Saturday, January 18, 2014

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - ဇန်န၀ါရီ ၁၈ ၊၂၀၁၄

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
ဇန်န၀ါရီ ၁၈၊ ၂၀၁၄

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ တီဗွီမဂ္ဂဇင်း၊ တီဗွီသတင်းလွှာ အစီအစဉ်များ...

 
ဆေးလိပ်အန္တရာယ် သိထားတာထက် ကြောက် မက်ဖွယ် ဆေးလိပ်အန္တရာယ် သိထားတာထက် ကြောက် မက်ဖွယ်
စီးကရက်သောက်ခြင်းရဲ့အန္တရာယ်ဟာ အရင်တုန်းက ထင်ထားတာထက် ပိုပြီးတော့ ဆိုးဝါးပြင်းထန်တယ်လို့ အမေရိကန်ပြည်ထောင်စု ဆေးမှုးချုပ်ရဲ့ အစီရင်ခံစာအသစ်တစ်ခုက သတိပေးဖော်ပြလိုက်ပါတယ်။ အပြည့်အစုံ
 
မြန်မာ

အစိုးရစစ်တပ်က ကလေးစစ်သား ၉၆ ယောက်ကို ပြန်အပ် အစိုးရစစ်တပ်က ကလေးစစ်သား ၉၆ ယောက်ကို ပြန်အပ်
ကလေးစစ်သား ၉၆ ယောက်ကို အစိုးရလက်နက်ကိုင်တပ်ဖွဲ့ကရွေးထုတ်ပြီး မိဘရပ်ထဲ ပြန်လည်အပ်နှံလိုက်တာကို ကုလသမဂ္ဂက ချီးကျူးလိုက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း ကုလသမဂ္ဂနဲ့ အလားတူ သဘောတူညီချက်ရယူ ဆောင်ရွက်ဖို့ တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံ
 
ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေ ပုဒ်မ ၁၈ နဲ့ ရင်ဆိုင်ရဆဲ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေ ပုဒ်မ ၁၈ နဲ့ ရင်ဆိုင်ရဆဲ
သိမ်းဆည်းခံလယ်မြေတွေ ပြန်ပေးရေး လွှတ်တော်မှာ တင်ပြထားပေမယ့် အကြောင်းမထူးတဲ့အတွက် ကျောက်တံတားမြို့နယ်မှာ ဆန္ဒပြခွင့်တောင်းခဲ့တာမှာ ခွင့်ပြုချက်မရဘဲ ဆန္ဒပြခဲ့ကြတဲ့အတွက် တက်ကြွလှုပ်ရှားသူတချို့ကို ပုဒ်မ ၁၈ နဲ့ အမှုဖွင့်လိုက်ပါတယ်။ အပြည့်အစုံ
 
ရခိုင်ပြည်နယ်က ရဲတပ်ဖွဲ့နဲ့ ရိုဟင်ဂျာ ထိပ်တိုက်ရင်ဆိုင်မှု သတင်း ကန်နဲ့ ကုလစိုးရိမ်  ရခိုင်ပြည်နယ်က ရဲတပ်ဖွဲ့နဲ့ ရိုဟင်ဂျာ ထိပ်တိုက်ရင်ဆိုင်မှု သတင်း ကန်နဲ့ ကုလစိုးရိမ်
ရန်ကုန်က အမေရိကန်သံရုံးနဲ့ ဗြိတိန်သံရုံးကလည်း မောင်တောမြို့နယ်က အကြမ်းဖက်မှုဖြစ်တယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး အထူးစိုးရိမ် မကင်းဖြစ်ရတဲ့အတွက် ပြည်ထောင်စု အစိုးရအနေနဲ့ရော ပြည်နယ်ဒေသခံ အာဏာပိုင်တွေအနေနဲ့ပါ ရခိုင်ပြည်နယ်ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးရေး ရေရှည်တည်တံ့ဖို့အတွက် အခြေအနေ ဖန်တီးပေးပါရန်တောင်းဆို အပြည့်အစုံ
 
