ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ ဖေဖော်ဝါရီ ၄၊ ၂၀၁၄ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ တီဗွီမဂ္ဂဇင်း၊ တီဗွီသတင်းလွှာ အစီအစဉ်များ... |
| မြန်မာ ဖမ်းဆီးထားသူ သတင်းသမားတွေ ပြန်လွှတ်ဖို့ CPJ တောင်းဆို ကမ္ဘာတဝန်း သတင်းထောက်များကာကွယ်ရေး ကော်မတီ- CPJ က မြန်မာပြည်က Unity ဂျာနယ် အယ်ဒီတာချုပ်နဲ့ သတင်းထောက်တွေကို ဖမ်းဆီးထားတာကို ဝေဖန်လိုက်ပြီး ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ကိုလည်း တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံ ဝန်ကြီးဦးအုန်းမြင့် ရိုင်းပျမှု ရန်ကုန်မှာ ဆန္ဒပြ ပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့်ရဲ့ မကွေးတိုင်းဒေသကြီး၊ သစ်ရာကောက်ကျေးရွာမှာ သုံးနှုန်းပြောဆိုမှုတွေ ကြမ်းတမ်းခဲ့တာကို ကန့်ကွက်ဆန္ဒပြသူတွေကို ပုဒ်မ (၁၈) နဲ့ အရေးယူဖို့ အာဏာပိုင်တွေက ကြိုးစားနေတဲ့အတွက် သူတို့ကလည်း ဝန်ကြီးကို ညစ်ညမ်းစွာဆဲရေးမှု၊ ခြိမ်းခြောက်မှုတွေနဲ့ တန်ပြန်တရားစွဲသွားမယ်လို့ ပြောပါတယ်။ အပြည့်အစုံ ဒုချီးရာတန်းရွာ အကြမ်းဖက်မှု လူ့အခွင့်အရေးကော်မရှင် ကွင်းဆင်းလေ့လာ ဇန်နဝါရီ ၉ ရက်နေ့မှာ လူ ၈ ယောက် အသတ်ခံရတယ်ဆိုတဲ့ သတင်း၊ ဒါလည်း မြေပြင်မှာ သတင်းမရှိဘူး။ အင်တာနက်ကရလို့ပဲ သူတို့ ကြားတယ်ဆိုတာပဲ။ ဒုချီးရာတန်းရွာမှာတော့ ထင်းခုတ်သမားတစ်ဦးက ပြောတယ်ဆိုပြီး သတင်းထွက်တယ်။ နောက် လူ (၄၀) သတင်းကတော့ လုံးဝ မရဘူး။ မြေပြင်သတင်း လုံးဝမရဘူး။” (ဦးစစ်မြိုင်-ကော်မရှင်အတွင်းရေးမှူး) အပြည့်အစုံ Unityဂျာနယ် အရေးယူခံရမှု ပြည်တွင်း မီဒီယာအဖွဲ့တွေ စိုးရိမ် Unity သတင်းဂျာနယ်အယ်ဒီတာချုပ်နဲ့ သတင်းထောက် ၄ ဦးကို ဖမ်းဆီးစစ်ဆေးနေတာနဲ့ပတ်သက်လို့ မြန်မာ့စာနယ်ဇင်းလောကမှာ အရင် အာဏာရှင်ခေတ်ကလုပ်ထုံးလုပ်နည်းအတိုင်းဖြစ်နေတယ်ဆိုတဲ့ ဝေဖန်သုံးသပ်မှုတွေနဲ့အတူ စိုးရိမ်မှုတွေလည်း ရှိနေကြပါတယ်။ အပြည့်အစုံ ရုံးပြန်ဆင်းတဲ့ ယူကရိန်းသမ္မတ ဖိအားပေးခံရ ယူကရိန်းသမ္မတ ယန်နူကိုဗစ်ခ်ျဟာ ဆေးခွင့် ၄ ရက်နဲ့ နားနေပြီး ရုံးပြန်တက်ချိန်မှာ အတိုက်အခံတွေက သမ္မတရဲ့လုပ်ပိုင်ခွင့်အာဏာကို ကန့်သတ်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆေးရေး တောင်းဆိုနေကြပါတယ်။ အပြည့်အစုံ ဒေါ်လာ ၄ သန်းကျော်ချန်ခဲ့တဲ့ မန်ဒဲလား သေတမ်းစာ ကွယ်လွန်သူ တောင်အာဖရိကခေါင်းဆောင်ဟောင်း Nelson Mandela ဟာ ဒေါ်လာ ၄ သန်း၊ ၁ သိန်း တန်ဖိုးရှိတဲ့ အိမ်ခြံမြေတွေရဲ့ အများစုကို သူ့အိမ်ထောင် ၃ ခုက မိသားစုနဲ့ဆွေမျိုးတွေအတွက် ချန်ထားခဲ့ပြီး အတွင်းရေးမှူး၊ ဝန်ထမ်းတချို့နဲ့ သူပညာသင်ကြားခဲ့ရာ ကျောင်းတွေကိုလည်း လှူဒါန်းခဲ့ပါတယ်။ အပြည့်အစုံ ကိုရီးယားမိသားစုတွေ ပြန်ဆုံရေးဆွေးနွေးပွဲ မကြာမီကျင်းပမည် ကိုရီးယားစစ်ပွဲကြောင့် လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀ မှာ ကွဲကွာသွားကြတဲ့ မိသားစုတွေ ပြန်လည် ဆုံစည်းရေး အတွက် ဆွေးနွေးဖို့ ကမ်းလှမ်းချက်ကို မြောက်ကိုရီးယားက လက်ခံလိုက်တယ်လို့ တောင်ကိုရီးယား အရာရှိတွေက ပြောပါတယ်။ အပြည့်အစုံ အစိုးရဆန့်ကျင်သူတွေ ထိုင်းရွေးကောက်ပွဲကို လက်မခံ ထိုင်းနိုင်ငံမှာ အချိန်စောပြီး ကျင်းပခဲ့တဲ့ရွေးကောက်ပွဲကို အစိုးရဆန့်ကျင်သူတွေက ပယ်ချလိုက်ပြီး ဝန်ကြီးချုပ်ယင်းလပ်ရဲ့ အိမ်စောင့်အစိုးရကို ဖြုတ်ချနိုင်မယ့် ဆန္ဒပြပွဲတွေ ဆက်လုပ်သွားဖို့ သံန္နိဌာန်ချထားပါတယ်။ အပြည့်အစုံ ငြိမ်းချမ်းရေးရဖို့ အစ္စရေးလ် ဖိအားပေးခံမည်မဟုတ် ပါလက်စတိုင်းတွေနဲ့ ငြိမ်းချမ်းရေး မအောင်မြင်ရင် အစ္စရေးအနေနဲ့ နိုင်ငံတကာရဲ့ သပိတ်မှောက်ဆန့်ကျင်တာကို ခံရမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ သတိပေးစကားကို တိုက်ရိုက်ခြိမ်းခြောက်မှုဖြစ်တယ်ဆိုပြီး အစ္စရေးထိပ်တန်းတာဝန်ရှိသူတွေက တုံ့ပြန်ပါတယ်။ အပြည့်အစုံ အမေရိကန်ဗဟိုဘဏ်နဲ့ ကမ္ဘ့ာစီးပွားရေး အမေရိကန် ပြည်ထောင်စုမှာ ဘဏ္ဍာရေးအရ ပံ့ပိုးပေးနေတဲ့ အစီအစဉ်တွေကို ဗဟိုဘဏ်က တဖြေးဖြေးချင်း လျှော့ချသွားဖို့ ပြင်ဆင်နေရာက ကမ္ဘာတလွှားမှာရှိတဲ့ လုပ်ငန်းတွေ၊ အထူးသဖြင့် စီးပွားရေး တိုးတက်လာကာစ တိုင်းပြည်တွေအပေါ် ရိုက်ခတ်လာမှာကို စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။ အပြည့်အစုံ သူပုန်တွေရှိရာ Aleppo မြို့မှာ ဆီးရီးယားစစ်တပ်ဗုံးကြဲ ဆီးရီးယား၊ အလက်ပိုမြို့မြောက်ပိုင်း သူပုန်အဖွဲ့တွေ သိမ်းပိုက်ထားတဲ့နေရာတွေကို လေကြောင်းကနေ ရေနံစိမ်းထည့်ထားတဲ့ ပေါက်ကွဲစေတဲ့ဗုံးတွေနဲ့ အစိုးရဘက်က ပစ်ချတိုက်ခိုက်တဲ့အတွက် အနည်းဆုံး လူ (၃၆) ယောက် သေဆုံးခဲ့တဲ့ထဲမှာ ကလေး (၁၃) ယောက် ပါဝင်ခဲ့ပါတယ်။ အပြည့်အစုံ Google နဲ့ ကျန်းမာရေး အပြည့်အစုံ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းလိုက်တဲ့သတင်း၊ သန်းခေါင်စာရင်း ကောက်ခံရေး အစီအစဉ်တွေနဲ့ ပတ်သက်လို့ ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီနဲ့... အပြည့်အစုံ ၂၀၁၄ မတ်လကုန် ကစပြီး