ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ ဇန်န၀ါရီ ၂၅၊ ၂၀၁၄ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ တီဗွီမဂ္ဂဇင်း၊ တီဗွီသတင်းလွှာ အစီအစဉ်များ... |
| မြန်မာ ဒုချီးရားတန်း ကိစ္စ နိုင်ငံတကာမှာ ဂယက် ရိုက်ဆဲ ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ ဒုချီးရားတန်းကျေးရွာမှာ ဖြစ်ခဲ့တယ်ဆိုတဲ့ အကြမ်းဖက်မှုတွေအပေါ် အမေရိကန်ပြည်ထောင်စု၊ EU ဥရောပသမဂ္ဂနဲ့ ကုလသမဂ္ဂက စိုးရိမ်ပူပင်ကြောင်းနဲ့ သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတစ်ခု ချက်ခြင်းလုပ်ဖို့နဲ့ ကျူးလွန်သူတွေကို အရေးယူဖို့ မြန်မာအစိုးရကို တိုက်တွန်းလိုက်ကြပါတယ်။ အပြည့်အစုံ ဒုချီးရားတန်းပဋိပက္ခ နိုင်ငံတကာ ပြောဆိုမှုတွေကို မြန်မာအစိုးရတုံ့ပြန် ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်းရွာမှာ ဖြစ်ပျက်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး - လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ချက်ချင်းလုပ်ဆောင်ဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ တောင်းဆိုချက်တွေအပေါ် အလွန်အမင်း စိတ်ပျက်မိကြောင်း မြန်မာအစိုးရ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ဗွီအိုအေကို ပြောဆိုပါတယ်။ အပြည့်အစုံ အပစ် ရပ်ပြီး မှ နိုင်ငံရေး ဆွေးနွေးဖို့ တိုင်းရင်းသားညီလာခံ ဆုံးဖြတ် ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်ရာ လောခီးလာ မှာ ဒီကနေ့ဆက်ပြီးကျင်းပတဲ့ တိုင်းရင်းသားလက်နက်ကိုင်များအဖွဲ့ရဲ့ ညီလာခံအတွင်း မြန်မာအစိုးရတပ်တွေ နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား အပစ်အခတ် ရပ်စဲပြီးမှ နိုင်ငံရေးဆွေးနွေး သွားဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက သဘောတူလိုက်ကြပါတယ်။ အပြည့်အစုံ ဒေါ်စုရှမ်းပြည် တောင်ပိုင်း ခရီးစဉ် စ NLDအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှမ်းပြည်ခရီးစဉ်ကို ရှမ်းတိုင်းရင်းသား ဒေသခံတွေကလည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြပါတယ်။ အပြည့်အစုံ NDF ကချင်ပြည်နယ် ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာ ပြန်လွတ် လူသေမှုအပါအ၀င် အမှု၃မှုနဲ့ ဖားကန့်မြို့နယ် ရဲစခန်းမှာ ချုပ်နှောင်ခံထားရတဲ့ အမျိုးသားဒီမိုကရေစီအင်အားစုNDF ပါတီရဲ့ ကချင်ပြည်နယ်ဥက္ကဌ ဒေါ်ဘောက်ဂျာဟာ ဒီကနေ့ အချုပ်ကနေ လွတ်မြောက်လာပြီဖြစ်ပါတယ်။ အပြည့်အစုံ မြန်မာဒုက္ခသည်တွေ ပြန်လည် ထူထောင်ရေး ICRC အကူအညီ ပိုပေး အိုင်စီအာစီအနေနဲ့ မြန်မာနိုင်ငံတွင်းမှာ လာမယ့် ၂၀၁၄ ခုနှစ်အတွင်း ၂၄ သန်းအထိ တိုးချဲ့သုံးစွဲသွားမှာဖြစ်ပြီး၊ ပဋိပက္ခနေရာတွေက ဒုက္ခသည်တွေအတွက် အသက်မွေးဝမ်းကျောင်းမှုလုပ်ငန်း ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ ပိုပြီး အသုံးချသွားမယ်လို့ သိရပါတယ်။ အပြည့်အစုံ Apple Macintosh ကွန်ပျူတာနှစ် ၃၀ ပြည့် သောကြာနေ့ဟာ Apple Macintosh ကွန်ပျူတာရဲ့ နှစ် ၃၀ ပြည့်မြောက်တဲ့ ပျော်ရွှင်စရာ မွေးနေ့ အခါသမယ ဖြစ်ပါတယ်။ အပြည့်အစုံ ဆီးရီးယားအစိုးရနဲ့ အတိုက်အခံ တခန်းတည်း အတူထိုင်ဆွေးနွေးမည် ဆီးရီးယားနိုင်ငံအတွင်း သုံးနှစ်နီးပါး ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကို အဖြေရှာနိုင်ဖို့ အတွက် ဆီးရီးယား အစိုးရဖက်က ကိုယ်စားလှယ်တွေ၊ အနောက်နိုင်ငံတွေက ထောက်ခံမှုပေးထားတဲ့ အတိုက်ခံတွေဟာ ပထမဦးဆုံး အကြိမ်အဖြစ် တွေ့ဆုံဆွေးနွေးနေကြပါတယ်။ အပြည့်အစုံ နှစ်နိုင်ငံပေါင်းစည်းရေး တောင်ကိုရီးယားကို မြောက်ကိုရီးယား အိတ်ဖွင့်ပေးစာပို့ ရန်လိုတဲ့ စစ်ရေးလုပ်ဆောင်မှုတွေကို လုံးဝ ရပ်တန့်ဖို့၊ ကွဲကွာနေတဲ့ မိသားစုတွေပေါင်းစည်းဖို့အတွက်ကိစ္စ အကောင်အထည်ဖော်ဖို့ နဲ့ တောင်နဲ့ မြောက်ကိုရီးယားကြား ပူးပေါင်းဆောင်ရွက်မှုတွေ နဲ့ ဖလှယ်မှုတွေအများအပြား ပြန်ပြီး အားကောင်းလာအောင် လုပ်သွားဖို့ စာတစ်စောင် မြောက်ကိုရီးယားက တောင်ကိုရီးယားကိုပို့။ အပြည့်အစုံ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တယ်ဆိုတဲ့ သတင်းတွေအပေါ် နိုင်ငံတကာရဲ့စိုးရိမ်မှုတွေ နဲ့ မြန်မာအစိုးရရဲ့ တုံ့ပြန်ချက်၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် ရွေးချယ်ခံခွင့်အပေါ် သူရဦးရွှေမန်းရဲ့ သဘောထား၊ စီးပွားရေးလုပ်ငန်းတွေနဲ့ လူမှုဝန်းကျင် ဖွံ့ဖြိုးရေး အကြံပေးချက်တွေကို ရှုစားကြရမှာပါ။ အပြည့်အစုံ တရုတ်နှစ်သစ်ကူးကာလ အမေရိကန်ပြည်ထောင်စု အနောက်ဘက်ခြမ်း ကယ်လီဖိုးနီးယား ပြည်နယ်မှာ ရောက်နေတဲ့ တရုတ် လူမျိုးတွေရဲ့ ကုန်စည်ပြပွဲနဲ့ ရိုးရာနှစ်သစ်ကူးပွဲကို ပူးတွဲ ကျင်းပကြပါတယ်။ VOA သတင်းထောက် Elizabeth Lee သတင်းပေးပို့ထားတာကို မခင်ဖြူထွေးက ပြောပြပါလိမ့်မယ်။ အပြည့်အစုံ အီဂျစ်နိုင်ငံမှာ သမ္မတ ဟော့စနီမူဘာရက်ကို