ကချင်နဲ့ ရခိုင် ဒုက္ခသည်တွေအတွက်  ဒေါ်လာ၅သန်းခွဲ  ကုလ ပံ့ပိုးမည် ကချင်နဲ့ ရခိုင် ဒုက္ခသည်တွေအတွက် ဒေါ်လာ၅သန်းခွဲ ကုလ ပံ့ပိုးမည်
အထောက်အပံ့တွေ အလုံအလောက်မရဘဲဖြစ်နေတဲ့ ပဋိပက္ခဖြစ်ပွားရာ တိုင်းပြည် ၁၀ ခုအတွက် လူမှုရေး စာနာကူညီတဲ့ အထောက်အပံ့ ဒေါ်လာ ၈၆ သန်း ပေးအပ်သွားမယ့်အကြောင်းနဲ့ ဒီအထဲမှာ မြန်မာနိုင်ငံကို ဒေါ်လာ ၅ သန်းခွဲ ကူညီသွားမှာ ဖြစ်တဲ့အကြောင်း ကုလသမဂ္ဂက မနေ့က ကြေညာလိုက်ပါတယ်။ အပြည့်အစုံ
 
နယ်မြေ အငြင်းပွါးမှု နိုင်ငံတကာစံနဲ့ ဖြေရှင်းဖို့ အာဆီယံ လိုလား နယ်မြေ အငြင်းပွါးမှု နိုင်ငံတကာစံနဲ့ ဖြေရှင်းဖို့ အာဆီယံ လိုလား
တောင်အာရှပင်လယ်ပြင်တ၀ိုက် ငြိမ်းချမ်းမှု တည်ငြိမ်မှု လုံခြုံရေးနဲ့ လွတ်လပ်စွာရေကြောင်းသွားလာခွင့်တွေအတွက် နိုင်ငံတကာစံနှုန်းစံထားတွေအတိုင်း ငြိမ်းချမ်းစွာညှိုနှိုင်းဖြေရှင်းသွားဖို့ဆိုပြီး အာဆီယံဝန်ကြီးတွေက ဆွေးနွေးတောင်းဆိုခဲ့ကြပါတယ်။ အပြည့်အစုံ
 
စစ်ဘက် ဆက်ဆံရေးကို လူ့အခွင့်အရေးနဲ့ တိုင်းတာဖို့ ကန်အမတ်တွေ အဆိုပြု စစ်ဘက် ဆက်ဆံရေးကို လူ့အခွင့်အရေးနဲ့ တိုင်းတာဖို့ ကန်အမတ်တွေ အဆိုပြု
၂၀၁၄ မြန်မာ့လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ဥပဒေထဲမှာ ထည့်သွင်းသင့်တဲ့ အချက်တွေထဲ မြန်မာ့ လူ့အခွင့်အရေး တိုးတက်မှုရှိဖို့နဲ့ စစ်တပ် ပြုပြင် ပြောင်းလဲရေး အတွက် အမေရိကန် စစ်တပ်က မြန်မာကို အတိုင်းအတာနဲ့ဘဲ အထောက်အကူပေးဖို့ အမေရိကန် အမေရိကန် အောက်လွှတ်တော် ဒီမိုကရက်နဲ့ ရီပတ်ပလီကန်အမတ်တို့က ကြေညာလိုက်ပါတယ်။ အပြည့်အစုံ
 
နိုင်ငံတကာ

ဒဏ်ရာရ ထိုင်းဆန္ဒပြသူ သေဆုံး ဒဏ်ရာရ ထိုင်းဆန္ဒပြသူ သေဆုံး
ထိုင်းအစိုးရဆန့်ကျင် ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား ပြီးခဲ့တဲ့သီတင်းပတ်အတွင်း တင်းမာမှုရှိပုံရပေမယ့် ဒီနေ့ စနေနေ့မှာတော့ ရဲတွေက ဌာနချုပ်အဝင်တခါးကိုဖွင့်ပေးပြီး ဆန္ဒပြသူတွေကို ရဲစခန်းထဲ ဝင်ရောက်ခွင့်ပေးခဲ့ပါတယ်။ အပြည့်အစုံ
 
