Wednesday, February 5, 2014

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - ဖေဖော်ဝါရီ ၅၊ ၂၀၁၄

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
ဖေဖော်ဝါရီ ၅၊ ၂၀၁၄

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ တီဗွီမဂ္ဂဇင်း၊ တီဗွီသတင်းလွှာ အစီအစဉ်များ...

 
၂၀၁၄ ကမ္ဘ့ာကာကွယ်ရေးစရိတ် ၅ နှစ်အတွင်း အများဆုံးဖြစ်မည် ၂၀၁၄ ကမ္ဘ့ာကာကွယ်ရေးစရိတ် ၅ နှစ်အတွင်း အများဆုံးဖြစ်မည်
"ရုရှားနိုင်ငံ၊ အရှေ့အလယ်ပိုင်းနဲ့ အာရှဒေသတွေမှာ အသုံးစရိတ်တွေ ပိုများလာရာက မနှစ်ကထက် ၀.၆% တိုးပြီး၊ စုစုပေါင်း ၁.၅၄၇ ထီလီယံအထိ ရှိမယ်လို့လည်း ခန့်မှန်းထားတာပါ။" အပြည့်အစုံ
 
Facebook ဆယ်နှစ်ပြည့် Facebook ဆယ်နှစ်ပြည့်
"နောက် ၁၀ နှစ်တာ ကာလအတွင်းမှာလည်း Facebook ဟာ စွမ်းဆောင်နိုင်မှုတွေကို မြှင့်တင်နိုင်ဖို့ မျှော်လင့်ကြောင်း Facebook ကို စတင်ဖန်တီးခဲ့သူလည်းဖြစ် အမှုဆောင်အရာရှိချုပ် Mark Zuckerberg က ကြေညာချက် ထုတ်ပြန်ပါတယ်။" အပြည့်အစုံ
 
မြန်မာ

HRW ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကိုရောက် HRW ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကိုရောက်
"ဒါဟာ နယ်စပ်မှာ တရားဥပဒေစိုးမိုးမှု အားနည်းနေတယ်။ ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက် အဂတိလိုက်စားမှုတွေနဲ့ တရားဥပဒေစိုးမိုးမှု အားနည်းမှုတွေကြောင့် နယ်စပ်ဖြတ်ကျော်လာတဲ့ ကျုးကျော်ဝင်ရောက်လာသူတွေနဲ့ ဒေသခံတွေရဲ့ ပဋိပက္ခဖြစ်တယ်ပေါ့။" အပြည့်အစုံ
 
ဝန်ကြီးဦးအုန်းမြင့် ရိုင်းပျမှု အရေးယူပေးဖို့ လွှတ်တော်မှာ အဆိုတင်သွင်း ၀န်ကြီးဦးအုန်းမြင့် ရိုင်းပျမှု အရေးယူပေးဖို့ လွှတ်တော်မှာ အဆိုတင်သွင်း
“မပြောသင့် မပြောအပ်တဲ့ စကားမျိုးတွေဖြစ်နေတော့ ဒီဟာနဲ့ပတ်သက်လို့ လွှတ်တော်ကိုလည်း စော်ကားရာရောက်တဲ့အတွက်ကြောင့် ဒီဟာကို အမြန်ဆုံး အရေးယူ ဆောင်ရွက်ပေးပါဆိုတဲ့ အရေးတကြီး အဆို တင်တာပေါ့နော်။" အပြည့်အစုံ
 
Unity ဂျာနယ် အရေးယူခံရမှု စာနယ်ဇင်းကောင်စီ ကြားဝင်ညှိနှိုင်းခွင့်ပြုဖို့ ပန်ကြား Unity ဂျာနယ် အရေးယူခံရမှု စာနယ်ဇင်းကောင်စီ ကြားဝင်ညှိနှိုင်းခွင့်ပြုဖို့ ပန်ကြား
"နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေပေါက်ကြားတဲ့ သတင်းဆိုတာ ဘယ်အရာကို ပြောတာပါလဲ။ နိုင်ငံတော်လျှို့ဝှက်ချက်နဲ့ ထိန်းသိမ်းထားတဲ့ Criteria တွေက ဘယ်လိုအရာတွေလဲ ဆိုတာကို ထုတ်ပြန်ထားတာ မရှိသလို၊ စာနယ်ဇင်း သတင်းမီဒီယာ ဥပဒေတွေလည်း အခုထိ လွှတ်တော်က အတည်ပြုနိုင်ခြင်း မရှိသေးဘူး။" - ဦးဇော်သက်ထွေး အပြည့်အစုံ
 
