ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ ဖေဖော်ဝါရီ ၃၊ ၂၀၁၄ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ တီဗွီမဂ္ဂဇင်း၊ တီဗွီသတင်းလွှာ အစီအစဉ်များ... |
| မြန်မာ မင်းသားဂျက်လီ မြန်မာ လူငယ်တွေကို ကွန်ဖူးသင်ရေးစီစဉ် တရုတ်မင်းသားဂျက်လီရဲ့ ဖောင်ဒေးရှင်းက မန္တလေးတိုင်းအတွင်းက အထက်တန်း ၂ ကျောင်းမှာ ကလေးကစားကွင်းပစ္စည်းတွေကို အမေရိကန်ဒေါ်လာ ၂ သောင်းခွဲဖိုး လာရောက် လှူဒါန်းမှာဖြစ်ပြီး ကျောင်းသားတွေကို သိုင်းပညာသင်ပေးဖို့ စီစဉ်နေကြောင်းလည်း တာဝန်ခံတစ်ဦးက ပြောပါတယ်။ အပြည့်အစုံ ဖွဲ့စည်းပုံပုဒ်မ ၅၉ (စ) မပြင်ဆင်သင့်ဟု ယူဆသူတွေဟောပြော ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို သစ္စာစောင့်သိဖို့ သစ္စာဆိုထားတဲ့အတိုင်း ရပ်တည်သွားဖို့ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်က ပြောသလို စစ်အစိုးရဟောင်းလက်ထက်က ၉၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ် (၁၃) ဦးသာပါတဲ့အတွက် စစ်အာဏာရှင်ရဲ့ဥပဒေဟာ ဒီမိုကရေစီနဲ့မကိုက်ညီကြောင်း NLD ပါတီဘက်ကလည်း တုံ့ပြန်ထားပါတယ်။ အပြည့်အစုံ ငြိမ်းချမ်းရေးရဖို့ အစ္စရေးလ် ဖိအားပေးခံမည်မဟုတ် ပါလက်စတိုင်းတွေနဲ့ ငြိမ်းချမ်းရေး မအောင်မြင်ရင် အစ္စရေးအနေနဲ့ နိုင်ငံတကာရဲ့ သပိတ်မှောက်ဆန့်ကျင်တာကို ခံရမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ သတိပေးစကားကို တိုက်ရိုက်ခြိမ်းခြောက်မှုဖြစ်တယ်ဆိုပြီး အစ္စရေးထိပ်တန်းတာဝန်ရှိသူတွေက တုံ့ပြန်ပါတယ်။ အပြည့်အစုံ သူပုန်တွေရှိရာ Aleppo မြို့မှာ ဆီးရီးယားစစ်တပ်ဗုံးကြဲ ဆီးရီးယား၊ အလက်ပိုမြို့မြောက်ပိုင်း သူပုန်အဖွဲ့တွေ သိမ်းပိုက်ထားတဲ့နေရာတွေကို လေကြောင်းကနေ ရေနံစိမ်းထည့်ထားတဲ့ ပေါက်ကွဲစေတဲ့ဗုံးတွေနဲ့ အစိုးရဘက်က ပစ်ချတိုက်ခိုက်တဲ့အတွက် အနည်းဆုံး လူ (၃၆) ယောက် သေဆုံးခဲ့တဲ့ထဲမှာ ကလေး (၁၃) ယောက် ပါဝင်ခဲ့ပါတယ်။ အပြည့်အစုံ ဝန်ကြီးကယ်ရီ အီရန်နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံ ဒီနေ့ တနင်္ဂနွေနေ့မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီဟာ အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif နဲ့ Munich လုံခြုံရေးညီလာခံပြင်ပမှာ သီးခြားဆွေးဆွေးပွဲတစ်ရပ် ကျင်းပပြီး အငြင်းပွားစရာဖြစ်နေတဲ့ အီရန်-နျူကလီယားပြဿနာအရေး ဆွေးနွေးခဲ့ကြပါတယ်။ အပြည့်အစုံ အမေရိကန် အမျိုးသား ဘောလုံး ဗိုလ်လုပွဲ လူအများစိတ်ဝင်စား အမေရိကန်ပြည်ထောင်စုမှာ အကြီးကျယ်ဆုံးနဲ့ လူအများဆုံးစိတ်ဝင်စားတဲ့ Super Bowl ဗိုလ်လုပွဲအတွက် လက်မှတ်အားလုံး ရောင်းကုန်သွားပြီဖြစ်ပြီး အမေရိကန်ကတင် လူပေါင်း သန်း ၁၁၀ ကျော် စောင့်ကြည့်ကြမယ်လို့ ခန့်မှန်းထားသလို နိုင်ငံပေါင်း ၂၀၀ ကျော်ကိုလည်း တိုက်ရိုက်ပြသသွားမှာ ဖြစ်ပါတယ်။ အပြည့်အစုံ အကြပ်အတည်းတွေကြားက ထိုင်းရွေးကောက်ပွဲ ဘန်ကောက်မြို့အတွင်း ဆန္ဒပြသူတွေရဲ့ ပိတ်ဆို့တားဆီးမှုကြောင့် ရာနဲ့ချီတဲ့မဲရုံတွေ ပိတ်ပစ်ခဲ့ရပြီး စုစုပေါင်း မဲရလဒ်တွေကို ကြေညာနိုင်မှာ မဟုတ်သေးဘူးလို့ ရွေးကောက်ပွဲ ကော်မရှင်က ပြောလိုက်ပါတယ်။ အပြည့်အစုံ Google နဲ့ ကျန်းမာရေး အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
မင်းသားဂျက်လီ မြန်မာ လူငယ်တွေကို ကွန်ဖူးသင်ရေးစီစဉ်
ဖွဲ့စည်းပုံပုဒ်မ ၅၉ (စ) မပြင်ဆင်သင့်ဟု ယူဆသူတွေဟောပြော
ငြိမ်းချမ်းရေးရဖို့ အစ္စရေးလ် ဖိအားပေးခံမည်မဟုတ်
သူပုန်တွေရှိရာ Aleppo မြို့မှာ ဆီးရီးယားစစ်တပ်ဗုံးကြဲ
ဝန်ကြီးကယ်ရီ အီရန်နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံ
အမေရိကန် အမျိုးသား ဘောလုံး ဗိုလ်လုပွဲ လူအများစိတ်ဝင်စား
အကြပ်အတည်းတွေကြားက ထိုင်းရွေးကောက်ပွဲ
Google နဲ့ ကျန်းမာရေး
No comments:
Post a Comment