Tuesday, June 26, 2012

VOA Burmese E-mail News Summary

ထိပ်တန်းသတင်း

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အမွေမှု အယူခံဝင်မည်

အမေရိကန်နိုင်ငံသားဖြစ်နေတဲ့ ဦးအောင်ဆန်းဦးကို နေအိမ်တဝက်ပိုင်ခွင့်ပေးတာဟာ တည်ဆဲဥပဒေနဲ့ မကိုက်ညီတာကြောင့် ဒေါ်စုဘက်က အယူခံဝင်ပါလိမ့်မယ်။

နယ်ခြားကိစ္စဆွေးနွေးဖို့ သမ္မတ ဦးသိန်းစိန် ဘင်္ဂလားဒေ့ရှ်သွားမည်

ဂျူလိုင်လလယ်သွားမယ့် သမ္မတဦးသိန်းစိန်ရဲ့ ဘင်္ဂလားဒေ့ရှ်ခရီးစဉ်အတွင်း နှစ်နိုင်ငံနယ်စပ်အခြေအနေနဲ့ ရိုဟင်ဂျာအရေး ဆွေးနွေးဖို့ ရှိနေပါတယ်။

အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ ပြည်ပရောက် အဖွဲ့တွေနဲ့တွေ့

အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ ပြည်ပရောက် ဒီမိုကရေစီအဖွဲ့တချို့က ခေါင်းဆောင်တွေ ဘန်ကောက်မှာ ဒုတိယအကြိမ် ဆွေးနွေးခဲ့ပါတယ်။

အီဂျစ်ရွေးကောက်ခံသမ္မတ အစိုးရဖွဲ့ဖို့ပြင်

အီဂျစ်ရွေးကောက်ခံသမ္မတ Mohamed Morsi က သူ့ရဲ့အရပ်သားအစိုးရအဖွဲ့မှာ ဒုတိယသမ္မတတွေအဖြစ် လူစုံပါဝင်ရေး အာရုံစိုက် ဆောင်ရွက်နေပါတယ်။

ဗြိတိန်ဝန်ကြီးချုပ်ဟောင်း Gordon Brown နဲ့ ဒေါ်စု တွေ့ဆုံမည်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန် ၀န်ကြီးချုပ်ဟောင်း Gordon Brown နဲ့ ဒီကနေ့ လန်ဒန်မြို့မှာ တွေ့ဆုံမှာဖြစ်ပါတယ်။

Myanmar opposition leader Aung San Suu Kyi arrives in Oslo, Friday, June 15, 2012. Suu Kyi formally accepts the Nobel Peace Prize on Saturday June 16, 2012, in the Norwegian capital. (AP Photo / Vegar

တရုတ်အာကာသယာဉ်နဲ့ အာကာသစခန်းငယ် ပထမဆုံးအကြိမ် အောင်မြင်စွာ ချိတ်ဆက်နိုင်

ကမ္ဘာပတ်လမ်းကြောင်းမှာ လည်ပတ်ပျံသန်းနေတဲ့ အာကာသစခန်းငယ်နဲ့ အာကာသယာဉ်ကို တရုတ်နိုင်ငံက ပထမဆုံးအကြိမ် အောင်မြင်စွာ စမ်းသပ် ချိတ်ဆက်ခဲ့ပါတယ်

အီဂျစ်သမ္မတအဖြစ် မူစလင်ညီအစ်ကိုအဖွဲ့ ခေါင်းဆောင် အနိုင်ရ

မူစလင် ညီအစ်ကိုတော်များအဖွဲ့က သမ္မတလောင်း မိုဟာမက် မော်စီ အနိုင်ရကြောင်း အီဂျစ်ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ ကြေညာပါတယ်။

In this Sunday, May 20, 2012 file photo, Muslim Brotherhood's presidential candidate Mohammed Morsi speaks at his last rally in Cairo, Egypt.

တူရကီတိုက်လေယာဉ် နိုင်ငံတကာ လေပိုင်နက်မှာ ပစ်ချခံရ

တူရကီ ဂျက်တိုက်လေယာဉ် တစ်စင်းကို နိုင်ငံတကာလေပိုင်နက်ထဲ ပျံသန်းနေတုန်း ဆီးရီးယားက ပစ်ချလိုက်တယ်လို့ တူရကီနိုင်ငံခြားဝန်ကြီးက ပြောပါတယ်။

ရခိုင်ပြည်ကိစ္စ နိုင်ငံရေးပါတီတွေနဲ့ သတင်းသမားတွေ သတိပေးခံရ

ရခိုင်ပြည်နယ် အခြေအနေတွေနဲ့ပတ်သက်လို့ သတင်းသမားတွေနဲ့ နိုင်ငံရေးပါတီတွေကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတိပေးမှုတွေ လုပ်ခဲ့ပါတယ်။

A Myanmar policeman and soldier provide security as Muslims gather near their refugee camp in Sittwe, capital of Rakhine state in western Myanmar on Thursday, June.14, 2012.

အီဂျစ် ရွေးကောက်ပွဲရလဒ် ကြေညာမည်

အီဂျစ် တကျာ့ပြန် သမ္မတရွေးကောက်ပွဲရဲ့ ရလဒ်တွေကို ဒီကနေ့ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာဖို့ရှိသလို တင်းမာမှုတွေလည်း ကြီးထွားနေပါတယ်။

ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

No comments:

Post a Comment