နိုင်ငံတကာ

ဆေးသုတေသနအတွက် ထိပ်တန်းကုမ္ပဏီ ၁၀ ခု ပူးပေါင်းမည် ဆေးသုတေသနအတွက် ထိပ်တန်းကုမ္ပဏီ ၁၀ ခု ပူးပေါင်းမည်
"မှတ်ဥာဏ်ယိုယွင်းတဲ့ Alzheimer ရောဂါ၊ ဆီးချိုရောဂါ ဒုတိယအမျိုးအစား၊ အဆစ်အမြစ်ရောင်ရောဂါနဲ့ ခန္ဓာကိုယ်တွင်း မူမမှန်တဲ့ ခုခံအားစနစ်နဲ့ဆိုင်တဲ့ ရောဂါတချို့ကို ကုသဖို့ သုတေသန လုပ်ငန်းတွေအတွက် ရှေ့လာမယ့် ၅ နှစ်အတွင်း ဒေါ်လာသန်း ၂၃၀ အကုန်အကျခံမှာ ဖြစ်တဲ့အကြောင်း" အပြည့်အစုံ
 
ထိုင်းရွေးကောက်ပွဲ အတိုက်အခံပါတီ စိန်ခေါ် ထိုင်းရွေးကောက်ပွဲ အတိုက်အခံပါတီ စိန်ခေါ်
"ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တဲ့ အတိုက်အခံ ဒီမိုကရက်ပါတီကနေ အာဏာရ Pheu Thai party ကို ဖျက်သိမ်းဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးမှာ ဒီကနေ့ လျှောက်ထားလိုက်ပါတယ်။" အပြည့်အစုံ
 
ဒီမိုကရေစီရေးရာ

မြန်မာ့ပညာရေး ပြုပြင်ပြောင်းလဲမှု အခြေအနေ မြန်မာ့ပညာရေး ပြုပြင်ပြောင်းလဲမှု အခြေအနေ
ဖေဖော်ဝါရီ ၂၊ ၂၀၁၄ - မြန်မာနိုင်ငံရဲ့ ပညာရေးပြုပြင်ပြောင်းလဲမှု အခြေခံ ကမ်းလှမ်းချက် ပုံစံ ၃ မျိုးအကြောင်း NNER လို့ခေါ်တဲ့ ပညာရေး ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်အဖွဲ့ဝင် ဒေါက်တာသိန်းလွင်ကို ဗွီအိုအေအယ်ဒီတာ ဦးသားညွန့်ဦး က ရန်ကုန်မြို့မှာ တွေ့ဆုံမေးမြန်းထားပါတယ်။ အပြည့်အစုံ
 
တီဗွီ

Daily tv show Daily tv show
ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ သမ္မတအရည်အချင်းကို ကန့်သတ်တဲ့ ၅၉ (စ)ကို ထောက်ခံသူတွေနဲ့ ပတ်သက်ပြီး NLD ရဲ့ သဘောထား၊ သန်းခေါင်စာရင်း ကောက်ခံရေး ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနဲ့ VOA မေးမြန်းခန်း ဒုတိယပိုင်း၊ ကမ္ဘာတလွှားခရီးသွားနဲ့ Facebook လူမှုကွန်ယက် ၁၀ နှစ်ပြည့် သတင်းဆောင်းပါးတွေ ပါဝင်ပါတယ်။ အပြည့်အစုံ
 
အင်္ဂလိပ်စာ သင်ခန်းစာ

Tip စကားလုံးဆိုင်ရာ အီဒီယမ် အသုံးအနှုန်းများ Tip စကားလုံးဆိုင်ရာ အီဒီယမ် အသုံးအနှုန်းများ
ဖေဖော်ဝါရီ ၁၊ ၂၀၁၄ - ဒီသီတင်းပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ - ထိပ်ဖျားလို့ အဓိပ္ပါယ်ရတဲ့ Tip ကို အခြေခံတဲ့ အီဒီယမ်အသုံးတွေဖြစ်တဲ့ Tip of the Iceberg, The tip of my tongue, Tip one’s hand တင်ပြထားပါတယ်။ အပြည့်အစုံ
 
