ဥရောပ ၅ နိုင်ငံခရီး ဆက်တိုက် ထွက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ခရီးပန်းလွန်းတဲ့အတွက် လွှတ်တော်အစည်းအဝေး တက်မယ့်ရက်ကို ရွှေ့ဆိုင်းလိုက်ပါတယ်။
ဒီကနေ့ ဥရောပခရီးကနေ ပြန်လာတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လူထုတွေက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် ခန့်အပ်ဖို့ သမ္မတက အဆိုပြုထားသူ ဒဲရက်မစ်ချဲလ်ကို အထက်လွှတ်တော်က အတည်ပြု ထောက်ခံလိုက်ပါပြီ။
အီဂျစ်နိုင်ငံမှာ စစ်အစိုးရအုပ်ချုပ်မှု စာမျက်နှာကို ပိတ်လိုက်နိုင်ပြီလို့ သမ္မတသစ် မိုဟာမတ်မော်စီက ကျမ်းသစ္စာကျိန်ဆိုအပြီးမှာ ပြောသွားပါတယ်
ပြည်ပခရီးစဉ်မိန့်ခွန်းတွေအတွင်း ဒေါ်စုက မြန်မာလို့ မသုံးဘဲ Burma လို့ သုံးနှုန်းတာကို ရွေးကောက်ပွဲကော်မရှင်က သတိပေးစာ ပေးပို့ခဲပါတယ်။
ရခိုင်ဒေသတွင်း ပဋိပက္ခတွေကြောင့် တာဝန်ကနေယာယီစွန့်ခွာသွားကြတဲ့ UNHCR ဝန်ထမ်းတွေ အခု တာဝန်တွေကို ပုံမှန် ပြန်ပြီး ထမ်းဆောင်နေကြပါပြီ။
မြောက်ကိုရီးယားက မြန်မာနဲ့စစ်လက်နက်ပစ္စည်း အပေးအယူတွေ လုပ်ခဲ့ဖွယ်ရှိကြောင်း အစီရင်ခံစာတစောင်ကို ကုလသမဂ္ဂအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
ဒေါ်စုရဲ့ ဥပရောပခရီးစဉ် အပိတ်မှာ ပြင်သစ်နိုင်ငံ၊ Sorbonne တက္ကသိုလ်ကျောင်းသူကျောင်းသားတွေနဲ့ မြန်မာ့ပညာရေးဆွေးနွေးခဲ့ပါတယ်။
အိန္ဒိယနိုင်ငံအရှေ့မြောက်မှာ မုတ်သုန်မိုးကြောင့် ရွာပေါင်း ၂ ထောင်ကျော် ရေနစ်မြုပ်ပြီး ၂၇ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။
သတင်း မြန်မာသတင်း နိုင်ငံတကာသတင်း သတင်းသုံးသပ်ချက်
သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်
သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com
သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်
No comments:
Post a Comment