ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ ဇန်န၀ါရီ ၂၄၊ ၂၀၁၄ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ တီဗွီမဂ္ဂဇင်း၊ တီဗွီသတင်းလွှာ အစီအစဉ်များ... |
| မြန်မာ ဒုချီးယားတန်း အဖြစ်မှန်ဖော်ထုတ်ဖို့ ကုလတောင်းဆို ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ ဒုချီးယားတန်းကျေးရွာမှာ ရဲတပ်ဖွဲ့ဝင်တစ်ဦးအပါအဝင် လူအတော်များများသေဆုံးခဲ့တယ်ဆိုတဲ့ ကိစ္စရပ်ကို စုံစမ်းစစ်ဆေးမှု ချက်ချင်းလုပ်ဖို့ ကုလသမဂ္ဂနဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနတို့က မြန်မာအစိုးရကို တောင်းဆိုခဲ့ကြပါတယ်။ အပြည့်အစုံ မြန်မာအစိုးရသဘောထား မပြောင်းသေးဟု တိုင်းရင်းသား ခေါင်းဆောင်ပိုင်းပြော KNU ထိန်းချုပ်နယ်မြေ လော်ခီးလာစခန်းအတွင်းမှာ ကျင်းပနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ စတုတ္ထမြောက်နေ့ အစည်းအဝေးမှာ အပစ်ရပ်ဆွေးနွေးပွဲတွေ မတိုင်ခင် တိုင်းရင်းသားတွေဘက်က တင်ပြမယ့် အဆိုပြုချက်တွေကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြပြီး လက်ရှိအစိုးရက အရင်အစိုးရလိုပဲ သဘောထား မပြောင်းဘူးလို့လည်း ပြောသွားခဲ့ပါတယ်။ အပြည့်အစုံ ၂၀၁၃ ခုနှစ်အတွင်း ကမ္ဘာ့တလွှား လွတ်လပ်မှု အတိုင်းအတာ ကျဆင်းခဲ့ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်အတွင်း ကမ္ဘာတဝန်းမှာ လွတ်လပ်မှုအတိုင်းအတာ ကျဆင်းခဲ့တယ်လို့ ကမ္ဘာတဝန်းလွတ်လပ်မှုအခြေအနေကို စောင့်ကြည့်လေ့လာ မှတ်တမ်းတင်နေတဲ့ Freedom House အဖွဲ့က ပြောလိုက်ပါတယ်။ အပြည့်အစုံ မြန်မာဖွံ့ဖြိုးရေးကူညီမှု ဗြိတိန်လွှတ်တော်မှာ ကြားနာ မြန်မာ့ဒီမိုကရေစီစနစ်ပြောင်းလဲရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗြိတိန်အစိုးရ နိုင်ငံတကာဖွံ့ဖြိုးမှု အကူအညီပေးရေးဌာန DIFID ရဲ့ဆောင်ရွက်မှုတွေကို ဗြိတိန်ပါလီမန် နိုင်ငံတကာ ဖွံ့ဖြိုးရေးကော်မတီမှာ ကြားနာခဲ့ချိန် ရခိုင်ပြည်နယ်အရေးဟာ ရှု့ပ်ထွေးတဲ့ပြဿနာတစ်ရပ်ဆိုတာ နားလည်လာခဲ့တဲ့အကြောင်း ထည့်သွင်းပြောခဲ့ပါတယ်။ အပြည့်အစုံ ကုလ၊ လွှတ်တော်အမတ်တွေနဲ့ ရခိုင်အစိုးရအဖွဲ့ မောင်တောအရေး သွားရောက်စုံစမ်း လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်း ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံ မွတ်ဆလင်တွေကြားမှာ ပဋိပက္ခဖြစ်ပွားခဲ့ပြီး အသေအပျောက်ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂကိုယ်စားလှယ်တွေ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ရခိုင်အစိုးရအဖွဲ့ဝင်တွေ သွားရောက်စစ်ဆေးခဲ့ကြပါတယ်။ အပြည့်အစုံ မှော်ဘီအမြောက်တပ် လက်နက်နဲ့ကျည်တချို့အခိုးခံရ မှော်ဘီမြို့နယ်၊ အမှတ် (၅၀၁၀) တင့်ကားတပ် လက်နက်တိုက်က MA 13 အမျိုးအစား ရိုင်ဖယ်လ် ၂ လက် နဲ့ (၉) မမ ကျည် (၅၀၀) အပါအဝင် ကျည် ၂ ကပ် ပျောက်ဆုံးသွားကြောင်း မှော်ဘီရဲစခန်းက အတည်ပြုခဲ့ပြီး ၄၉ ခုနှစ်၊ လက်နက်အရေးပေါ် ပြစ်ဒဏ်စီရင်မှု ယာယီအက်ဥပဒေပုဒ်မ ၂/၁ (က) အရ စုံစမ်းလျှက်ရှိကြောင်း ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံ ထိုင်းဆန္ဒပြမှုကြောင့် မြန်မာအလုပ်သမားတချို့ အလုပ်ပြုတ် ထိုင်းနိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်း ပြည်ပက အလုပ်လုပ်ကိုင်သူတွေရဲ့ ဗီဇာသက်တမ်းတိုးရေးကိစ္စမှာ နှောင့်နှေးနေရတာကြောင့် ဗီဇာသက်တမ်းကုန်သွားတဲ့ မြန်မာအလုပ်သမားတွေဟာ အလုပ်လက်မဲ့ဖြစ်နေကြရပြီး စား၊ ဝတ် နေရေး စတင်ခက်ခဲလာနေကြောင်း ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံ စက်ရုပ်စစ်သား သုံးဖို့ အမေရိကန်စဉ်းစား အမေရိကန်စစ်မှုထမ်းအရေအတွက်လျှော့ချပြီး စက်ရုပ်တွေနဲ့ အစားထိုးဖို့ စီစဉ်နေပြီး ၂၀၁၉ ခုနှစ်မှာ စစ်သား ၁ သိန်းနီးပါးကို လျှော့ချမှာဖြစ်တဲ့အကြောင်း လေ့ကျင့်ရေးနဲ့ မူဝါဒချမှတ်ရေးဆိုင်ရာ စစ်ဌာနချုပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး Robert Cone က ပြောလိုက်ပါတယ်။ အပြည့်အစုံ တောင်ဆူဒန်ပြည်တွင်းစစ် အပစ်ရပ် တောင်ဆူဒန်နိုင်ငံမှာ အစိုးရနဲ့ သူပုန်တွေကြား အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးခဲ့ကြတဲ့အတွက် သီတင်းပတ်နဲ့ချီပြီး အသေအကျေ တိုက်ခိုက်နေတာတွေ အဆုံးသတ်ဖွယ် ရှိနေပါတယ်။ အပြည့်အစုံ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်သတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့တယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အရာရှိတွေရဲ့ ထုတ်ပြန်ချက်၊ ကမ္ဘာတ၀န်း လွတ်လပ်ခွင့်ဆိုင်ရာ Freedom House အဖွဲ့ကြီးရဲ့ အစီရင်ခံစာ၊ ၁၉၆၂... အပြည့်အစုံ တမိနစ် အင်္ဂလိပ်စာအစီအစဉ်မှာ The Ball is in Your Court ဆိုတဲ့ အသုံးအနှုန်းအကြောင်း တင်ပြထားပါတယ်။ အပြည့်အစုံ ကမ္ဘောဒီးယားနိုင်ငံ ခမာနီ အစိုးရလက်ထက်က အသက်မသေ ကျန်ရစ်ခဲ့ကြတဲ့ ဂီတပညာရှင်တွေ မကြာခင်က တစုတစည်းတည်း ပြန်လည် စုစည်းခဲ့ကြပြီး သူတို့ကို ကြိုက်နှစ်သက်သူ လူကြီးလူငယ်တွေကို စင်မြင့်ပေါ်ကနေ ဖျော်ဖြေခဲ့ကြပါတယ်။ Rick Valenzuela ပေးပို့ထားတဲ့သတင်းကို မခင်ဖြူထွေးက ပြောပြပေးပါမယ်။ အပြည့်အစုံ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်အတွင်း ကမ္ဘာတဝန်းမှာ လွတ်လပ်မှုအတိုင်းအတာ ကျဆင်းခဲ့တယ်လို့ ကမ္ဘာတဝန်းလွတ်လပ်မှု အခြေအနေကို စောင့်ကြည့်လေ့လာနေတဲ့ Freedom House အဖွဲ့က ပြောလိုက်ပါတယ်၊ အပြည့်အစုံ ၁၉၆၂ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ နိုင်ငံရေးအကျဉ်းသား စာရင်းတွေကို AAPP နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းနဲ့ FFPS နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ကပူးတွဲပြီးစတင်ကောက်ခံနေပါတယ်။ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က တာဝန်ရှိသူတဦးလည်းဖြစ်တဲ့ ဦးရဲအောင်ကို VOA က ဆက်သွယ်မေးမြန်းထားပါတယ်။ အပြည့်အစုံ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှု ဖြစ်ပွားတယ်ဆိုတဲ့ သတင်းတွေအပေါ် စိုးရိမ်တဲ့အကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲရဲ့ ကြေညာချက်၊ ကလေးစစ်သားတွေ ပြန်လွှတ်ပေးနေတဲ့ အခြေအနေနဲ့ မလေးရှားမှာ တရားမ၀င် အလုပ်သမားတွေကို နှိမ်နှင်းနေတဲ့အကြောင်း သတင်းတွေ ပါဝင်ပါတယ်။ အပြည့်အစုံ VOA60 World VOA60 World အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
ဒုချီးယားတန်း အဖြစ်မှန်ဖော်ထုတ်ဖို့ ကုလတောင်းဆို
မြန်မာအစိုးရသဘောထား မပြောင်းသေးဟု တိုင်းရင်းသား ခေါင်းဆောင်ပိုင်းပြော
၂၀၁၃ ခုနှစ်အတွင်း ကမ္ဘာ့တလွှား လွတ်လပ်မှု အတိုင်းအတာ ကျဆင်းခဲ့
မြန်မာဖွံ့ဖြိုးရေးကူညီမှု ဗြိတိန်လွှတ်တော်မှာ ကြားနာ
ကုလ၊ လွှတ်တော်အမတ်တွေနဲ့ ရခိုင်အစိုးရအဖွဲ့ မောင်တောအရေး သွားရောက်စုံစမ်း
မှော်ဘီအမြောက်တပ် လက်နက်နဲ့ကျည်တချို့အခိုးခံရ
ထိုင်းဆန္ဒပြမှုကြောင့် မြန်မာအလုပ်သမားတချို့ အလုပ်ပြုတ်
စက်ရုပ်စစ်သား သုံးဖို့ အမေရိကန်စဉ်းစား
တောင်ဆူဒန်ပြည်တွင်းစစ် အပစ်ရပ်
VOA60 World
No comments:
Post a Comment