ဗွီဒီယိုသတင်း

ဗုဒ္ဓဟူးနေ့မြန်မာတီဗွီသတင်းများ ဗုဒ္ဓဟူးနေ့မြန်မာတီဗွီသတင်းများ
ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ သမ္မတအရည်အချင်းကို ကန့်သတ်တဲ့ ၅၉ (စ)ကို ထောက်ခံသူတွေအပေါ် NLD ရဲ့ သဘောထား၊ Unity ဂျာနယ် အယ်ဒီတာချုပ်နဲ့ သတင်းထောက်လေးဦး ဖမ်းဆီးခံရတဲ့ဖြစ်ရပ်နဲ့ ပတ်သက်လို့ ပြည်တွင်းပြည်ပ မီဒီယာအဖွဲ့အစည်းတွေက စိုးရိမ်တဲ့အကြောင်း ထုတ်ဖော်ပြောဆိုချက် သတင်းတွေ ပါဝင်ပါတယ်။ အပြည့်အစုံ
 
ကမ္ဘာတလွှားခရီးသွား ကမ္ဘာတလွှားခရီးသွား
ဒီတပတ် ကမ္ဘာတလွှား ခရီးသွားအစီအစဉ်မှာ မစုမြတ်မွန်က ရုရှားနိုင်ငံ၊ မော်စကိုက ရင်ပြင်နီဆီ ပို့ပေးပါလိမ့်မယ်။ အပြည့်အစုံ
 
ဆယ်နှစ်သား Facebook ဆယ်နှစ်သား Facebook
Harvard တက္ကသိုလ် ကျောင်းသားတွေအတွက် ဆက်သွယ်ရေး ကွန်ရက်တခုအဖြစ် ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်ထူထောင်ခဲ့တဲ့ Facebook ဟာ အခုအခါ ၁၀ နှစ်ပြည့်လာတဲ့ အချိန်မှာတော့ လစဉ် သုံးတဲ့သူ သန်းပေါင်း ၁ ထောင်ကျော်အထိ ရှိနေပါပြီ။ ကိုအောင်လွင်ဦး တင်ပြထားပါတယ်။ အပြည့်အစုံ
 
ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီနဲ့ VOA (ဒုတိယပိုင်း) ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီနဲ့ VOA (ဒုတိယပိုင်း)
၂၀၁၄ ခု၊ မတ်လကုန်ကစပြီး မြန်မာနိုင်ငံမှာ သန်းခေါင်စာရင်းကောက်ခံတဲ့အခါ နိုင်ငံတကာ စံချိန်စံညွန်းနဲ့ လူ့အခွင့်အရေးကို အဓိကထား ဆောင်ရွက်သွားမယ့်အကြောင်း လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက VOA ကို ပြောပါတယ်။ ကိုရော်နီညိမ်း တွေ့ဆုံမေးမြန်းထားတဲ့ ဒုတိယပိုင်းကို ရှုစားနိုင်ပါတယ်။ အပြည့်အစုံ
 
ထိုင်းဘုရင်နဲ့ ထိုင်းနိုင်ငံရေး ထိုင်းဘုရင်နဲ့ ထိုင်းနိုင်ငံရေး
ထိုင်းနိုင်ငံဝန်ကြီးချုပ် Yingluck ရဲ့ အကို ၀န်ကြီးချုပ်ဟောင်း Thaksin Shinawatra ဟာ ထိုင်းဘုရင်မင်းမြတ်ကို ဆန့်ကျင်တဲ့လုပ်ရပ်တွေ လုပ်ဆောင်နေတယ်လို့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေက စွပ်စွဲ ပြောဆိုလိုက်ပါတယ်။ Daniel Schearf သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က အပြည့်အစုံကို တင်ပြပေးပါမယ်။ အပြည့်အစုံ
 
ကမ္ဘာ့သတင်း စက္ကန့် ၆၀

VOA60 World VOA60 World
VOA60 World အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

No comments:

Post a Comment