ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ ဖေဖော်ဝါရီ ၂၊ ၂၀၁၄ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ တီဗွီမဂ္ဂဇင်း၊ တီဗွီသတင်းလွှာ အစီအစဉ်များ... |
| မြန်မာ နိုင်ငံတော် လျှို့ဝှက်ချက်ပေါက်ကြားမှုနဲ့ သတင်းထောက်လေးဦး အဖမ်းခံရ မကွေးတိုင်း၊ ပေါက်မြို့နယ်က သိမ်းဆည်းထားတဲ့ လယ်မြေဧက ၃ သောင်းကျော်ပေါ်မှာ တည်ဆောက်နေတဲ့ စက်ရုံကို ဓာတုစက်ရုံဖြစ်နိုင်ဖွယ်ရှိကြောင်း ဖော်ပြခဲ့တဲ့ ဆောင်းပါးပါ ယူနတီဂျာနယ်က အယ်ဒီတာချုပ်အပါအဝင် သတင်းထောက် (၄) ဦးကို ထိန်းသိမ်းထားလိုက်ပါတယ်။ အပြည့်အစုံ မန္တလေးဝန်ကြီးချုပ် ယာဉ်တန်း တိုက်ခိုက်မှု စုံစမ်းစစ်ဆေးမည် မန္တလေးတိုင်းဝန်ကြီးချုပ် ဦးရဲမြင့်လိုက်ပါတဲ့ယာဉ်တန်းဟာ မိုးကြိုးပစ်ရွာအနီး မိုးကုတ်-နောင်ချိုကားလမ်းမကြီးပေါ်မှာ မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပြီး ဝန်ကြီးချုပ်ကို အထိအခိုက်မရှိပေမယ့် လိုက်ပါလာတဲ့ သတင်းထောက်နှစ်ဦး ဒဏ်ရာအနည်းငယ်ရခဲ့ကြပါတယ်။ အပြည့်အစုံ သမ္မတဦးသိန်းစိန် ကျန်းမာရေးနဲ့ ပညာရေး ပြုပြင်ရေး ကြိုးပမ်းမည် သမ္မတဦးသိန်းစိန်ရဲ့ ဖေဖော်ဝါရီလ မိန့်ခွန်းမှာ ကျန်းမာရေးအတွက် ဆင်းရဲချမ်းသာမရွေး လက်လှမ်းမီနိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို အကောင်အထည်ဖော်ဖို့ ရှိကြောင်းနဲ့ ထူးချွန်ကျောင်းသားတွေအတွက် သမ္မတရဲ့ ပညာသင်ဆု ချီးမြှင့်ရေး ဆောင်ရွက်နေကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။ အပြည့်အစုံ အင်ဒိုနီးရှား မီးတောင်ပေါက်ကွဲမှု ၁၄ ဦးထက်မနည်း သေဆုံး အင်ဒိုနီးရှားနိုင်ငံက လပေါင်းများစွာ လှုပ်ရှားနေခဲ့တဲ့ ဆင်နာဘောင် (Sinabung) မီးတောင်ဟာ စနေနေ့မှာ ပြင်းထန်စွာပေါက်ကွဲခဲ့တဲ့အတွက် လူပေါင်း ၁၄ ယောက် ထက်မနည်း သေဆုံးခဲ့ရပါတယ်။ အပြည့်အစုံ ထိုင်းရွေးကောက်ပွဲအကြို ပစ်ခတ်မှုတွေဖြစ်ပွား ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲမကျင်းပခင်တစ်ရက်အလို စနေနေ့က ဘန်ကောက်မြို့တော်မှာ ဆန္ဒပြသူတွေနဲ့ အစိုးရထောက်ခံသူတွေအကြား အပြန်အလှန်ပစ်ခတ်ခဲ့ကြတဲ့အတွက် လူ (၇) ယောက်ထက်မနည်း ဒဏ်ရာရသွားပါတယ်။ အပြည့်အစုံ ထိုင်း ရွေးကောက်ပွဲ အထမမြောက်ရေး အစိုးရဆန့်ကျင်သူတွေ လှုပ်ရှား ထိုင်းနိုင်ငံမှာ တနင်္ဂနွေနေ့ကျရင် ပုံမှန်ထက်စောပြီး ကျင်းပမယ့် ရွေးကောက်ပွဲတွေ ပျက်သွားစေဖို့ အဓိကထားနေကြတဲ့ အစိုးရဆန့်ကျင် ဆန္ဒပြပွဲတွေရဲ့ တတိယနေ့နဲ့ နောက်ဆုံးနေ့အဖြစ် မြို့တော်ဘန်ကောက်က လမ်းမတွေပေါ်မှာ ဆန္ဒပြသူတွေနဲ့ ပြည့်သိပ်နေပါတယ်။ အပြည့်အစုံ ယူကရိန်းလူထုနဲ့အတူ အီးယူနဲ့အမေရိကန်ရပ်တည် လုံခြုံကြွယ်ဝတဲ့နိုင်ငံထဲမှာ လွတ်လွတ်လပ်လပ် နေထိုင်နိုင်ဖို့ ကြိုးစားနေကြတဲ့ ယူကရိန်းပြည်သူတွေနဲ့အတူ အမေရိကန်အစိုးရနဲ့ EU ဥရောပသမဂ္ဂတို့က ရပ်တည်တယ်လို့ ဂျာမနီမှာရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry ကပြောခဲ့ပါတယ်။ အပြည့်အစုံ သြစတြေးလျ ငါးမန်းသုတ်သင်ရေး ပင်လယ်ချစ်သူတွေ ကန့်ကွက် သြစတြေးလျနိုင်ငံမှာ ငါးမန်းအန္တရာယ်ကျဆင်းရေးအတွက် ၉ ပေအထက် ငါးမန်းတွေကို သတ်ပစ်နိုင်ဖို့ အစိုးရရဲ့အစီအစဉ်ကို ပယ်လယ်ချစ်သူတွေက ကန့်ကွက်နေကြပါတယ်။ အပြည့်အစုံ သမ္မတအိုဘားမားက မြန်မာအပါအ၀င် ဒီမိုကရေစီထွန်းကားရေးလိုလားတဲ့နိုင်ငံတွေကို ထောက်ခံသွားမယ်လို့ နိုင်ငံတော် အခြေပြမိန့်ခွန်းမှာပြောဆိုလိုက်ပါတယ်။ ဗြိတိန်နိုင်ငံခြားရေးဌာန၊ အာရှရေးရာဝန်ကြီး Hugo Swire က မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ဖို့လိုအပ်တယ်လို့ပြောပါတယ်။ အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
နိုင်ငံတော် လျှို့ဝှက်ချက်ပေါက်ကြားမှုနဲ့ သတင်းထောက်လေးဦး အဖမ်းခံရ
မန္တလေးဝန်ကြီးချုပ် ယာဉ်တန်း တိုက်ခိုက်မှု စုံစမ်းစစ်ဆေးမည်
သမ္မတဦးသိန်းစိန် ကျန်းမာရေးနဲ့ ပညာရေး ပြုပြင်ရေး ကြိုးပမ်းမည်
အင်ဒိုနီးရှား မီးတောင်ပေါက်ကွဲမှု ၁၄ ဦးထက်မနည်း သေဆုံး
ထိုင်းရွေးကောက်ပွဲအကြို ပစ်ခတ်မှုတွေဖြစ်ပွား
ထိုင်း ရွေးကောက်ပွဲ အထမမြောက်ရေး အစိုးရဆန့်ကျင်သူတွေ လှုပ်ရှား
ယူကရိန်းလူထုနဲ့အတူ အီးယူနဲ့အမေရိကန်ရပ်တည်
သြစတြေးလျ ငါးမန်းသုတ်သင်ရေး ပင်လယ်ချစ်သူတွေ ကန့်ကွက်
No comments:
Post a Comment