ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ ဇန်န၀ါရီ ၂၁၊ ၂၀၁၄ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ တီဗွီမဂ္ဂဇင်း၊ တီဗွီသတင်းလွှာ အစီအစဉ်များ... |
တရုတ် ဆန့်ကျင်ရေး ဗီယက်နမ်မှာ ဆန္ဒပြ တောင်တရုတ်ပင်လယ်ထဲမှာဖြစ်ခဲ့တဲ့ သွေးချောင်းစီးတိုက်ပွဲ နှစ် ၄၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို ဗီယက်နမ်အစိုးရက နှောင့်ယှက် ဟန့်တားခဲ့တဲ့ အတွက် တက်ကြွလှုပ်ရှားသူတွေက အစိုးရကို ဝေဖန် ပြစ်တင် လိုက်ပါတယ်။ အပြည့်အစုံ မောင်တောတည်ငြိမ်ရေး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ဖို့ ဒေသခံ အမတ်တွေ တောင်းဆို ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့တွေ အကြား အပြန်အလှန် မယုံကြည်မှုတွေဖြစ်ပြီး အခြေအနေတွေ ပိုတင်းမာလာတဲ့အတွက် ဒေသကိုယ်စားပြု လွှတ်တော်အမတ်တချို့က အာဏာပိုင်တွေအနေနဲ့ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ပြီး ကိုင်တွယ်ဖြေရှင်းသွားဖို့ လိုတယ်လို့ ထောက်ပြပြောဆိုနေပါတယ်။ အပြည့်အစုံ ပုပ်ရဟန်းမင်းကြီး မြန်မာ နိုင်ငံ လာရောက်ဖို့ ကက်သလစ် အသင်းတော် ဖိတ်ကြား မြန်မာနိုင်ငံမှာ သုံးရက်တာ ကျင်းပမယ့် ကက်သလစ် သာသနာ ရောက်ရှိခြင်း နှစ် (၅၀၀) ပြည့်ပွဲတော်ကို ပုပ်ရဟန်း မင်းကြီး ကြွရောက်ပေးဖို့ ကက်သလစ်အသင်းတော် ဖိတ်ကြားထားပါတယ်။ အပြည့်အစုံ သြစတြေးလျ မြန်မာ စစ်ရေး ဆက်ဆံမှု တိုးမြှင့် သြစတေးလျနိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ စစ်သံမှူးအသစ် ခန့်အပ်ပြီး စစ်ရေးအရ ဆက်ဆံမှုကို ပြန်လည် တည်ထောင်လိုက်ချိန် ရန်ကုန်ဆိပ်ကမ်းကို သြစတေးလျက တော်ဝင်ရေတပ်စစ်သင်္ဘော HMAS Childers ရောက်ရှိတာနဲ့လည်း တိုက်ဆိုင်နေပါတယ်။ အပြည့်အစုံ ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အီရန် တက်မည်မဟုတ် ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ဒီသီတင်းပတ်ကျင်းပမယ့် ဆီးရီးယား ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အီရန်နိုင်ငံ မတက်ရောက်ဘဲနဲ့ ကျင်းပတော့မှာဖြစ်ပါတယ်။ အပြည့်အစုံ ၂၀၁၃နှစ် တရုတ် စီးပွါးရေး တိုးတက်မှု နှေးကွေး တရုတ်နိုင်ငံရဲ့ ၂၀၁၃ ခုနှစ် နောက်ဆုံးလေးလပတ်မှာ စီးပွားရေး တိုးတက်မှုနှုန်း နှေးကွယ်ခဲ့တယ်လို့ တရုတ်အစိုးရက ကြေညာလိုက်ပြီး ဒီထက်ထပ်ပြီး တိုးတက်မှု နှေးကွေးစရာရှိတယ်လို့ ဆိုပါတယ်။ အပြည့်အစုံ ငြိမ်းချမ်းရေးဆွးနွေးပွဲ ကုလ အီရန်ဖိတ်ကြားမှု ဆီးရီးယား အတိုက်အခံ မကျေနပ် အီရန်ကို ဖိတ်ခေါ်ထားတာ ကုလသမဂ္ဂအနေနဲ့ ပြန်လည်ရုပ်သိမ်းပေးခြင်းမရှိရင် ဆွေးနွေးပွဲမှာ ပါမှာမဟုတ်ဘူးလို့ ဆီးရီးယားအမျိုးသား ညွန့်ပေါင်းအဖွဲ့က ပြောပါတယ်။ အပြည့်အစုံ အီဂျစ်သမ္မတဟောင်း မော်စီ အပေါ် နောက်ထပ် စွဲချက်သစ်တင် ရာထူးကဖြုတ်ချခံလိုက်ရတဲ့ အီဂျစ်သမ္မတဟောင်း မိုဟာမက် မော်စီဟာ တရားစီရင်ရေးကို စော်ကားတယ် မထေ့မဲမြင်ပြုတယ်ဆိုတဲ့ စွဲချက်နဲ့ ထပ်ပြီးတော့ တရားရင်ဆိုင်ရမှာဖြစ်ပါတယ်။ အပြည့်အစုံ ယူကရိန်းမှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ကြား ပဋိပက္ခဖြစ် ယူကရိန်းဆန္ဒပြသူတွေထဲက အတော်များများဟာ ဦးထုပ်အမာတွေ၊ ဓါတ်ငွေ့ဒဏ်ခံနိုင်တဲ့ မျက်နှာဖုံးတွေကို ၀တ်ဆင်ထားပြီးတော့၊ မီးသတ်ဗူးတွေ၊ မီးကျည်တွေ အသုံးပြုပြီးတော့ ရဲတွေကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အပြည့်အစုံ နည်းပညာသုံး ဝတ်ဆင်စရာများ အပြည့်အစုံ အရပ်သားအစိုးရလက်ထက် စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ဆက်ရှိဆဲ "၂၀၀၈ ဖွဲ့စည်းပုံအရ အထူးအခွင့်အရေးရနေတဲ့ မြန်မာစစ်တပ်ဟာ အပြစ်ကျူးလွန်မှုတွေကနေ ကင်းလွတ်ခွင့် ရနေတဲ့အတွက် အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေဟာလည်း ကျယ်ကျယ်ပြန့်ပြန့် ဆက်လက် ဖြစ်ပွားနေတာဖြစ်တယ်" - WLB တွဲဘက် အထွေထွေ အတွင်းရေးမှူး - ၂ ဂျူလီယာ မာရစ်(ပ်) အပြည့်အစုံ လူ့ဘောင်သစ်ပါတီရဲ့ အနာဂတ် ဇန်န၀ါရီ ၁၉၊ ၂၀၁၄ - လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ ပြန်လည်ထူထောင်ရေးကာလ ဦးဆောင်မှုအပိုင်းမှာ ကွဲလွဲမှုသတင်းတွေလည်း အဆက်မပြတ် ထွက်ပေါ်နေတာနဲ့ပတ်သက်ပြီး ပါတီရဲ့ ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ ဦးအောင်မိုးဇော်ကို ဗွီအိုအေက ဆက်သွယ်မေးမြန်းထားပါတယ်။ အပြည့်အစုံ မြန်မာ့ဆိုက္ကားဆရာတွေရဲ့ ဘ၀ အပြောင်းအလဲတွေ ဖြစ်လာနေတဲ့ မြန်မာနိုင်ငံမှာ အစဉ်အလာ သယ်ယူပို့ဆောင်ရေးစနစ်တစ်ခုမှာ လုပ်ကိုင်နေသူတွေရဲ့ အသက်မွေးဝမ်းကြောင်း တစေ့တစောင်းကို တင်ပြထားပါတယ်။ အပြည့်အစုံ တပ်မတော်နဲ့ ပြည်သူအကြား သင့်မြတ်ရေးမှာ ၂၀၀၈ ဖွဲ့စည်းပုံက အဟန့်အတား ဖြစ်နေတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်၊ မြန်မာနဲ့ သြစတြေးလျ စစ်ရေးဆက်ဆံမှု အကြောင်း သတင်းနဲ့ ဆိုက္ကားသမားတွေရဲ့ ဘ၀ ဆောင်းပါး အပါအ၀င် မကြေးမုံရဲ့ အင်္ဂလိပ်စာ အပြည့်အစုံ Hat စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ ဇန်န၀ါရီ ၁၈၊ ၂၀၁၄ - ဒီတပတ် ဦးထုပ်လို့ အဓိပ္ပါယ်ရတဲ့ Hat ကို အခြေခံတဲ့ အီဒီယမ်အသုံးတွေဖြစ်တဲ့ Wear Many Hats ….Eat my Hat …. Keep it under your Hat တို့ကို တင်ပြဖြစ်ပါတယ်။ အပြည့်အစုံ တပ်မတော်နဲ့ ပြည်သူအကြား သင့်မြတ်ရေးမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက အဟန့်အတား ဖြစ်နေတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်၊ မြန်မာနဲ့ သြစတြေးလျ စစ်ရေးဆက်ဆံမှု ပြန်လည်ထူထောင်တဲ့ သတင်းနဲ့ မြန်မာနိုင်ငံက သစ်လုံးနဲ့ ခွဲသားတွေ ပြည်ပကို တင်ပို့မှု ကန့်သတ်တော့မယ်ဆိုတဲ့ သတင်းတွေ ပါဝင်ပါတယ်။ အပြည့်အစုံ VOA တီဗွီသတင်းလွှာ အစီအစဉ်ကို ဆက်လက်ထုတ်လွှင့်နေပါတယ်။ ဒီသတင်းပတ်အတွင်း အမေရိကန်နိုင်ငံရေးမှာ အဓိက လွှမ်းမိုးနေတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ကိုသိန်းထိုက်ဦးက တင်ပြပါလိမ့်မယ်။ အပြည့်အစုံ KM အပြည့်အစုံ ဒီကနေ့ခေတ်သစ် တောင်ကိုရီးယား နိုင်ငံကိုထူထောင်ရာမှာတချိန်က ရွှေ့ပြောင်းအလုပ်သမားတွေအဖြစ် ပြည်ပကိုသွားရောက်အလုပ်လုပ်ခဲ့ကြသူတွေရဲ့အခန်းကဏ္ဍကလည်းအရေးပါခဲ့ပါတယ်။လွန်ခဲ့တဲ့ နှစ်ပေါင်း၅၀ လောက်ကပထမဆုံးအသုတ် အဖြစ်နဲ့ ဂျာမဏီနိုင်ငံက သတ္ထုတွင်းတွေမှာ သွားရောက်အလုပ်လုပ်သူတွေအကြောင်း ကိုအောင်လွင်ဦး ပြောပြပေးမှာပါ။ အပြည့်အစုံ မြန်မာနိုင်ငံမှာ စီးပွားရေးနဲ့ နိုင်ငံရေးပိုင်း ပြုပြင်ပြောင်းလဲမှု အပြောင်းအလဲတွေ အရှိန်မြင့်လာနေပေမဲ့လည်း ရန်ကုန်မြို့မှာ ဆိုက္ကားနင်းပြီး အသက်မွေးဝမ်းကျောင်းနေရသူတွေမှာတော့ အနိုင်နိုင် ရုန်းကန်နေရဆဲ ဖြစ်တဲ့အကြောင်း AP သတင်းဆောင်းပါး တစ်ပုဒ်ကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။ အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
တရုတ် ဆန့်ကျင်ရေး ဗီယက်နမ်မှာ ဆန္ဒပြ
မောင်တောတည်ငြိမ်ရေး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ဖို့ ဒေသခံ အမတ်တွေ တောင်းဆို
ပုပ်ရဟန်းမင်းကြီး မြန်မာ နိုင်ငံ လာရောက်ဖို့ ကက်သလစ် အသင်းတော် ဖိတ်ကြား
သြစတြေးလျ မြန်မာ စစ်ရေး ဆက်ဆံမှု တိုးမြှင့်
ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အီရန် တက်မည်မဟုတ်
၂၀၁၃နှစ် တရုတ် စီးပွါးရေး တိုးတက်မှု နှေးကွေး
ငြိမ်းချမ်းရေးဆွးနွေးပွဲ ကုလ အီရန်ဖိတ်ကြားမှု ဆီးရီးယား အတိုက်အခံ မကျေနပ်
အီဂျစ်သမ္မတဟောင်း မော်စီ အပေါ် နောက်ထပ် စွဲချက်သစ်တင်
ယူကရိန်းမှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ကြား ပဋိပက္ခဖြစ်
နည်းပညာသုံး ဝတ်ဆင်စရာများ
အရပ်သားအစိုးရလက်ထက် စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ဆက်ရှိဆဲ
လူ့ဘောင်သစ်ပါတီရဲ့ အနာဂတ်
မြန်မာ့ဆိုက္ကားဆရာတွေရဲ့ ဘဝ
Hat စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ
No comments:
Post a Comment