ရာဟူးလ်ဂန္ဒီ အိန္ဒိယ ဝန်ကြီးချုပ် အဖြစ် အရွေးခံမည်မဟုတ် ရာဟူးလ်ဂန္ဒီ အိန္ဒိယ ဝန်ကြီးချုပ် အဖြစ် အရွေးခံမည်မဟုတ်
အိန္ဒိယနိုင်ငံ နိုင်ငံရေးလောကရဲ့ အထင်ကရ အမျိုးသမီးကြီးက သူမရဲ့သားဖြစ်သူကို လာမယ့် ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် အဖြစ် အမည်စာရင်း တင်သွင်းမှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံ
 
အမေရိကန်ထောက်လှမ်းရေး လျှို့ဝှက်ကြားဖြတ် သတင်းစုဆောင်းမှု လျှော့ချမည် အမေရိကန်ထောက်လှမ်းရေး လျှို့ဝှက်ကြားဖြတ် သတင်းစုဆောင်းမှု လျှော့ချမည်
အမေရိကန် အမျိုးသား လုံခြုံရေးအေဂျင်စီ NSA ရဲ့ လျှို့ဝှက် ထောက်လှမ်းမှုတွေကို ထိန်းချုပ်ပြီး အမေရိကန်ပြည်ထောင်စုရဲ့ စောင့်ကြည့် ထောက်လှမ်းရေး လုပ်ငန်းတွေကို လျှော့ချပစ်မယ့်အကြောင်း အမေရိကန်သမ္မတ ဘရက်အိုဘားမားက ပြောလိုက်ပါတယ်။ အပြည့်အစုံ
 
ကမ္ဘောဒီးယားအစိုးရနဲ့ အတိုက်အခံကြား စေ့စပ်ရေး ကုလအထူးသံ စဉ်းစားမည် ကမ္ဘောဒီးယားအစိုးရနဲ့ အတိုက်အခံကြား စေ့စပ်ရေး ကုလအထူးသံ စဉ်းစားမည်
ကမ္ဘောဒီးယားနိုင်ငံက လက်ရှိအာဏာရပါတီနဲ့ အတိုက်အခံပါတီတို့အကြား နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာအောင် ကြားဝင်စေ့စပ် ဆွေးနွေးပေးလိုတဲ့အကြောင်း ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂက လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောပါတယ်။ အပြည့်အစုံ
 
ဆီးရီးယားအတိုက်အခံ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပါဝင်ရေး ကန်တိုက်တွန်း ဆီးရီးယားအတိုက်အခံ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပါဝင်ရေး ကန်တိုက်တွန်း
ဆီးရီးယားနိုင်ငံရေးမှာ ကြားဖြတ်အစိုးရဖွဲ့စည်းခွင့်ရလာစေဖို့ အခွင့်အရေးအတွက် ဆွစ်ဇာလန်နိုင်ငံမှာကျင်းပမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အတိုက်အခံအင်အားစုတွေ တက်ရောက်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက တိုက်တွန်းနေပါတယ်။ အပြည့်အစုံ
 
တီဗွီ

နေ့စဉ်တီဗွီ သတင်းလွှာ (၀၁-၁၈-၂၀၁၄) နေ့စဉ်တီဗွီ သတင်းလွှာ (၀၁-၁၈-၂၀၁၄)
ပုဂံမှာကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး၊ ရခိုင်ပြည်နယ်အတွင်း လူမျိုးရေး အသွင်ဆောင်တဲ့ ပဠိပက္ခတွေ ဒီရက်ပိုင်း ဖြစ်ပွားခဲ့ခြင်း မရှိတဲ့အကြောင်း မြန်မာအစိုးရဘက်က ဖြေရှင်းချက်နဲ့ မြန်မာနိုင်ငံ ဟော်တယ်နဲ့ ခရီးသွားလာရေး လုပ်ငန်း ဖွံ့ဖြိုးရေးအကြောင်း သတင်းဆောင်းပါးတွေကို ရှု့စားကြရမှာပါ။ အပြည့်အစုံ
 
