Sunday, July 8, 2012

VOA Burmese E-mail News Summary

ထိပ်တန်းသတင်း

7 July အဖမ်းခံရသူတွေ ပြန်လွတ်

7 July အခမ်းအနားကို ရန်ကုန်မှာ လုပ်ဖို့ စီစဉ်နေရင်း မနေ့ညက အဖမ်းခံခဲ့ရတဲ့ ဗကသ ကျောင်းသားခေါင်းဆောင်တွေ မနေ့က ပြန်လွတ်လာခဲ့ပါတယ်။

ပြန်လည်လွတ်မြောက်လာတဲ့ ဗကသများအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး မဖြိုးဖြိုးအောင်

ကလေးတွေကို ပြုစုပျိုးထောင်ပေးဖို့ အရေးကြီးဟု ဂျက်ကီချန်းဆို

ကလေးငယ်တွေကို ကာကွယ် စောင့်ရှောက်ဖို့နဲ့ ပညာရေးကို အားပေးဖို့ အရေးကြီးကြောင်း မြန်မာနိုင်ငံရောက် ကမ္ဘာကျော် မင်းသား ဂျက်ကီချန်းကပြောပါတယ်

လစ်ဗျားနိုင်ငံမှာ ပါတီစုံရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ

လစ်ဗျားနိုင်ငံမှာ မဲရုံတွေ ပိတ်သွားပြီဖြစ်ပြီး မဲရလဒ်တွေ မထွက်သေးပေမဲ့ နိုင်ငံသား အများအပြားကတော့ လမ်းတွေပေါ်ထွက် ပျော်မြူးနေကြပါတယ်။

ရန်ကုန် မိဘမဲ့ကလေးများနဲ့ Jackie Chan တွေ့ဆုံ

UNICEF အကျိုးဆောင် သံအမတ်ကြီးအဖြစ် မြန်မာနိုင်ငံမှာရာက်နေတဲ့ မင်းသား Jackie Chan ဟာ ဒီကနေ့ ရန်ကုန်မြို့က မိဘမဲ့ကလေးတွေကို တွေ့ခဲ့ပါတယ်။

Actor Jackie Chan waves upon arrival at the green carpet for "1911" at the Tokyo International Film Festival in Tokyo Saturday, Oct. 22, 2011. (AP Photo/Itsuo Inouye)

အာဖဂန်သည် အမေရိကန်အတွက် အရေးပါသော မဟာမိတ်

အာဖဂန်နိုင်ငံဟာ နေတိုးမဟာမိတ် အဖွဲ့ဝင်တွေလိုပဲ အရေးပါတဲ့ မဟာမိတ် နိုင်ငံတခု ဖြစ်တယ်လို့ အမေရိကန်အစိုးရက ကြေညာလိုက်ပါတယ်။

ရုရှားရေကြီးမှု ၇၀ ကျော် သေဆုံး

ရုရှားနိုင်ငံတောင်ပိုင်းမှာ မိုးသည်းထန်ပြီး ရေကြီးမှုတွေ ဖြစ်နေတာကြောင့် အနည်းဆုံး လူ ၇၈ ဦး သေဆုံးခဲ့ပါတယ်။

နှစ် ၅၀ ပြည့် 7th July အထိမ်းအမှတ်ပွဲ စီစဉ်သူတချို့ အဖမ်းခံရ

နှစ် ၅၀ ပြည့် ဇူလိုင် ၇ ရက်၊ ကျောင်းသား သမဂ္ဂအဆောက်အဦးဖြိုခွဲခံရခြင်း အထိမ်းအမှတ်ပွဲ ကျင်းပဖို့ စီစဉ်သူ ဗကသ ကျောင်းသားတွေ အဖမ်းခံရပါတယ်။

၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့က ဖြိုချခံခဲ့ရသည့် ကျောင်းသားသမဂ္ဂ အဆောက်အဦး။ ဓာတ်ပုံ - မှတ်တမ်း

မြန်မာ့ပြုပြင်ပြောင်းလဲရေး ထောက်ခံအားပေးမည်ဟု အမေရိကန်သံအမတ်ကြီး အာမခံ

မြန်မာအပေါ် ထိတွေ့ဆက်ဆံရေးမူကို ဆက်ကျင့်ပြီး ပြုပြင်ပြောင်းလဲမှုတွေ အားပေးသွားမယ်လို့ မစ္စတာ Derek Mitchell က နှုတ်ခွန်းဆက် ပြောကြားခဲ့ပါတယ်

မြောက်ကိုရီးယား စားနပ်ရိက္ခာအခြေအနေ ဆိုးရွား

မြောက်ကိုရီးယားရဲ့ စားနပ်ရိက္ခာအခြေအနေ ဆိုးဝါးနေတယ်လို့ ဒိန်းမတ်အခြေစိုက် အကူအညီပေးအဖွဲ့တဖွဲ့က ပြောလိုက်ပါတယ်။

ပြည်ခိုင်ဖြိုး အမတ်တွေ လေသံ ပြောင်း

အခုကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးမှာ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်တွေက ပြည်သူတွေရဲ့ အခက်အခဲတွေကို ထူးခြား ဦးဖျား တင်ပြလာပါတယ်။

In this photo taken March 27, 2010, daily waged labors work at new parliament building in Nay Pyi Taw, Myanmar.
ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

No comments:

Post a Comment