ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ ဖေေ ဖာ် ၀ါရီ ၁၊ ၂၀၁၄ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ တီဗွီမဂ္ဂဇင်း၊ တီဗွီသတင်းလွှာ အစီအစဉ်များ... |
ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးမှု တိုးတက်မှုမရဘဲ ပြီးဆုံး ဆီးရီးယားအစိုးရနဲ့ အတိုက်အခံတွေပါဝင်ဆွေးနွေးနေတဲ့ ပထမအကျော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ ဒီကနေ့ သောကြာနေ့မှာ အဆုံးသတ်တော့မှာဖြစ်ပေမယ့်၊ အဓိကကျတဲ့ ကိစ္စရပ်တွေမှာ တိုးတက်မှုတစုံတရာ မရခဲ့ကြပါဘူး။ အပြည့်အစုံ ပြည်ထောင်စု ဝန်ကြီး ပြောစကား ဒီမိုကရေစီနဲ့ လွန်ခြားနား ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ရဲ့ ဒေသခံရွာသားတွေ အပေါ် ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေးအသိုင်းအ၀ိုင်းနဲ့ တိုင်းရင်းသား အင်အားစုတွေက ရှုတ်ချတယ်လို့ တညီတညွတ် ထဲ ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံ မန္တလေး ဝန်ကြီးချူပ် ယာဉ်တန်း တိုက်ခိုက်ခံရ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးရဲမြင့် လိုက်ပါလာတဲ့ယာဉ်တန်းကို မိုင်းခွဲ တိုက်ခိုက်ခံခဲ့ရပြီး အခုလို တိုက်ခိုက်ခံရတာဟာဖြင့် သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့အစိုးရ တက်လာပြီးနောက်ပိုင်းမှာ ဒေသဆိုင်ရာဝန်ကြီးချုပ်တစ်ဦးရဲ့ယာဉ်တန်းကို ပထမဆုံးအကြိမ် တိုက်ခိုက်ခံရတာလည်းဖြစ်ပါတယ်။ အပြည့်အစုံ ရပ်ကျေး အုပ်ချုပ်ရေး ပြုပြင် ပြောင်းလဲမှု အားရစရာမရှိဟု ၈၈ အဖွဲ့ ပြောကြား ရပ်ကျေးအဆင့် အုပ်ချုပ်ရေး သို့မဟုတ် အခြေခံအစိုးရများရဲ့ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အစီရင်ခံစာဆိုပြီး ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာ အောက်ခြေအဆင့် ဒီမိုကရေစီနည်းကျ ပြုပြင်ပြောင်လဲမှုတွေ အားနည်းနေတယ်ဆိုပြီး ထောက်ပြလိုက်ပါတယ်။ အပြည့်အစုံ မြစ်ဆုံဆည် ကိစ္စဆွေးနွေးဖို့ တရုတ် ကုမ္ပဏီ ကမ်းလှမ်း ဒီမြစ်ဆုံရေကာတာနဲ့ ပတ်သက်ပြီးတော့ နိုင်ငံအဆင့် တွေ့ဆုံဆွေးနွေးပွဲလုပ်သင့်တယ်။ အဲ့ဒီ့မှာက ဒါကို လက်မှတ်ထိုးတဲ့အစိုးရအနေနဲ့လည်း ပါသင့်တယ်။ တကယ့် ဆိုးကျိုး ထိခိုက်နေတဲ့ ဒေသခံပြည်သူလူထုတွေလည်း ပါသင့်တယ်။ နောက်ဧရာဝတီမြစ်ကို ကာကွယ်ဖို့ဆိုပြီးတော့မှ လှုပ်ရှားမှုတွေ လုပ်နေတဲ့ ဒီအဖွဲ့အစည်းတွေလည်းပါသင့်တယ်။" အပြည့်အစုံ ဗန်းမော်ခရိုင်အတွင်းမှာ ဒီကနေ့ မြန်မာအစိုးရတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့အကြား နေရာ ၄နေရာလောက်မှာ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနေပါတယ်။ အပြည့်အစုံ ၂၀၀၈ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေး ကော်မီတီ ပြည်ထောင်စု လွှတ်တော်မှာ အစီရင်ခံစာတင် ၂၀၀၈ အခြေခံဥပဒေလေ့လာသုံးသပ်ရေးကော်မတီက ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံပြင်ဆင်ဖို့တင်ပြလာတဲ့ အစီရင်ခံစာထဲ ကော်မတီမှာ အင်အားအများဆုံး ပါဝင်တဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ တင်ပြချက်တွေက သိန်းနဲ့ချီရှိနေပြီး အတိုက်အခံနိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားပါတီတွေရဲ့ အသံတွေဟာ အတော်လေးအားနည်းနေတာ တွေ့ရပါတယ် အပြည့်အစုံ Vodka အရက် များများသောက် အသက်မြန်မြန်ပျောက် Vodka အရက်ကို အလွန်အကျွံသောက်တဲ့ ရုရှား နိုင်ငံသားတွေဟာ အသက်အရွယ် ငယ်စဉ်မှာ သေဆုံးနိုင်တဲ့ အန္တရာယ်ကို အကြီးအကျယ် ရင်ဆိုင် နေရပါတယ်။ အပြည့်အစုံ ကမ္ဘာတဝှမ်း တရုတ်နှစ်သစ်ကူး ပွဲတော် ကျင်းပ တရုတ်လူမျိုးတွေဟာ ဘုံကျောင်းတွေကို သွားရောက် ဘုရားဝတ်ပြုပြီး ၊ သူတို့ရဲ့ ရိုးရာနှစ်သစ်ကူး ပထမဆုံးနေ့မှာ နှစ်သစ်ကိုကြိုဆိုတဲ့အနေနဲ့ အမွေးတိုင်တွေထွန်း၊ ခေါင်းလောင်းတွေတီးပြီး၊ ကျန်းကျန်းမာမာနဲ့ ချမ်းချမ်းသာသာ နေနိုင်ဖို့အတွက် ဆုတောင်းခဲ့ကြပါတယ်။ အပြည့်အစုံ အနုမြူ ဂါမာပေါက်ကွဲမှုနဲ့ စကြာဝဋ္ဌာ စကြာဝဋ္ဌာတခုရဲ့ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းဖြစ်စဉ်တခုဖြစ်တဲ့ အနုမြူဂါမာ ပေါက်ကွဲမှုဟာ အပြင်းထန်ဆုံး ဖြစ်တဲ့အတွက် ကမ္ဘာနဲ့သာ အတော်အသင့်နီးမယ်ဆိုရင် ကမ္ဘာဟာ မီးကင်ပြီးသားဖြစ်သွားနိုင်တယ်လို့ နက္ခတ္တပညာရှင် ဒေါက်တာဝင်းသာထွေးကပြောပါတယ်။ အပြည့်အစုံ အမျိုးသမီးတွေရဲ့ စွမ်းပကားမြှင့်တင်ရေးအစီအစဉ် NED နဲ့ မေးမြန်းချက် "အဓိကကတော့ ကျနော်တို့ ကူညီပေးတာက ဒီနိုင်ငံရေး၊ လူမှုရေး ဒီလိုနေရာမျိုးတွေမှာ အမျိုးသမီးတွေက ခေါင်းဆောင်မှု အခန်းကဏ္ဍကနေ ပါဝင်လာဖို့အတွက်ပေါ့နော်၊ ပြီးလို့ရှိရင် အမျိုးသမီးတွေ ဖိနှိပ်ချုပ်ချယ်ခံနေရတာ၊ ခွဲခြားဆက်ဆံခံနေရာတွေ၊ အကြမ်းဖက်မှု ခံရတာတွေကို သူတို့တွေ နိုးကြားလာအောင် သိလာအောင်လို့...." အပြည့်အစုံ ၆ လကြာ ထိန်းသိမ်းခံရပြီးနောက် လွတ်မြောက်လာသူ ဒေါ်ဘောက်ဂျာနဲ့ မေးမြန်းချက် "တရားရုံးရဲ့အမြင်ပေါ့ဗျာ အဲ့ဒီအမိန့်ပေါ်မှာ မကျေနပ်လို့ ကျနော်တို့ဘက်က အထက်ရုံးကို ပြန်တက်မယ်ဆိုပြီး စီစဉ်နေပါတယ်ခင်ဗျ။" - အကျိုးဆောင်ရှေ့နေ ဦးယော်ထုံ အပြည့်အစုံ ၂၀၀၈ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီလွှတ်တော်ကို အစီရင်ခံစာ တင်သွင်းတဲ့ အခြေအနေ၊ ၈၈ ပွင့်လင်း လူ့အဖွဲ့အစည်းရဲ့ ရပ်ကျေးအဆင့် ပြုပြင်ပြောင်းလဲရေး အပေါ် သုံးသပ်ချက်၊ အရပ်ဖက်လူ့အဖွဲ့အစည်းတွေ အားကောင်းလာရေး ပံ့ပိုးပေးဖို့ ဆွေးနွေးတင်ပြချက် သတင်းတွေ ပါဝင်ပါတယ်။ အပြည့်အစုံ ဂရမ်မီည ပွဲတက်ဖက်ရှင်ဝတ်စုံတွေအကြောင်းအပါအဝင် .. ကမ္ဘာတ၀န်းက ထင်ရှားကျော်ကြားသူတွေနဲ့ အနုပညာရှင်တွေရဲ့ သတင်းတိုတိုထွာထွာတွေကိုပြောပြနေတဲ့ သက်တံရောင်သတင်းလွှာ အစီအစဉ်ကို ရှုစားနိုင်ပါတယ်။ အပြည့်အစုံ ၂၀၀၈ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ လွှတ်တော်ကို အစီရင်ခံစာ တင်သွင်းတဲ့ အခြေအနေ၊ မြန်မာ နိုင်ငံအတွင်း သန်းခေါင်စာရင်းကောက်ခံမယ့် အစီအစဉ်နဲ့ပတ်သက်တဲ့ သတင်းတွေကို ရှုစားကြရမှာပါ။ အပြည့်အစုံ အမေရိကန်နိုင်ငံက အားကစားတွေထဲမှာ လူကြိုက်အများဆုံးဖြစ်သလို ကမ္ဘာ့နိုင်ငံ အတော်များများကလည်း ကြည့်ရှုကြတဲ့ အားကစားပွဲကတော့ Super Bowl လို့ခေါ်တဲ့ အမေရိကန် Football ဖြစ်ပါတယ်။ တနင်္ဂနွေနေ့ ယှဉ်ပြိုင်မယ့် Super Bowl ဗိုလ်လုပွဲအကြောင်း ဒေါ်ခင်မျိုးသက်က ပြောပြပါလိမ့်မယ်။ အပြည့်အစုံ တနင်္ဂနွေနေ့ကျင်းပမယ့် ထိုင်းရွေးကောက်ပွဲမှာ ၀န်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်အပေါ် ထောက်ခံမှု အားကောင်း တယ်ဆိုရင်တောင်မှ သူနဲ့သူ့မိသားစုကို နိုင်ငံရေးထဲကနေ ဖယ်ထုတ်ပစ်ဖို့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေက သန္နိဋ္ဌာန် ချထားပါတယ်။ VOAသတင်းထောက် Daniel Schearf ရဲ့ သတင်းပေးပို့ချက် ကိုကျော်ကျော်သိန်းက တင်ပြပါတယ်။ အပြည့်အစုံ အရပ်ဘက် လူ့အဖွဲ့အစည်းတွေအပေါ် ယုံကြည်မှုနဲ့ တာဝန်အပ်နှင်းမှု အားနေတာဟာ မြန်မာ အစိုးရဆောင် ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေးကို အားကောင်းအောင် ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ဘူးဆိုပြီး အရပ်ဘက်အဖွဲ့ အစည်းမှာ ပါဝင် လုပ်ကိုင်နေသူတွေက ပြောပါတယ်။ မြစ်မခ သတင်းအေဂျင်စီက မမေသင်္ကြန်ဟိန်က တင်ပြပါလိမ့်မယ်။ အပြည့်အစုံ ရပ်ကျေးအဆင့် အုပ်ချုပ်ရေးပိုင်းမှာ ရွေးကောက်ပွဲတွေပြုလုပ်ပေးပြီး အုပ်ချုပ်မှုအဆင့်ဆင့်ကို ရွေးချယ်တယ် ဆိုပေမဲ့လည်း ပြုပြင်ပြောင်းလဲရေးကိစ္စတွေမှာ အားရကျေနပ်လောက်စရာ မတွေ့ရသေးဘူးလို့ ၈၈ ပွင့်လင်းလူ့ အဖွဲ့အစည်းက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ကိုသားညွှန့်ဦး ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံ VOA60 USA President Obama comments on chemical weapons in Syria during news conference- VOA60 America အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးမှု တိုးတက်မှုမရဘဲ ပြီးဆုံး
မန္တလေး ဝန်ကြီးချူပ် ယာဉ်တန်း တိုက်ခိုက်ခံရ
ရပ်ကျေး အုပ်ချုပ်ရေး ပြုပြင် ပြောင်းလဲမှု အားရစရာမရှိဟု ၈၈ အဖွဲ့ ပြောကြား
မြစ်ဆုံဆည် ကိစ္စဆွေးနွေးဖို့ တရုတ် ကုမ္ပဏီ ကမ်းလှမ်း
၂၀၀၈ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေး ကော်မီတီ ပြည်ထောင်စု လွှတ်တော်မှာ အစီရင်ခံစာတင်
Vodka အရက် များများသောက် အသက်မြန်မြန်ပျောက်
ကမ္ဘာတဝှမ်း တရုတ်နှစ်သစ်ကူး ပွဲတော် ကျင်းပ
အနုမြူ ဂါမာပေါက်ကွဲမှုနဲ့ စကြာဝဋ္ဌာ
အမျိုးသမီးတွေရဲ့ စွမ်းပကားမြှင့်တင်ရေးအစီအစဉ် NED နဲ့ မေးမြန်းချက်
၆ လကြာ ထိန်းသိမ်းခံရပြီးနောက် လွတ်မြောက်လာသူ ဒေါ်ဘောက်ဂျာနဲ့ မေးမြန်းချက်
VOA60 USA
No comments:
Post a Comment