နေ့စဉ်တီဗွီသတင်းလွှာ ( ၀၁-၁၇-၂၀၁၄ ) နေ့စဉ်တီဗွီသတင်းလွှာ ( ၀၁-၁၇-၂၀၁၄ )
အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးနဲ့ အလှည့်ကျဥက္ကဋ္ဌ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူတွေအကြောင်း သတင်းစာရှင်းလင်းပွဲတွေနဲ့အမေရိကန်ရောက် မြန်မာဒုက္ခသည် ကျောင်းသားတွေရဲ့ပညာရေးအခြေအနေရှင်းလင်းပွဲအကြောင်းအပါအ၀င်တမိနစ်အင်္ဂလိပ်စာနဲ့ အော်စကာစကာတင်ရုပ်ရှင်တချို့အကြောင်း ဆောင်းပါးတွေ ပါဝင်ပါတယ်။ အပြည့်အစုံ
 
ဗွီဒီယိုသတင်း

စနေနေ့ မြန်မာတီဗွီသတင်းများ စနေနေ့ မြန်မာတီဗွီသတင်းများ
ပုဂံမှာကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး၊ ရခိုင်ပြည်နယ်က လူမျိုးရေး အသွင်ဆောင်တဲ့ ပဋိပက္ခတွေ ဒီရက်ပိုင်း ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း မြန်မာအစိုးရဘက်က ဖြေရှင်းချက်နဲ့ မြန်မာနဲ့ စစ်တပ်အချင်းချင်း ဆက်ဆံရေးမှာ စံသတ်မှတ်ချက်ထားဖို့ အမေရိကန် လွှတ်တော်အမတ်တွေ တိုက်တွန်းတဲ့သတင်းတွေ ပါဝင်ပါတယ်။ အပြည့်အစုံ
 
အီရန် နျူကလီယား သဘောတူညီချက် အီရန် နျူကလီယား သဘောတူညီချက်
အီရန်ရဲ့ နျူကလီယားအစီအစဉ်တွေကို ထိန်းချုပ်ဖို့ အီရန်နဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံကြီးတွေကြား ပြီးခဲ့တဲ့ နိုဝင်ဘာ လက ရခဲ့တဲ့ ယာယီသဘောတူညီ ချက်ဟာ လာမယ့် တနင်္လာနေ့မှာ စတင်အကျုံးဝင်တော့မှာ ဖြစ်ပါတယ်။ VOA သတင်းထောက် Henry Ridgwell လန်ဒန်မြို့က ပေးပို့တဲ့ သတင်းကို ကိုဉာဏ်ဝင်းအောင်က ပြောပြပါမယ်။ အပြည့်အစုံ
 
Michigan ပြည်နယ် ကားပြပွဲ Michigan ပြည်နယ် ကားပြပွဲ
အမေရိကန် ပြည်ထောင်စု Michigan ပြည်နယ် Detroit မြို့က နိုင်ငံတကာ ကားပြပွဲမှာ အမေရိကန် နောက်ဆုံးပေါ် ကားတွေကို ပြသထားပါတယ်။ အမေရိကန် ကားစက်ရုံတွေ ထုတ်လုပ်မှုနဲ့ ရောင်းအား ပြန်ကောင်း လာတာ ကို ပြသတဲ့ ပွဲတခုဖြစ်ကြောင်း VOA သတင်းထောက် Kane Farabaugh သတင်းပေးပို့ထားပါတယ်။ ကိုသိန်းထိုက်ဦးက တင်ပြပါလိမ့်မယ်။ အပြည့်အစုံ
 
