ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ ဇန်န၀ါရီ ၁၉၊ ၂၀၁၄ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ တီဗွီမဂ္ဂဇင်း၊ တီဗွီသတင်းလွှာ အစီအစဉ်များ... |
မြန်မာ ![]() (၈) လေးလုံးအရေးတော်ပုံနောက်ပိုင်း ဒုတိယအင်အားအကြီးဆုံးပါတီဖြစ်တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှတ်ပုံတင်ရာမှာ အားလုံးသဘောတူညီချက်မရခင် မှတ်ပုံတင်လိုက်တယ်ဆိုတဲ့ သဘောထားကွဲလွဲမှုတချို့ ရှိနေကြောင်း သတင်းစာရှင်းလင်းပွဲတရပ်ကို ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။ အပြည့်အစုံ ![]() ကလေးစစ်သား ၉၆ ယောက်ကို အစိုးရလက်နက်ကိုင်တပ်ဖွဲ့ကရွေးထုတ်ပြီး မိဘရပ်ထဲ ပြန်လည်အပ်နှံလိုက်တာကို ကုလသမဂ္ဂက ချီးကျူးလိုက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း ကုလသမဂ္ဂနဲ့ အလားတူ သဘောတူညီချက်ရယူ ဆောင်ရွက်ဖို့ တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံ ![]() သိမ်းဆည်းခံလယ်မြေတွေ ပြန်ပေးရေး လွှတ်တော်မှာ တင်ပြထားပေမယ့် အကြောင်းမထူးတဲ့အတွက် ကျောက်တံတားမြို့နယ်မှာ ဆန္ဒပြခွင့်တောင်းခဲ့တာမှာ ခွင့်ပြုချက်မရဘဲ ဆန္ဒပြခဲ့ကြတဲ့အတွက် တက်ကြွလှုပ်ရှားသူတချို့ကို ပုဒ်မ ၁၈ နဲ့ အမှုဖွင့်လိုက်ပါတယ်။ အပြည့်အစုံ ![]() ရန်ကုန်က အမေရိကန်သံရုံးနဲ့ ဗြိတိန်သံရုံးကလည်း မောင်တောမြို့နယ်က အကြမ်းဖက်မှုဖြစ်တယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး အထူးစိုးရိမ် မကင်းဖြစ်ရတဲ့အတွက် ပြည်ထောင်စု အစိုးရအနေနဲ့ရော ပြည်နယ်ဒေသခံ အာဏာပိုင်တွေအနေနဲ့ပါ ရခိုင်ပြည်နယ်ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးရေး ရေရှည်တည်တံ့ဖို့အတွက် အခြေအနေ ဖန်တီးပေးပါရန်တောင်းဆို အပြည့်အစုံ ![]() အာဖဂန်နစ္စတန်မှာ တာလီဘန်တွေက သူတို့လက်ချက်လို့ ကြေညာလိုက်တဲ့ ဗုံးခွဲမှုအတွင်း အမေရိကန် ၂ ယောက်၊ ဗြိတိန်နိုင်ငံသား ၂ ယောက်၊ ကနေဒါ ၂ ယောက်နဲ့ IMF အဖွဲ့က အကြီးတန်းအရာရှိတစ်ယောက်တို့ သေဆုံးသွားခဲ့ပါတယ်။ အပြည့်အစုံ ![]() နိုင်ငံတကာကနေ ကမကထလုပ်ပြီးတော့ ဆွစ်ဇာလန်နိုင်ငံမှာ ရှေ့သီတင်းပတ်အတွင်း ပြုလုပ်မယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ဖို့အတွက် ဆီးရီးယားရဲ့ အဓိကအတိုက်အခံအဖွဲ့က မဲခွဲဆုံးဖြတ်လိုက်ပါတယ်။ အပြည့်အစုံ ![]() ထိုင်းအစိုးရဆန့်ကျင် ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား ပြီးခဲ့တဲ့သီတင်းပတ်အတွင်း တင်းမာမှုရှိပုံရပေမယ့် ဒီနေ့ စနေနေ့မှာတော့ ရဲတွေက ဌာနချုပ်အဝင်တခါးကိုဖွင့်ပေးပြီး ဆန္ဒပြသူတွေကို ရဲစခန်းထဲ ဝင်ရောက်ခွင့်ပေးခဲ့ပါတယ်။ အပြည့်အစုံ |
အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |

No comments:
Post a Comment