Friday, July 6, 2012

VOA Burmese E-mail News Summary

ထိပ်တန်းသတင်း

နိုင်ငံရေးအကျဉ်းသားတချို့ ပြန်လွှတ်ပေးတဲ့အပေါ် ကင်တားနား ကြို

ကုလလူ့အခွင့်အရေးကျွမ်းကျင်သူ နိုင်/ကျဉ်းတချို့လွတ်တာ ကြိုဆိုပြီး ကျန်နိုင်/ကျဉ်းအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ တောင်းဆို-

အကြမ်းဖက်သံသယရှိသူ ခြောက်ဦး ဗြိတိန် ဖမ်းဆီး

အကြမ်းဖက်သမားလို့ သံသယရှိသူခြောက်ဦးကို ဗြိတိန်အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပေမဲ့ အိုလံပစ်အားကစားပွဲနဲ့မသက်ဆိုင်ကြောင်း ပြောပါတယ်။

ဟောင်ကောင်မင်းသား Jackie Chan မြန်မာနိုင်ငံကို ရောက်ပြီ

ဟောင်ကောင် သိုင်းနဲ့ဟာသမင်းသား Jackie Chan မြန်မာနိုင်ငံ၊ မန္တလေးမြို့ကို UNICEF အထူးသံ တာဝန်နဲ့ ရောက်နေပြီဖြစ်ပါတယ်။

NGO အထောက်အပံ့ ရခိုင်ဒုက္ခသည်စခန်းလက်မခံ

ရိုဟင်ဂျာတွေကို အကူအညီပေးနေတဲ့ နိုင်ငံခြား NGO အဖွဲ့တွေက ပေးတဲ့ အကူအညီတွေကို ရခိုင် ဒုက္ခသည်စခန်းကြီးကြပ်သူတွေက လက်မခံကြောင်း ပြောပါတယ်။

ဂျပန်နျူကလီယားပြဿနာ တုံ့ပြန်ဆောက်ရွက်ဖို့ နှေးကွေးခဲ့

နျူကလီယားဓာတ်အားပေးစက်ရုံဘေးသင့်ခဲ့ရတာ တာဝန်ရှိသူတွေရဲ့ မှားယွင်းတဲ့ လုပ်ဆောင်မှုကြောင့်လို့ စုံစမ်းရေးကော်မရှင်က ပြောပါတယ်။

Tokyo Electric Power Co. (TEPCO)'s tsunami-crippled Fukushima Daiichi nuclear power plant No.6 (L) and No.5  reactor buildings are seen from a bus window in Fukushima prefecture, February 20, 2012

ရူမေးနီးယားသမ္မတ စစ်ဆေးခံရဖွယ်ရှိ

ရိုမေးနီးယား ညွန့်ပေါင်းဥပဒေပြုအမတ်တွေက သမ္မတ ဘာဆက်ဆကူးကို ဝန်ကြီးချုပ်နဲ့ အာဏာလုတယ်ဆိုတဲ့ စွဲချက်နဲ့ စစ်ဆေးဖို့ ပြင်ဆင်နေပါတယ်။

Serbia's President Boris Tadic (L) and European Commission President Jose Manuel Barroso (R) hold a joint news conference after a meeting in Brussels February 28, 2012.

လွတ်လပ်ရေးနေ့မှာ အမေရိကန်နိုင်ငံသားသစ်တွေကို အိုဘားမားကြိုဆို

လွတ်လပ်ရေးနေ့၊ ကြည်း၊ လေ၊ မရိန်းတပ်ဖွဲ့ဝင် ၂၅ ဦးဂုဏ်ပြုပွဲမှာ လူဝင်မှု ကြိကြပ်ရေးပေါ်လစီ ပြင်ရာမှာပြည့်စုံမှုရှိဖို့ သမ္မတ ထပ်တိုက်တွန်း

ဦးတင်အောင်မြင့်ဦးနေရာ ဒု-သမ္မတသစ်တဦး အစားထိုးမည်

ကျန်းမာရေးချွတ်ယွင်းမှုကြောင့် နုတ်ထွက်စာတင်တဲ့ ဒုတိယသမ္မတနေရမှာ အစားထိုးခန့်အပ်မယ့် အမည်စာရင်းကို ၇ ရက်အတွင်း သမ္မတကို တင်ပြရမှာဖြစ်ပါတယ်။

ဆန္ဒပြအလုပ်သမားခေါင်းဆောင်တချို့ အလုပ်ဖြုတ်ခံရ

၅၁- ၅၄ ခုနှစ်ကတည်းက ပြဌာန်းထားတဲ့ အလုပ်ရုံဥပဒေ ချိုးဖောက်သူအလုပ်ရှင်တွေကို အလုပ်သမားဌာနက အရေးမယူတာကြောင့် အလုပ်သမားတွေ အလုပ်ထုတ်ခံနေရ-

ပစ်ချခံရတဲ့ဂျက် လေယာဉ်မှူးအလောင်းတွေ တူရကီရှာတွေ့

ဇွန်လထဲမှာ ဆီးရီးယားတပ်ကပစ်ချခဲ့တဲ့ F-4 ဂျက်လေယာဉ်မှူး ၂ ယောက်ရဲ့ ရုပ်အလောင်းတွေ ရှာတွေ့ပြီလို့ တူရကီက ပြောပါတယ်။

ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

No comments:

Post a Comment