ပဋိပက္ခတွေကြား အမျိုးသမီးတွေလုံခြုံစေဖို့ ပဋိပက္ခတွေကြား အမျိုးသမီးတွေလုံခြုံစေဖို့
မြန်မာနိုင်ငံက ပဋိပက္ခဖြစ်နေဆဲဒေသမှာ အမျိုးသမီးတွေရဲ့ဘဝ လုံခြုံမှုမရှိသေးဘူးလို့ WLB အမျိုးသမီးများ အဖွဲ့ချုပ် မြန်မာနိုင်ငံက တွဲဘက်အထွေထွေအတွင်းရေးမှုး(၂) Julia Marip ကပြောပါတယ်၊ WLB ရဲ့ အရေးယူမှု ကင်းလွတ်ခြင်းနဲ့ မပြောင်းလဲသေးတဲ့စနစ် အစီရင်ခံစာအကြောင်း မခင်ဖြူထွေးက မ Julia Marip ကို မေးမြန်း ထားပါတယ်၊ အပြည့်အစုံ
 
တောင်ကိုရီးယားရဲ့ လက်ဆောင် ခေါင်းလောင်းကြီး တောင်ကိုရီးယားရဲ့ လက်ဆောင် ခေါင်းလောင်းကြီး
ကယ်လီဖိုနီးယားပြည်နယ်မှာ အမေရိကန် အနောက်ဖက်ကမ်းခြေရဲ့ လစ်ဘာတီရုပ်ထုလို့ တင်စားခေါ်ကြတဲ့ တောင် ကိုရီးယားနိုင်ငံက ပေးခဲ့တဲ့ ခေါင်းလောင်းကြီးရှိပါတယ်။ ယိုယွင်းလာတဲ့ ဒီခေါင်းလောင်းကြီးကို အခုတော့ ပြန်လည် မွန်းမံခဲ့ပါပြီ။ VOA သတင်းထောက် Mike O’Sullivan သတင်းပေးပို့ ထားတာကို မခွာညိုက တင်ပြပါမယ်။ အပြည့်အစုံ
 
အာဆီယံ အစည်းအဝေး ဆွေးနွေးချက်များ အာဆီယံ အစည်းအဝေး ဆွေးနွေးချက်များ
ပုဂံမှာကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးကနေ ၂၀၁၅ ခုနှစ် အာဆီယံ လူမှုအသိုက်အ၀န်း တရပ် စုစည်းထူထောင်သွားဖို့ဆိုတဲ့ ရည်မှန်းချက် အပြီးသတ် အကောင်အထည်ဖော်ဖို့ ကိစ္စတွေကို ဆွေးနွေးခဲ့သလို ဒေသ တွင်းက ရေပိုင်နက်အငြင်းပွားမှုကိစ္စတွေကိုလည်း စိုးရိမ်မကင်းဖြစ်ကြောင်း ထုတ်ဖော်ပြောခဲ့ပါတယ်။ အပြည့်အစုံ
 
ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး
ခရီးသွားလုပ်ငန်း တိုးတက်ဖို့ဆိုရင် ခရီးသည်တွေ စိတ်ဝင်စားတဲ့နေရာတွေရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုပါ အစိုးရက ကူညီဆောင်ရွက်ပေးဖို့ လိုအပ်တဲ့အကြောင်း ကျွမ်းကျင်သူတွေက ပြောဆိုပါတယ်။ မြစ်မခ သတင်းအေဂျင်စီက မမေသင်္ကြန်ဟိန်က တင်ပြပါလိမ့်မယ်။ အပြည့်အစုံ
 
အော်စကာ စကာတင် ရုပ်ရှင်များ အော်စကာ စကာတင် ရုပ်ရှင်များ
အော်စကာ စကာတင် ရုပ်ရှင်တွေအကြောင်း ဗွီအိုအေ သတင်းထောက် Penelope Poulou က ဆောင်းပါး ပေးပို့ထားပါတယ်။ အပြည့်အစုံကို မနန္ဒာချမ်းက ဆက်ပြောပြပါမယ်။ အပြည့်အစုံ
 
ကမ္ဘာ့သတင်း စက္ကန့် ၆၀

VOA60 World VOA60 World
VOA60 World အပြည့်အစုံ
 
VOA60 USA

VOA60 USA VOA60 USA
President Obama comments on chemical weapons in Syria during news conference- VOA60 America အပြည့်အစုံ
 
VOA60 USA VOA60 USA
President Obama comments on chemical weapons in Syria during news conference- VOA60 America အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

No comments:

Post a Comment