မြန်မာနိုင်ငံမှာ သန်းခေါင်စာရင်းကောက်ခံမှာ ဖြစ်ပြီး အရင်က ပဋိပက္ခဖြစ်ပွားခဲ့တဲ့ တိုင်းရင်းသားဒေသတွေအထိ ကောက်ခံတာတွေလုပ်နိုင်တော့မှာ ဖြစ်တဲ့အကြောင်းလူဝင်မှုကြီးကြပ်ရေးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီကVOAကို ပြောပါတယ်။ဦးရော်နီငြိမ်း တွေ့ဆုံမေးမြန်းထားတဲ့ ပထမပိုင်းကိုရှုစားနိုင်ပါတယ်။ အပြည့်အစုံ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်း လိုက်တဲ့သတင်း၊ နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားခဲ့တယ်ဆိုပြီး Unity သတင်းဂျာနယ် အယ်ဒီတာချုပ်နဲ့ သတင်းထောက် လေးယောက်အပေါ် အရေးယူ ထားတာနဲ့ပတ်သက်လို့ တုံ့ပြန်ချက် သတင်းတွေ ပါဝင်ပါတယ်။ အပြည့်အစုံ ဒီသီတင်းပတ်အတွင်း အမေရိကန် နိုင်ငံရေးမှာ အဓိက လွှမ်းမိုးနေတဲ့ အကြောင်းအရာတွေကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။ အပြည့်အစုံ အပတ်စဉ် တင်ဆက်နေတဲ့ မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်မှာ ရှမ်းပြည်နယ် အင်းလေးကန် ခရီးစဉ်အကြောင်း ရှုစားရပါမယ်။ အပြည့်အစုံ ထိုင်းနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အစိုးရ ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ အဆုံးမသတ်မချင်း နောက်ထပ် မဲပေးဖို့ စီစဉ်ပေးမှာ မဟုတ်ဘူးလို့ ထိုင်းရွေးကောက်ပွဲ အရာရှိတွေက ပြောပါတယ်။ ထိုင်းနိုင်ငံရေး အခြေအနေ ဗွီအိုအေသတင်းထောက် Ron Corben ဘန်ကောက်မြို့ကနေ သတင်းပေးပို့ ထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။ အပြည့်အစုံ VOA60 World VOA60 World အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
ဖမ်းဆီးထားသူ သတင်းသမားတွေ ပြန်လွှတ်ဖို့ CPJ တောင်းဆို
ဝန်ကြီးဦးအုန်းမြင့် ရိုင်းပျမှု ရန်ကုန်မှာ ဆန္ဒပြ
ဒုချီးရာတန်းရွာ အကြမ်းဖက်မှု လူ့အခွင့်အရေးကော်မရှင် ကွင်းဆင်းလေ့လာ
Unityဂျာနယ် အရေးယူခံရမှု ပြည်တွင်း မီဒီယာအဖွဲ့တွေ စိုးရိမ်
ရုံးပြန်ဆင်းတဲ့ ယူကရိန်းသမ္မတ ဖိအားပေးခံရ
ဒေါ်လာ ၄ သန်းကျော်ချန်ခဲ့တဲ့ မန်ဒဲလား သေတမ်းစာ
ကိုရီးယားမိသားစုတွေ ပြန်ဆုံရေးဆွေးနွေးပွဲ မကြာမီကျင်းပမည်
အစိုးရဆန့်ကျင်သူတွေ ထိုင်းရွေးကောက်ပွဲကို လက်မခံ
ငြိမ်းချမ်းရေးရဖို့ အစ္စရေးလ် ဖိအားပေးခံမည်မဟုတ်
အမေရိကန်ဗဟိုဘဏ်နဲ့ ကမ္ဘ့ာစီးပွားရေး
သူပုန်တွေရှိရာ Aleppo မြို့မှာ ဆီးရီးယားစစ်တပ်ဗုံးကြဲ
Google နဲ့ ကျန်းမာရေး
VOA60 World
No comments:
Post a Comment