Tuesday, June 5, 2012

VOA Burmese E-mail News Summary

ထိပ်တန်းသတင်း

နိုင်ငံရေးအပြောင်းအလဲ အချိန်ယူရမည်ဟု မြန်မာကာကွယ်ရေး ဝန်ကြီး တုံ့ပြန်

လက်ရှိ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကိုလည်း စစ်တပ်က ၁၀၀% ထောက်ခံပါတယ်လို့ မြန်မာနိုင်ငံ ကာကွယ်ရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။

ဗွီအိုအေရုံးဖွင့်ဖို့ သူရဦးရွှေမန်း တိုက်တွန်းမည်

ဗွီအိုအေမြန်မာဌာန ပြည်တွင်းမှာရုံးဖွင့်ဆောင်ရွက်ဖို့ ထောက်ခံသွားမယ်လို့ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းက VOA ညွှန်မှူးကို ပြောပါတယ်။

ဟောင်ကောင်နှင့်ထိုင်ဝမ်မှာ တီယန်မဲန်ရင်ပြင်အထိမ်းအမှတ်ပွဲ ကျင်းပ

တီယန်မဲန်ရင်ပြင် ၂၃ နှစ်မြောက်အခမ်းအနားမှာ ဆန္ဒပြသူတွေက ဇွန်လေးရက်ကို မမေ့ဘူး၊ ဒီမိုကရေစီ အဓွန့်ရှည်ပါစေလို့ ကြွေးကြော်ခဲ့ကြပါတယ်။

ဗြိတိန်ဘုရင်မကြီး Elizabeth နန်းသက် ၆၀ ပြည့်နှစ် ဆင်နွှဲ

အဲလဇ္ဇဘက်ဘုရင်မကြီး နန်းသက် နှစ် ၆၀ပြည့် အခမ်းအနားကိုစိတ်လှုပ်ရှားဖွယ် ကျင်းပနေချိန်မှာပဲ ဘုရင်မကြီးက အထိမ်းအမှတ်မီးတိုင် ထွန်းညှိခဲ့ပါတယ်

ရခိုင်အဓိကရုဏ်း အစိုးရသတိပေး

ရခိုင်က အဓိကရုဏ်းတွေကို တရားဥပဒေနဲ့အညီ ဆောင်ရွက်သွားဖို့နဲ့ လူထုကိုလည်း တရားဥပဒေနဲ့အညီ နေထိုင်ကြဖို့ အစိုးရကြေညာချက်ထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်မှုတွေကြောင့် ဖားကန့်ကျောက်တွင်းတွေပိတ်

ဖားကန့်ဒေသမတည်ငြိမ်မှုကြောင့် အစိုးရက ကျောက်တူးလုပ်ငန်းတွေပိတ်ခိုင်းတဲ့အတွက် ကျောက်တူးသမားတွေ နေရပ်ပြန်နေကြရပါတယ်။

တီယန်နန်ရင်ပြင် နှစ်ပတ်လည်

တီယန်နန်ရင်ပြင်အရေးအခင်း ၂၃ နှစ်ပြည့်ချိန်မှာ အဲဒီအချိန် ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ တရုတ်ကို အမေရိကန်က တောင်းဆိုလိုက်ပါတယ်။

နိုင်ဂျီရီယား လေယာဉ်ပျက်ကျ ၁၅၃ ဦးသေဆုံး

နိုင်ဂျီးရီယား ခရီးသည်တင် လေယာဉ်တစင်း ပျက်ကျသွားတာကြောင့် လေယာဉ်ပေါ်ပါလာတဲ့ ခရီးသည် ၁၅၃ ဦးစလုံး သေဆုံးသွားတယ်လို့ အာဏာပိုင်တွေကပြောပါတယ်

'Yan kallo sun taru yayin da 'yan kwana-kwana ke kokarin kashe wutar da ta barke a lokacin da jirgin saman kamfanin Dana Airlines wanda ya taso daga Abuja, ya fadi kan wani gida a Lagos, lahadi 3 Yuni, 2012.

စစ်တွေ အဓိကရုဏ်း ထိခိုက်မှုရှိ

မနေ့ညပိုင်း ၁၀ နာရီလောက်မှာ စစ်တွေမြို့ ရဲစခန်းရှေ့မှာ လူစုလူဝေးနဲ့ ဆူပူခဲ့ရာကနေ ပစ်ခတ်တဲ့အဆင့်အထိ ရောက်သွားခဲ့ပါတယ်။

ရွှေတူး အလုပ်သမား ဆန္ဒပြမှု အရှိန်မြင့်

ရမည်းသင်းခရိုင် မိုးထိမိုးမိတောင်က ရွှေတွင်းတွေမှာ ဆက်ပြီး အလုပ်လုပ်ကိုင်ခွင့်ရရေး အလုပ်သမား သုံးသောင်းကျော်ဟာ ၃ ရက်မြောက် ဆန္ဒပြနေကြပါတယ်

ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

No comments:

Post a Comment