ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ ဇန်န၀ါရီ ၂၃၊ ၂၀၁၄ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ တီဗွီမဂ္ဂဇင်း၊ တီဗွီသတင်းလွှာ အစီအစဉ်များ... |
| မြန်မာ လှိုင်သာယာ ကျူးကျော်တဲ ၁၂၀၀ အင်အားသုံး ဖျက်ဆီးခံရ "“ကျနော်ဗျာ ၀မ်းတောင်နည်းတယ်ဗျ။ ကျနော်တို့ ဒီမှာ ဒုက္ခတွေ အကုန်လုံးနဲ့ ကြုံတွေ့ပြီးတော့မှ မရှိဆင်းရဲသားတွေ ငွေတွေ ချေးပြီးတော့ အဲ့လိုမျိုး လာဆောက်ထားတာ။ အခုတော့ဗျာ အကြွေးတွေတင်ပြီး အကုန်လုံး ဒုက္ခရောက်နေတယ်။ ကျနော်တို့ ဘယ်သူ့ကို အကူအညီတောင်းရမှန်းလည်း မသိဘူး။" နေအိမ်တဲဖျက်ဆီးခံခဲ့ရသူ ကိုကျော်လင်းဦး အပြည့်အစုံ လယ်မြေသိမ်းပြဿနာ ဖြေရှင်းမှု လွှတ်တော်မှာ မေးခွန်းထုတ်ခံရ "လယ်သမားဘက်ကနစ်နာတယ်။ လယ်သမားတွေဘက်က နဂိုကတည်းက သူ့မြေသိမ်းခံရလို့ သူက အလုပ်လက်မဲ့ ဖြစ်တယ်။ လုပ်စားစရာ ပျောက်သွားတဲ့အချိန်မှာ တခါ သူ့ကိုထပ်ပြီး တရားစွဲခံရတဲ့အတွက် တရားရုံးမှာ ရင်ဆိုင်ရတယ်။ ရင်ဆိုင်ရတော့ တစ်ပူပေါ်မှာ နှစ်ပူဆင့်ပြီး လယ်သမားတွေ ဘ၀ပျက်တာပေါ့ဗျာ။" - တောင်ဥက္ကလာမဲဆန္ဒနယ်က ဦးအောင်သိန်းလင်း အပြည့်အစုံ ၁၃၀၀ ပြည့်အရေးတော်ပုံ စိန်ရတု လူ ၁၀၀၀ ကျော် တက်ရောက် "၁၃၀၀ ကိစ္စကိုပဲပြောရင် လွတ်လပ်ရေးရဖို့အတွက် ပထမအဆင့် ခြေလှမ်းပဲ။ အဲ့ဒီကနေမှတဆင့် တနိုင်ငံလုံး အင်အားကြီး အရမ်းကြီးသွားတာ။ ဆိုတော့ တကယ်ကို တိုင်းပြည်အတွက် အရေးပါသော အနှစ်သာရပြည့်ဝသော ပွဲကြီးတပွဲဆိုတာကို ကျမတို့ စာတွေဖတ်တဲ့အတွက်ကြောင့် သိရပါတယ်။" - ရုပ်ရှင်ဒါရိုက်တာ ကြည်ဖြူသျှင် အပြည့်အစုံ ဆောင်းရာသီအိုလံပစ် အကြမ်းဖက်သမား ခြိမ်းခြောက် "ဟန်ဂေရီ၊ ဂျာမဏီ၊ အီတလီနဲ့ Slovenia အိုလံပစ်ကော်မတီတွေက လာမယ့် ဆောင်းရာသီ အိုလံပစ်ပွဲတော်မှာ ကစားဖို့ သွားရောက်မယ့် သူတို့ရဲ့ အားကစားသမားတွေအတွက် ခြိမ်းခြောက်စာတွေကို ရခဲ့တယ်လို့ ဆိုပါတယ်။" အပြည့်အစုံ တရုတ်ထိပ်တန်းခေါင်းဆောင် မိသားစုဓန ပြည်ပမှာ လျှို့ဝှက်အပ်နှံ "သမ္မတ Xi Jinping အပါအ၀င် တရုတ်နိုင်ငံက ထိပ်တန်းခေါင်းဆောင်နဲ့ နီးစပ်တဲ့ ဆွေမျိုးသားချင်းတွေဟာ သူတို့ရဲ့ ဧရာမ ချမ်းသာကြွယ်ဝမှုတွေကို