Tuesday, July 3, 2012

VOA Burmese E-mail News Summary

ထိပ်တန်းသတင်း

တိုင်းရင်းသားပေါင်းစုံညီလာခံ ကျင်းပဖို့ မြန်မာအစိုးရကြေညာ

တိုင်းရင်းသားပေါင်းစုံပါ ညီလာကျင်းပဖို့၊ Facebook အွန်လိုင်းမီဒီယာ အချိန်နဲ့အမျှ ငြိမ်းချမ်းရေးသတင်းတွေထုတ်ပြန်ပေးဖို့ ဦးအောင်မင်းပြော

ဆီးရီးယားက စစ်ရေးအကြမ်းဖက်မှုတွေရပ်ဖို့ ကုလပြော

ဆီးရီးယားအစိုးရကိုရော အတိုက်အခံဘက်ကိုပါ လက်နက်ထောက်ပံ့ပေးတာ အခြေအနေပိုဆိုးလာစေလို့ ဒီလို လုပ်ရပ်မျိုး ရှောင်ဖို့ ကုလက သတိပေးလိုက်ပါတယ်။

ကုလအရေးယူမှု မြောက်ကိုရီးယားဆက်ချိုးဖောက်

မြောက်ကိုရီးယားက ဆီးရီးယားနဲ့မြန်မာကို လက်နက်ပို့ရုံသာမက ဇိမ်ခံပစ္စည်းတွေသွင်းပြီး နိုင်ငံတကာပိတ်ဆို့မှု ဆက်ချိုးဖောက်ကြာင်း ကုလဖော်ပြ

ရခိုင်ပြည်နယ်အကြမ်းဖက်မှု လူ ၃၀ ကို ဖမ်းဆီး

ရခိုင်ပြည်နယ်အတွင်း ရိုးမသစ္စာကားပေါ်ပါလာသူ ၁၀ ဦးကို အကြမ်းဖက်သတ်ဖြတ်မှုအတွက် မသင်္ကာသူ ၃၀ ကို ရဲက ဖမ်းဆီးလိုက်ပါပြီ။

ရေလွှမ်းမိုးမှုကြောင့် အိန္ဒိယမှာ လူ ၈၀ ခန့်သေ

အိန္ဒိယအရှေ့ပိုင်းမှာ မုတ်သုန်မိုးကြောင့် ဗြဟ္မာ့ပုတ္တရမြစ်ရေလျှံပြီး လူ ၈၀ လောက်သေဆုံး၊ ၂ သန်းလောက် အိုးအိမ်မဲ့ဖြစ်ခဲ့ရပါတယ်။

တောင်ကိုရီးယား အစိုးရရုံးစိုက်ရာ မြို့သစ်တည်ထောင်

ဆိုးလ်မြို့တော်လူဦးရေ ထူထပ်မှုကို လျှော့ချဖို့ ဆိုးလ်နဲ့ ၇၅ မိုင်အကွာမှာ အစိုးရရုံးစိုက်ရာ မြို့သစ်တခုကို တရားဝင်ဖွင့်လှစ်လိုက်ပါတယ်။

ဒေါ်စု လွှတ်တော်တက်မယ့်ရက် ရွှေ့ဆိုင်း

ဥရောပ ၅ နိုင်ငံခရီး ဆက်တိုက် ထွက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ခရီးပန်းလွန်းတဲ့အတွက် လွှတ်တော်အစည်းအဝေး တက်မယ့်ရက်ကို ရွှေ့ဆိုင်းလိုက်ပါတယ်။

Burmese opposition leader Aung San Suu Kyi, left, and French President Francois Hollande, left, meet at the Elysee Palace, Tuesday, June 26, 2012.

ဟောင်ကောင် အုပ်ချုပ်ရေးမှူးသစ် ကျမ်းကျိန်

လူဦးရေ ၇ သန်းရှိတဲ့ ဟောင်ကောင်ရဲ့ အုပ်ချုပ်ရေးမှူးအသစ် ဖြစ်လာသူဟာ ဒီကနေ့ ကျမ်းသစ္စာ ကျိန်ဆိုပါတယ်။

Former Hong Kong Chief Executives Tung Chee-hwa (front L), Donald Tsang (front R), new Hong Kong Chief Executive Leung Chun-ying (front 2nd L), and his wife during a ceremony in Hong Kong, July 1, 201

အမေရိကန် အရှေ့ပိုင်း မုန်တိုင်း လူ ၁၂ ဦးသေ

အင်အားပြင်းတဲ့ မုန်တိုင်းတခု အမေရိကန်နိုင်ငံ အရှေ့ဘက်အခြမ်းကို သောကြာနေ့ညက ၀င်တိုက်သွားတာကြောင့် လူ ၁၂ ဦး သေဆုံးခဲ့ရပါတယ်။

Bishiya ta fadi a harabar majalisar dokokin Amurka a Washington DC

ဒေါ်အောင်ဆန်းစုကြည်ကို လူထု သောင်းသောင်းဖြဖြ ကြိုဆို

ဒီကနေ့ ဥရောပခရီးကနေ ပြန်လာတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လူထုတွေက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပါတယ်။

Myanmar opposition leader Aung San Suu Kyi, center, is welcomed by supporters upon her arrival at Yangon International Airport in Yangon, Myanmar Saturday, June 30, 2012.
ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

No comments:

Post a Comment