ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ ဇန်န၀ါရီ ၂၂၊ ၂၀၁၄ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ တီဗွီမဂ္ဂဇင်း၊ တီဗွီသတင်းလွှာ အစီအစဉ်များ... |
| မြန်မာ မြန်မာ့စီးပွားရေး အလားအလာနဲ့ စိန်ခေါ်မှုများ IMF ထုတ်ပြန် "မြန်မာနိုင်ငံရဲ့ ပြည်တွင်းကုန်ထုတ်လုပ်မှု ပမာဏဟာ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်အတွင်း ၇ ဒဿမ ၅ ရာခိုင်နှုန်း ရှိနေရာက ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာတော့ ၇ ဒဿမ ၇၅ ရာခိုင်နှုန်းလောက်အထိ တိုးတက်လာနိုင်တယ်" - IMF အရာရှိ Matt Davis အပြည့်အစုံ မြန်မာနိုင်ငံတွင်း မူဆလင်ဆန့်ကျင်ရေး သွေးထိုးမှု HRW ဝေဖန် "၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ မျိုးချစ်ဝါဒီ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တချို့က အစ္စလာမ်ဘာသာကို ဆန့်ကျင်ရေး စိတ်ဓာတ်တွေ ၀င်လာအောင် လှုံ့ဆော်ခဲ့တဲ့ အကြောင်းအရာဟာ အဓိက အကြောင်းအရာတခု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။" အပြည့်အစုံ ဂျကာတာ မြန်မာသံရုံး ဗုံးခွဲရန်ကြံစည်မှု တရားခံ ထောင်ဒဏ်အပြစ်ပေး "အင်ဒိုနီးရှားမှာရှိတဲ့ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ဖို့ ကြံစည်မှုမှာ နောက်ကွယ်က အဓိကကြိုးကိုင်သူ အစ္စလာမ် အစွန်းရောက်တဦးကို အင်ဒိုနီးရှားတရားရုံးက ထောင်ဒဏ် ၇ နှစ်ခွဲ ဒီကနေ့ ချမှတ်လိုက်ပါတယ်။" အပြည့်အစုံ မောင်တောအခြေအနေ ဆန်းစစ်ဖို့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်နဲ့အဖွဲ့ သွားမည် "အဲ့ဒီမှာပျောက်ဆုံးနေတဲ့ ရဲတပ်ကြပ်ကြီးနဲ့ ပတ်သက်ပြီးတော့ အမှုမှန်ကို ဖော်ထုတ်နိုင်ဖို့ ကျနော်တို့ ကြိုးစားနေတယ်။ စိုးရိမ်ပြီး ရှောင်နေတဲ့ ရွာသားတွေရှိရင်လည်း ပြစ်မှုမှာ မပတ်သက်ဘူးဆိုရင် ဘာမှ စိုးရိမ်စရာ မရှိဘူး။ မိမိဒေသမှာ အေးအေးချမ်းချမ်း နေနိုင် တယ်။" - ဒုတိယပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် အပြည့်အစုံ သြစတြေးလျ ရေတပ်ကင်းလှည့်ရေယာဉ် မြန်မာပြည်ချစ်ကြည်ရေးခရီး "သင်္ဘောဟာ အဲဒီမှာ ၄ ရက်ကြာရှိနေမှာပါ။ ဒါဟာ ချစ်ကြည်ရေး ခရီးစဉ်ဖြစ်ပြီး ၁၉၅၉ ခုနှစ်ကတည်းကဆိုရင် ပထမဆုံးလာရောက်တဲ့ သြစတြေးလျ စစ်သင်္ဘောဖြစ်ပါတယ်။ ဒီခရီးစဉ်အတွင်းမှာ မြန်မာစစ်တပ်ကို သင်တန်းပေးဖို့ ဆိုတာတွေ မပါဝင်ပါဘူး။" - သြစတြေးလျ ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူတဦးဖြစ်တဲ့ Mark Dodd အပြည့်အစုံ ကုလအကြံပေး Vijay Nambiar မြန်မာပြည်ရောက်ရှိ "မစ္စတာ နမ်ဘီးယားဟာ နေပြည်တော်မှာ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။" အပြည့်အစုံ အချမ်းသာဆုံး ၈၅ ဦး ဓနဥစ္စာ လူ သန်းပေါင်း ၃,၅၀၀ ပိုင်ဆိုင်မှုနဲ့ညီမျှ "ချမ်းသာသူတွေဟာ အခွန်နည်းနည်းပဲပေးရဖို့၊ ဥစ္စာဓနကို ပြည်ပမှာ သွားထားဖို့နဲ့ ကိုယ်ကျိုးစီးပွားအတွက် သူတို့ရဲ့ နိုင်ငံရေး သြဇာအာဏာကို အသုံးပြုခဲ့တယ်" - အစီရင်ခံစာ ပူးတွဲပြုစုသူ Nick Galasso အပြည့်အစုံ ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ အနီးတ၀ိုက် အရေးပေါ် အခြေအနေ ကြေညာ "ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အစိုးရကို ဖြုတ်ချဖို့ ကြိုးစားတဲ့အနေနဲ့ အတိုက်အခံတွေက သီတင်းပတ်တွေနဲ့ချီ ဆန္ဒပြနေတာကို တုံ့ပြန်တဲ့အနေနဲ့ အစိုးရက ရက်ပေါင်း ၆၀ အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။" အပြည့်အစုံ အင်ဒိုနီးရှားက မြန်မာသံရုံးကိုဗုံးခွဲတိုက်ခိုက်ဖို့ကြိုးကိုင်ကြံစည်ခဲ့သူစစ်သွေးကြွတစ်ဦးကိုအင်ဒိုနီးရှားတရားရုံးက ထောင်ဒဏ်ချမှတ်လိုက်တဲ့သတင်း၊ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေHRWလူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့ အစီရင်ခံစာ၊ ကမ္ဘာတလွှား ခရီးသွားအစီအစဉ်နဲ့ ကျန်းမာရေးအစီအစဉ်တွေကိုရှုစားကြရမှာပါ။ အပြည့်အစုံ ဆေးလိပ်သောက်ရာက ရလာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေဟာ အရင်တုန်းက သိထားတာထက် ပိုပြီး ကြောက်စရာကောင်းတဲ့အကြောင်း အမေရိကန် ကျန်းမာရေးဌာနက နောက်ဆုံးထုတ်ပြန်တဲ့ အစီရင်ခံစာက ဖော်ပြလိုက်ပါတယ်။ အပြည့်အစုံမြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်မှုတွေဟာ ၂၀၁၃ ခုနှစ်အတွင်းမှာ သိသိသာသာ တိုးတက်ခဲ့ တယ် ဆိုပေမယ့် အချို့ကဏ္ဍတွေမှာ စိုးရိမ်စရာကောင်းတဲ့အခြေအနေတွေ ဆက်ပြီး ရှိနေသေးတယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ကြီးက ဝေဖန်ပြောဆိုလိုက်ပါတယ်။ မအင်ကြင်းနိုင်က တင်ပြပါလိမ့်မယ်။ အပြည့်အစုံ အင်ဒိုနီးရှားက မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ဖို့ ကြိုးကိုင် ကြံစည်ခဲ့သူ စစ်သွေးကြွတစ်ဦးကို အင်ဒိုနီးရှား တရားရုံးက ထောင်ဒဏ်ချမှတ်လိုက်တဲ့ သတင်း၊ ရန်ကုန် မင်္ဂလာဒုံလေဆိပ်အနီး မီးလောင်ကျွမ်းမှု ဖြစ်ပွားတဲ့ သတင်းနဲ့ လှိုင်သာယာက ကျူးကျော်နေအိမ်တွေကို အင်အားသုံး ဖျက်ဆီးလိုက်တဲ့ သတင်းတွေ ပါဝင်ပါတယ်။ အပြည့်အစုံ နီပေါနိုင်ငံနဲ့ တိဘက်ကုန်းမြင့်ကြား ကမ္ဘာ့အမြင့်ဆုံး ဧ၀ရက်တောင်ထိပ်ကို မစုမြတ်မွန် ခေါ်သွားပါလိမ့်မယ်။ အပြည့်အစုံ ဆီးရီးယားအရေး နိုင်ငံတကာဆွေးနွေးပွဲတွေ စတင်ကျင်းပနေပေမယ့်လည်း ဆွေးနွေးပွဲမှာ ပါဝင် တက်ရောက်မယ့် နိုင်ငံတွေနဲ့ပတ်သက်လို့ သဘောထားကွဲလွဲမှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။ Al Pessin ရဲ့ သတင်းပေးပို့ချက်ကို ကိုဥာဏ်ဝင်းအောင် တင်ပြပါလိမ့်မယ်။ အပြည့်အစုံ VOA60 World VOA60 World အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
မြန်မာ့စီးပွားရေး အလားအလာနဲ့ စိန်ခေါ်မှုများ IMF ထုတ်ပြန်
မြန်မာနိုင်ငံတွင်း မူဆလင်ဆန့်ကျင်ရေး သွေးထိုးမှု HRW ဝေဖန်
ဂျကာတာ မြန်မာသံရုံး ဗုံးခွဲရန်ကြံစည်မှု တရားခံ ထောင်ဒဏ်အပြစ်ပေး
မောင်တောအခြေအနေ ဆန်းစစ်ဖို့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်နဲ့အဖွဲ့ သွားမည်
သြစတြေးလျ ရေတပ်ကင်းလှည့်ရေယာဉ် မြန်မာပြည်ချစ်ကြည်ရေးခရီး
ကုလအကြံပေး Vijay Nambiar မြန်မာပြည်ရောက်ရှိ
အချမ်းသာဆုံး ၈၅ ဦး ဓနဥစ္စာ လူ သန်းပေါင်း ၃,၅၀၀ ပိုင်ဆိုင်မှုနဲ့ညီမျှ
ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ အနီးတ၀ိုက် အရေးပေါ် အခြေအနေ ကြေညာ
VOA60 World
No comments:
Post a Comment