ဖုန်းကွယ်ဖို့ ကြိုးစားတဲ့အနေနဲ့ ပြည်ပနိုင်ငံတွေမှာ ကုမ္ပဏီတွေ တည်ထောင်ထားကြတယ်လို့ အမေရိကန်အခြေစိုက် သတင်းထောက်တွေ ပြုလုပ်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှုမှာ ဖော်ပြထားပါတယ်။" အပြည့်အစုံ ဆီးရီးယားငြိမ်းချမ်းရေးညီလာခံ Assad ရှေ့ရေး သဘောထားကွဲ "ဆီးရီးယား ပြည်တွင်းစစ် အဆုံးသတ်ရေး ရည်ရွယ်တဲ့ ငြိမ်းချမ်းရေး ညီလာခံတရပ်ကို ဆွစ်ဇာလန်နိုင်ငံမှာ စတင် ကျင်းပနေပြီး နိုင်ငံပေါင်း ၃၀ ကျော်က ကိုယ်စားလှယ်တွေ တက်ရောက်နေကြပါတယ်။" အပြည့်အစုံ ထိုင်းရှပ်နီခေါင်းဆောင် သေနတ်ပစ်ခံရ "နိုင်ငံအရှေ့မြောက်ပိုင်း Udon Thani ပြည်နယ်က သူ့ရဲ့နေအိမ်မှာပဲ ရှပ်နီခေါင်းဆောင် Kwanchai Praipana ကို ဘယ်သူဘယ်ဝါမှန်း မသိနိုင်တဲ့ သေနတ်သမားတွေက ကားပေါ်ကနေ ၂ ကြိမ် ပစ်ခတ်ခဲ့တာလို့ ရဲတပ်ဖွဲ့ကပြောပါတယ်။" အပြည့်အစုံ မြန်မာနိုင်ငံရဲ့ စီးပွားရေးအလားအလာ IMF နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ ခန့်မှန်းချက်၊ လှိုင်သာယာမြို့နယ်အတွင်းက ကျူးကျော်အိမ်ရာတွေကို အာဏာပိုင်တွေက အင်သားသုံး ဖျက်ဆီးနေတဲ့ အခြေအနေ၊ ၁၃၀၀ ပြည့်အရေးတော်ပုံ စိန်ရတုအခမ်းအနားနဲ့ ကမ္ဘာတ၀ှမ်းက အလုပ်အကိုင်အလားအလာ ILO ရဲ့ အစီရင်ခံစာတွေ ရှုစားကြရမှာပါ။ အပြည့်အစုံ ဆီးရီးယား ပြည်သူတွေအပေါ် သမ္မတ Bashar al-Assad အစိုးရက ဖိနှိပ်အုပ်ချုပ်နေတာကို နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့ ကာကွယ် တားဆီးတာတွေမပြုလုပ်နိုင်ခဲ့တဲ့အကြောင်း HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဝေဖန်ပြောဆိုလိုက်ပါတယ်။မအင်ကြင်းနိုင်က တင်ပြမှာပါ။ အပြည့်အစုံ မြန်မာနိုင်ငံရဲ့ စီးပွားရေးအလားအလာ IMF နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ ခန့်မှန်းချက်၊ ၁၃၀၀ ပြည့် အရေးတော်ပုံ စိန်ရတုအခမ်းအနား သတင်းနဲ့ လှိုင်သာယာမြို့နယ်အတွင်းက ကျူးကျော်အိမ်ရာတွေကို အာဏာပိုင်တွေက အင်သားသုံး ဖျက်ဆီးနေတဲ့ အခြေအနေ၊ အပြည့်အစုံ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ အရေးပေါ်အခြေအနေ ထုတ်ပြန်ထားတဲ့ ပထမနေ့ဖြစ်တဲ့ မနေ့က