့ကြောင်း လေကြောင်းလုပ်ငန်းအသိုင်းအဝိုင်းက ပြောပါတယ်။ အပြည့်အစုံ ဖားကန့်ပစ်ခတ်မှုနဲ့ ဆက်နွယ်မှု မရှိကြောင်း KIA ငြင်းဆို ဒီရက်ပိုင်းအတွင်း ဖားကန့်မြို့နယ်၊ နန့်ယားရွာဘုန်းကြီးကျောင်းမှာ ပစ်ခတ်မှုဖြစ်ခဲ့ပြီး (၆) ဦးသေဆုံးခဲ့တဲ့ ပစ်ခတ်မှုဟာ အစိုးရစစ်တပ်အတွင်း အချင်းချင်းမှားယွင်းပစ်ခတ်မှုသာ ဖြစ်ပြီး KIA ကချင်လွတ်လပ်ရေးတပ်နဲ့ မပတ်သက်ဘူးလို့ KIA ဘက်က ပြောပါတယ်။ အပြည့်အစုံ အီရတ်လုံခြုံရေး ကျဆင်းမှုကြောင့် ကုလစိုးရိမ်မှုတိုး ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ ကြိုတင်ကြေညာခြင်းမရှိဘဲ အီရတ်ဝန်ကြီးချုပ် Nouri al-Maliki နဲ့ တွေ့ဆုံဆွေးနွေးဖို့ဘဂ္ဂဒက်မြို့ကိုရောက်သွားခဲ့ပြီး တိုင်းပြည်တွင်းဖြစ်နေတဲ့ သွေးထွက်သံယို ပဋိပက္ခတွေရဲ့ အရင်းအမြစ်ကို ရှာဖွေဖြေရှင်းကြဖို့ တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံ အီရန်-နျူကန့်သတ်ရေးနဲ့ ပိတ်ဆို့အရေးယူမှု လျှော့ ချရေး မကြာခင်စမည် အီရန်က ယူရေနီယံသန့်စင်မှုကို ၅ % လောက်ပဲထုတ်လုပ်သန့်စင်၊ သိုလှောင်ထားတဲ့ ယူရေနီယံတွေကိုလည်း ဖျက်ဆီးလျှော့ချပြီး ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူတွေကိုလည်း အီရန်နိုင်ငံထဲ လာရောက်ဖို့ ခွင့်ပြုမှာဖြစ်ပြီး အပြန်အလှန်အနေနဲ့ အမေရိကန်နဲ့ဥရောပကလည်း စီးပွား ပိတ်ဆို့ အရေးယူထားတွေကို လျှော့ချသွားမှာ ဖြစ်ပါတယ်။ အပြည့်အစုံ 12 Years A Slave ဇာတ်ကား ရွှေကမ္ဘာလုံးဆုရရှိ (၇၁) ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုမှာ 12 Years a Slave သမိုင်းနောက်ခံ ဇာတ်ကားက အကောင်းဆုံး ရုပ်ရှင်ဆုကို မျှော်လင့်မထားဘဲ ရသွားခဲ့ပါတယ်။ အပြည့်အစုံ မြန်မာနိုင်ငံမှာ ပြည်သူ့လွှတ်တော် အစည်းအဝေးတွေ ပြန်လည် ကျင်းပနေပြီး၊ ဖွဲ့စည်းပုံ သုံးသပ်ရေး ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာ လကုန်မှာ တင်သွင်းမယ့်အကြောင်းနဲ့ ထိုင်းနိုင်ငံမှာ အစိုးရ ဆန့်ကျင်သူတွေ ဘန်ကောက်မြို့ကို ပိတ်ဆို့ ဆန္ဒပြတဲ့ သတင်းတွေ၊ မကြေးမုံရဲ့... အပြည့်အစုံ အပတ်စဉ်ထုတ်လွှင့်နေကြ မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်ပါ။ အပြည့်အစုံ လွှတ်တော်အစည်းအဝေးတွေ ပြန်လည်ကျင်းပနေပြီး ဖွဲ့စည်းပုံသုံးသပ်ရေး ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာ လကုန်မှာ တင်သွင်းမယ့်အကြောင်း၊ အင်ဒိုနီးရှားမှာ မြန်မာသံရုံးကို ဖောက်ခွဲတိုက်ခိုက်ဖို့ ကြံစည်တဲ့ စစ်သွေးကြွတဦး ထောင်ဒဏ်ချမှတ်ခံရတဲ့ သတင်း၊ ဒိန်းမတ် အိမ်ရှေ့စံမင်းသမီးရဲ့ မြန်မာခရီးစဉ် သတင်းတွေ ပါဝင်ပါတယ်။ အပြည့်အစုံ ဒီသီတင်းပတ်အတွင်း အမေရိကန်နိုင်ငံရေးမှာ အဓိက လွှမ်းမိုးနေတဲ့ အကြောင်းအရာတွေကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။ အပြည့်အစုံ . အပြည့်အစုံ ထိုင်းနိုင်ငံမှာ အစိုးရကို ဆန့်ကျင်ဆန္ဒပြသူတွေရဲ့ ဘန်ကောက်မြို့တော် တခုလုံးကို ပိတ်ဆို့ဆန္ဒပြတဲ့ အစီအစဉ်ကို မနေ့ကပဲ စတင်လိုက်ကြပါတယ်။ ထိုင်းနိုင်ငံရေး ပြဿနာတွေရဲ့ နောက်ဆုံး အခြေအနေနဲ့ ပတ်သက်လို့ ဗွီအိုအေ သတင်းထောက် Gabrielle Paluch ရဲ့ သတင်ပေးပို့ချက်ကို ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။ အပြည့်အစုံ VOA60 World VOA60 World အပြည့်အစုံ VOA60 USA President Obama comments on chemical weapons in Syria during news conference- VOA60 America အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
(၇) ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ စတင်ကျင်းပ
ဘန်ကောက်ဆန္ဒပြမှု ယာဉ်ကြောပိတ်တွေပိတ်ဆို့
မြန်မာသံရုံး ဗုံးဖောက်ဖို့ကြံသူ အင်ဒိုနီးရှားအကြမ်းဖက်သမားကို ပြစ်ဒဏ်ချ
မြန်မာအမျိုးသမီး ကျန်းမာရေးပညာပေး ဒေါ်လာ ၁၅ သန်းကျော် ဒိန်းမတ်လှူ
ထိုင်းနိုင်ငံရေးပြဿနာကြောင့် မြန်မာခရီးသွားတွေ အခက်တွေ့
ဖားကန့်ပစ်ခတ်မှုနဲ့ ဆက်နွယ်မှု မရှိကြောင်း KIA ငြင်းဆို
အီရတ်လုံခြုံရေး ကျဆင်းမှုကြောင့် ကုလစိုးရိမ်မှုတိုး
အီရန်-နျူကန့်သတ်ရေးနဲ့ ပိတ်ဆို့အရေးယူမှု လျှော့ ချရေး မကြာခင်စမည်
12 Years A Slave ဇာတ်ကား ရွှေကမ္ဘာလုံးဆုရရှိ
VOA60 World
VOA60 USA
No comments:
Post a Comment