Wednesday, July 18, 2012

VOA Burmese E-mail News Summary

ထိပ်တန်းသတင်း

ကမ္ဘာ့အကျိုးဆောင်နိုင်ငံသားဆု လက်ခံဖို့ ဒေါ်စု နယူးယောက် လာမည်

မိမိဒေသနဲ့လူ့အဖွဲ့အစည်းကိုသာမက နိုင်ငံတကာလူ့အဖွဲ့အစည်းအတွက်ပါ ထူးချွန်စွာဆောင်ရွက်သူတွေကို ချီးမြှင့်တဲ့ဆုကို နယူယောက်မှာ ဒေါ်စုလာယူမည်။

သမ္မတနဲ့ နိုင်ငံရေးဆယ်ပါတီ တွေ့ဆုံမည်

သမ္မတနဲ့ ပထမဆုံးအကြိမ်တွေ့ဆုံပွဲမှာ အတိုက်အခံဘက်တွေဘက်က စီးပွားရေး၊ နိုင်ငံရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးတွေ တင်ပြဖို့ရှိပါတယ်။

ဆီးရီးယားအရေး လုံခြုံရေးကောင်စီ ညီညွတ်ဖို့လို

ဆီးရီးယားပြည်တွင်း ပဋိပက္ခတွေကို ဖြေရှင်းဖို့နည်းလမ်းရှာရာမှာ လုံခြုံရေးကောင်စီက တညီတညွတ်တည်း ရှိဖို့မျှော်လင့်ကြောင်း ကုလအထူးသံတမန်ပြော

联合国阿盟特使安南出席在多哈的阿拉伯部长委员会会议讨论叙利亚危机

အမေရိကန် ပိတ်ဆို့မှုကိစ္စ လွှတ်တော်အမတ် McConnell နဲ့ ဒေါ်စု ဆွေးနွေး

အမေရိကန် အထက်လွှတ်တော်အမတ် McConnell နဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဒဏ်ခတ်မှုတွေ နဲ့ ပတ်သက်လို့ ဆွေးနွေးကြပါတယ်။

ပြည်ပရောက် လူ့အခွင့်အရေးအဖွဲ့ မြန်မာပြည်မှာ အလုပ်လုပ်ဖို့ ဖိတ်ခေါ်

ပြည်ပအခြေစိုက် လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ကို မြန်မာနိုင်ငံမှာ တရားဝင် လုပ်ကိုင်ဖို့ လူ့အခွင့်အရေး ကော်မရှင်က ဖိတ်ခေါ်လိုက်ပါတယ်။

မြန်မာပြည်မှာ ခရက်ဒစ် အကြွေးကဒ်သုံးဖို့ စတင် စီစဉ်

အငြင်းပွားရေပိုက်နက် တရုတ်သင်္ဘောတွေ ရောက်လာတာကြောင့် ဖိလစ်ပိုင် စိုးရိမ်

အငြင်းပွားနေတဲ့ ကျွန်းတွေအနီး တရုတ်နိုင်ငံက သင်္ဘောအစင်း ၃၀ လောက် စေလွှတ်လိုက်တဲ့အတွက် ဖိလစ်ပိုင်က စိုးရိမ်နေပါတယ်။

ဒေါ်စု စက်တင်ဘာလ အမေရိကန် လာမည်

Global Citizen Award ဆုကို လက်ခံရယူဖို့အတွက် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ပြည်ထောင်စုကို စက်တင်ဘာမှာ ရောက်လာပါမယ်။

မြန်မာရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်း IMF ကျင့်ဝတ်များ လိုက်နာဖို့လိုအပ်

နိုင်ငံတကာရင်းနှီးမြုပ်နှံမှုနဲ့ပတ်သက်လို့ နိုင်ငံတကာက သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေကို မြန်မာဖက်က လိုက်နာဖို့ ဖိအားပေး

ဖမ်းဆီးခံ ၀န်ထမ်းများအရေး ကုလနဲ့ မြန်မာအစိုးရ ညိနှိုင်း

ဖမ်းဆီးထိမ်းသိမ်းခံနေရတဲ့အပေါ် ကုလသမဂ္ဂအနေနဲ့ အာဏာပိုင်တွေနဲ့ ညိနှိုင်းဆောင်ရွက်နေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရုံးက ပြောပါတယ်

ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

No comments:

Post a Comment