Thursday, June 7, 2012

VOA Burmese E-mail News Summary

ထိပ်တန်းသတင်း

ရခိုင်ပြည်နယ်အကြမ်းဖက်မှု ဖြစ်ရပ်မှန်စုံစမ်းဖို့ အမေရိကန်တိုက်တွန်း

ရခိုင်အဓိကရုဏ်းကို စုံစမ်းပြီး တာဝန်ရှိသူတွေကို အရေးယူဖို့ အမေရိကန်က မြန်မာအာဏာပိုင်တွေကို တိုက်တွန်းလိုက်ပါတယ်။

တာဝန်သိသိရင်းနှီးမြှုပ်နှံကြဖို့ သြစတြေးလျကို ဒေါ်စုတိုက်တွန်း

သြစတြေးလျစီးပွားရေးလုပ်ငန်းရှင်တွေ မြန်မာပြည်မှာ တာဝန်သိသိ၊ လူထုအတွက် တကယ်အကျိုးဖြစ်မယ့် ရင်းနှီးမှုမျိုးလုပ်ဖို့ ဒေါ်စု တိုက်တွန်း

Hama မြို့မှာ အနည်းဆုံးလူ ၇၈ ဦးအသတ်ခံရ

ဆီးရီးယားအလယ်ပိုင်း Hama မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တွေက အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် အနည်းဆုံး ၇၈ ယောက်ကို သတ်ပစ်လိုက်ပါတယ်။

ရခိုင်အဓိကရုဏ်းမျိုး မဖြစ်စေဖို့ ဒေါ်စု သတိပေး

ရခိုင်ပြည်နယ်မှာ တရားဥပဒေစိုးမိုးရေးအမြင်နဲ့ထိန်းသိမ်းဖို့၊ လူများစုက လူနည်းစုအပေါ် ဂရုဏာထားဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန့်းပါတယ်။

ထိုင်းခရီးစဉ်အပေါ် ဝေဖန်မှုတွေ ဒေါ်စု ပယ်ချ

သမ္မတဦးသိန်းစိန်ထိုင်းခရီးစဉ်ဖျက်သိမ်းမှုက သူ့ခရီးစဉ်နဲ့သက်ဆိုင်တယ်လို့ မယူဆကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ပါကစ္စတန်ဆက်ဆံရေး အိန္ဒိယနဲ့နားလည်မှုရဖို့ အမေရိကန်တိုက်တွန်း

တောင်အာရှငြိမ်းချမ်းရေးနဲ့သာယာရေးသေချာဖို့ အမေရိကန်၊ ပါကစ္စတန်နဲ့အိန္ဒိယတို့ကြား သဘောကွဲလွဲမှုတွေ ကျော်ဖြတ်ဖို့ ဝန်ကြီးပန်နက်တာက ပြောပါတယ်။

နှစ် ၁၀၀ အတွင်း သောကြာဂြိုဟ် နေရှေ့ကဖြတ်

နှစ်ပေါင်း တရာကျော်မှာမှတခါ ကြုံရလေ့ရှိတဲ့ နေနဲ့ကမ္ဘာကြား သောကြာကြယ် ဖြတ်သန်းသွားတာကို မနေ့က တကမ္ဘာလုံးက မြင်တွေ့ ခဲ့ကြရပါတယ်။

ပြုပြင်ပြောင်းလဲမှုတွေ အကဲခတ်ဖို့ သြစတြေးလျနိုင်ငံခြားရေး ဝန်ကြီး မြန်မာပြည်ရောက်

မြန်မာပြည်ကိုရောက်လာတဲ့ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးက အစိုးရ၊ ဒေါ်စုနဲ့အပြင် တခြား နိုင်ငံရေးအတိုက်အခံတွေနဲ့ပါ တွေ့ဆုံဖို့ရှိပါတယ်။

VOA နဲ့ MRTV သဘောတူညီချက်

မြန်မာနိုင်ငံမှာ ဗွီအိုအေ အမေရိကန်အသံရဲ့ မီဒီယာ လုပ်ငန်းတွေကို ခွင့်ပြု သွားမှာ ဖြစ်တဲ့အကြောင်း ပြန်ကြားရေး ၀န်ကြီးက ပြောပါတယ်။

VOA David Ensor and Kyaw San

အယ်လ်ကိုင်းဒါး ဒု-ခေါင်းဆောင် အမေရိကန်လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံး

အယ်လ်ကိုင်းဒါး ဒု-ခေါင်းဆောင် Al Libi သေဆုံးခဲ့တာ အကြမ်းဖက်အုပ်စုအတွက် ကြီးမားတဲ့ထိခိုက်မှုဖြစ်ကြောင်း အမေရိကန်ဘက်က ပြောပါတယ်။

ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

No comments:

Post a Comment