Sunday, June 10, 2012

VOA Burmese E-mail News Summary

ထိပ်တန်းသတင်း

ရခိုင်ပြည်နယ် ဘင်္ဂလားဒေ့ရှ်နယ်စပ် လုံခြုံရေးတင်းကျပ်

ရခိုင်ပြည်နယ်မှာ လူမျိုးရေးအဓိကရုဏ်းတွေ ဖြစ်ပွားပြီး လူ ၇ ဦးမက သေဆုံးရပြီးတဲ့နောက် ဘင်္ဂလားဒေ့ရှ်နယ်စပ်နားမှာ လုံခြုံရေး တင်းကျပ်ထားပါတယ်

Rakhine Muslim riot

ဒေါ်စု ဥရောပ ၅ နိုင်ငံခရီးစဉ် NLD သတင်းထုတ်ပြန်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပခရီးစဉ်ကို ဇွန်လ ၁၃ ရက်နေ့မှာ စတင်မှာဖြစ်ပါတယ်။

Aung San Suu Kyi VOA 7oth Anniversary Video Message

ဥရောပဖလား စနေပွဲစဉ် ဒိန်းမတ်နဲ့ ဂျာမနီ အနိုင်ရ

စနေနေ့ကကန်ခဲ့တဲ့ ဥရောပဖလား ဘောလုံးဗိုလ်လုပွဲတွေမှာ ဒိန်းမတ်က နယ်သာလန်ကို တဂိုး ဂိုးမရှိ၊ ဂျာမနီက ပေါ်တူဂီကို တဂိုး ဂိုးမရှိနိုင်သွားပါတယ်

စစ်တွေတင်းမာမှု အလားအလာ

စစ်တွေမြို့မှာ ဒီကနေ့ ရခိုင် ဗုဒ္ဓဘာသာဝင်တွေနဲ့ မူစလင်တွေအကြား ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပေါ်နေတယ်လို့ RNDP ပါတီက ပြောပါတယ်။

ဘူးသီးတောင် မောင်တော အခြေအနေ ငြိမ်သက်

ရခိုင်ပြည်နယ် မောင်တောမြို့မှာ မနေ့က ပစ်ခတ်မှုတချို့ ဖြစ်ပွားခဲ့ပေမဲ့ အကြမ်းဖက် ဆူပူမှုတွေ ဒီကနေ့မှာ အတန်ငယ် တည်ငြိမ်သွားပြီလို့ ဆိုပါတယ်။

KNPP နဲ့ အစိုးရ သဘောတူညီချက် လက်မှတ်ထိုး

အစိုးရ ကိုယ်စားလှယ်တွေနဲ့ ကရင်နီလက်နက်ကိုင်အဖွဲ့ KNPP ကိုယ်စားလှယ်တွေကြား ငြိမ်းချမ်းရေး သဘောတူညီချက် ၁၄ ချက် ဒီကနေ့ လက်မှတ်ရေးထိုးပါတယ်

ဥရောပဖလား လူမျိုးရေး ခွဲခြားမှု

ပိုလန်နဲ့ ယူကရိန်းနိုင်ငံ ၂ ခု ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပနေတဲ့ ဥရောပဖလား ဘောလုံးပွဲမှာ လူမျိုးရေးခွဲခြားမှုတွေ ရှိတယ်လို့ ဝေဖန်နေကြပါတယ်။

Fussball, Uefa Europameisterschaft 2012, Vorrunde, Gruppe A, 1. Spieltag, Polen - Griechenland, Freitag (08.06.12), Nationalstadion, Warschau, Polen: Die Mannschaften stehen zur Hymne bereit. Das Spie

မောင်တောမူဆလင် အဓိကရုဏ်း ထိခိုက်မှုတချို့ရှိ

မောင်တောမြို့က ကျေးရွာတချို့မှာ အဓိကရုဏ်းဖြစ်ပြီး ရခိုင်လူနေအိမ်တချို့ မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

မြန်မာ့ပြုပြင်ပြောင်းလဲရေး အမေရိကန်ဖေးမကူညီခဲ့

မြန်မာ့ပြုပြင်ပြောင်းလဲရေး လမ်းမှန်ရောက်အောင် အမေရိကန်က ကြိုးစားဖေးမပေးခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ပြောပါတယ်။

မြန်မာ့ပြုပြင်ပြောင်းလဲရေး မြောက်ကိုရီးယား အတုယူသင့်

မြန်မာ့ပြုပြင်ပြောင်းလဲမှုတွေကို မြောက်ကိုရီးယား အတုယူပြုပြင်ရင် မြန်မာကိုကြိုဆိုသလိုမျိုး တုံ့ပြန်မယ်လို့ အမေရိကန်က ပြောပါတယ်။

ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

No comments:

Post a Comment