ရဲဌာနချုပ်နဲ့ ယာယီဝန်ကြီးချုပ်ရုံးရှေ့တွေမှာ ဆန္ဒပြခဲ့ကြပါတယ်။ဆန္ဒပြမှုတွေအပေါ် အင်အားသုံး ကိုင်တွယ်တာတွေမလုပ်ဖို့ အတတ်နိုင်ဆုံး ထိန်းမယ်လို့ အစိုးရက ပြောပါတယ်။ ထိုင်းနိုင်ငံရဲ့ အခြေအနေကို မစုမြတ်မွန်က တင်ပြပါလိမ့်မယ်။ အပြည့်အစုံ အိန္ဒိယနိုင်ငံမှာပိုလီယိုအကြောသေရောဂါ နောက်ဆုံးဖြစ်ခဲ့တဲ့လွန်ခဲ့တဲ့သုံးနှစ်ကစလို့ နောက်ထပ် ရောဂါဖြစ်ပွားမှု မရှိတော့တာဟာ ဒေသတခုလုံး ပိုလီယိုရောဂါ ကင်းရှင်းရေး ရည်မှန်းချက်ထား ဆောင်ရွက်မှုတွေ အတွက် ကြီးမားတဲ့ အောင်မြင်မှုတရပ်ပဲ ဖြစ်ပါတယ်။ Steve Baragona ရဲ့သတင်းပေးပို့ချက်ကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။ အပြည့်အစုံ မနေ့က ရန်ကုန်မြို့ မင်းဓမ္မလမ်း MCC ခန်းမမှာ ကျင်းပတဲ့ ၁၃၀၀ ပြည့် အရေးတော်ပုံ စိန်ရတုအခမ်းအနား အကြောင်း ကိုယ်တိုင်တက်ရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ၀ိုင်းတော်သား ကိုသားညွန့်ဦးက ရန်ကုန်ရုံးကနေ သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးက အခြေအနေပြန်ကောင်းလာဖွယ်ရှိနေပေမယ့်လည်း အလုပ်အကိုင် အလားအလာကတော့ တိုးတက် မလာသေးဘူးလို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် - ILO က ပြောလိုက်ပါတယ်။ ဗွီအိုသေတင်းထောက် Mil Arcega က သတင်းပေးပို့ထားတာကို မခွာညိုက ပြောပြပေးပါမယ်။ အပြည့်အစုံ VOA60 World VOA60 World အပြည့်အစုံ VOA60 USA President Obama comments on chemical weapons in Syria during news conference- VOA60 America အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
လှိုင်သာယာ ကျူးကျော်တဲ ၁၂၀၀ အင်အားသုံး ဖျက်ဆီးခံရ
လယ်မြေသိမ်းပြဿနာ ဖြေရှင်းမှု လွှတ်တော်မှာ မေးခွန်းထုတ်ခံရ
၁၃၀၀ ပြည့်အရေးတော်ပုံ စိန်ရတု လူ ၁၀၀၀ ကျော် တက်ရောက်
ဆောင်းရာသီအိုလံပစ် အကြမ်းဖက်သမား ခြိမ်းခြောက်
တရုတ်ထိပ်တန်းခေါင်းဆောင် မိသားစုဓန ပြည်ပမှာ လျှို့ဝှက်အပ်နှံ
ဆီးရီးယားငြိမ်းချမ်းရေးညီလာခံ Assad ရှေ့ရေး သဘောထားကွဲ
ထိုင်းရှပ်နီခေါင်းဆောင် သေနတ်ပစ်ခံရ
VOA60 World
VOA60 USA
No comments:
Post a Comment