ဖြုတ်ချနိုင်တဲ့ လူထုလှုပ်ရှားမှု (၃)နှစ် ပြည့်မြောက်သွားပါပြီ။ အီဂျစ်ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးပေါ် ဝေဖန် ပြောဆိုချက်တွေနဲ့ပတ်သက်လို့ သတင်းထောက် Elizabeth Arrott ကိုင်ရိုမြို့က ပေးပို့တဲ့ သတင်းကို ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။ အပြည့်အစုံ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တယ်ဆိုတဲ့ သတင်းတွေအပေါ် နိုင်ငံတကာရဲ့ စိုးရိမ်မှုတွေနဲ့ မြန်မာအစိုးရရဲ့ တုံ့ပြန်ချက်၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် ရွေးချယ်ခံခွင့်အပေါ် သူရဦးရွှေမန်းရဲ့ သဘော ထားနဲ့ မြန်မာနိုင်ငံအတွက် ICRC ရဲ့ အကူအညီအကြောင်း သတင်းတွေ ပါဝင်ပါတယ်။ အပြည့်အစုံ ဂျူးလူမျိုးတွေရဲ့ အနုပညာလက်ရာကို ဒုတိယကမ္ဘာစစ်အတွင်း နာဇီတွေ ခိုးယူသွားတဲ့အတွက် ပြန်ပေးရေးတောင်း ဆိုဖို့ နိုင်ငံတကာမှာ အရှိန်မြှင့် လုပ်ဆောင်လာပါတယ်။ အနုပညာပစ္စည်းတွေ ပြန်လည် ရှာဖွေဖို့ အစ္စရေးနိုင်ငံက ပြတိုက်တွေကို တိုက်တွန်းနေပါတယ်။ VOAသတင်းထောက် Mike Richman ရဲ့သတင်းကို ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။ အပြည့်အစုံ စီးပွားရေးလုပ်ငန်းတွေမှာ သဘာဝပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှုမရှိစေဘဲနဲ့ လူမှုဝန်းကျင် တိုးတက် လာဖို့ အတွက် လုပ်ငန်းရှင်တွေ အစိုးရအဖွဲ့အစည်းတွေ သာမက အရပ်ဘက်အဖွဲ့အစည်းတွေ အားလုံး ပူးပေါင်းေ ဆာင်ရွက်ဖို့ လိုအပ်တယ်လို့ ပညာရှင်တွေက အကြံပြုပြောဆိုနေပါတယ်။ မြစ်မခ သတင်းအေဂျင်စီက မမေသင်္ကြန်ဟိန်က တင်ပြပါလိမ့်မယ်။ အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
ဒုချီးရားတန်း ကိစ္စ နိုင်ငံတကာမှာ ဂယက် ရိုက်ဆဲ
ဒုချီးရားတန်းပဋိပက္ခ နိုင်ငံတကာ ပြောဆိုမှုတွေကို မြန်မာအစိုးရတုံ့ပြန်
အပစ် ရပ်ပြီး မှ နိုင်ငံရေး ဆွေးနွေးဖို့ တိုင်းရင်းသားညီလာခံ ဆုံးဖြတ်
ဒေါ်စုရှမ်းပြည် တောင်ပိုင်း ခရီးစဉ် စ
NDF ကချင်ပြည်နယ် ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာ ပြန်လွတ်
မြန်မာဒုက္ခသည်တွေ ပြန်လည် ထူထောင်ရေး ICRC အကူအညီ ပိုပေး
Apple Macintosh ကွန်ပျူတာနှစ် ၃၀ ပြည့်
ဆီးရီးယားအစိုးရနဲ့ အတိုက်အခံ တခန်းတည်း အတူထိုင်ဆွေးနွေးမည်
နှစ်နိုင်ငံပေါင်းစည်းရေး တောင်ကိုရီးယားကို မြောက်ကိုရီးယား အိတ်ဖွင့်ပေးစာပို့
No comments:
Post a Comment