Monday, November 14, 2011

VOA Burmese E-mail News Summary

ထိပ်တန်းသတင်း

မင်းပြားဈေး မီးလောင်

ရခိုင်ပြည်နယ် မင်းပြားမြို့က မြို့မဈေးကြီးမှာ နိုဝင်ဘာလ ၁၂ ရက်နေ့ညက လောင်ခဲ့တဲ့မီးကြောင့် ဈေးဆိုင်ခန်းအားလုံးနီးပါး မီးထဲပါသွားပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးဖို့ KNU ပြင်ဆင်

မြန်မာနိုင်ငံက စစ်ရေးပဋိပက္ခတွေကို နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းဖို့အတွက် ကရင်အမျိုးသားအစည်းအရုံး KNU က ကော်မတီတရပ် ဖွဲ့စည်းလိုက်ပါတယ်။

ပစိဖိတ်ဒေသ စီးပွားတက်ဖို့ APEC ခေါင်းဆောင်တွေကြိုးပမ်း

နိုင်ငံ ၂၁ နိုင်ငံက ခေါင်းဆောင်တွေတက်ရောက်ကြတဲ့ အာရှပစိဖိတ်ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု APEC ထိပ်သီးညီလာခံကို မနေ့ကစတင်ပါတယ်။

U.S. President Barack Obama looks over his shoulder was he arrives for an APEC leaders session

စီးပွားရေးပညာရှင် အီတလီဝန်ကြီးချုပ် ဖြစ်လာမည်

အီတလီအစိုးရသစ်ဖွဲ့စည်းဖို့ အလျင်အမြန် ဆောင်ရွက်မယ်လို့ ၀န်ကြီးချုပ်သစ်နေရာ ယာထားခံရသူ စီးပွားရေးပညာရှင် မစ္စတာမွန်တီ ကဆိုပါတယ်။

အီတလီဝန်ကြီးချုပ်သစ်နေရာ ယာထားခံရသူ စီးပွားရေးပညာရှင် မာရီယိုမွန်တီ။ (နိုဝင်ဘာလ ၁၃၊ ၂၀၁၁)

အကျဉ်းသားတွေ ထပ်လွှတ်ပေးဖို့ ပန်ကြား

ယုံကြည်ချက်ကြောင့် အကျဉ်းကျနေ သူတွေကို ထပ်ပြီးလွှတ်ပေးဖို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က သမ္မတထံ မေတ္တာရပ်ခံလိုက်ပါတယ်။

သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ အင်းစိန်ထောင်တွင်းက အကျဉ်းသားတချို့ကို ပြန်လည် လွှတ်ပေးနေစဉ် (အောက်တိုဘာလ ၁၂၊ ၂၀၁၁)

မြန်မာ ၅ ဂိုး ဖိလစ်ပိုင် ဂိုးမရှိ

(၂၆) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဘောလုံးပွဲမှာ မြန်မာအသင်းက ဖိလစ်ပိုင်အသင်းကို ၅ ဂိုး ဂိုးမရှိ နဲ့ အနိုင်ရသွားခဲ့ပါတယ်။

Myanmar's Mar La, right in red, battles for the ball with China's Wang Quiang, left, during the Grand Royal 2005 Challenge Cup football tournament in Yangon, Myanmar Monday, Oct. 31, 2005.

တရုတ်စီးပွားရေးပြုပြင်ပြောင်းလဲမှု အမေရိကန်တို့ စိတ်မရှည်

တရုတ်နိုင်ငံက စီးပွားရေးဆိုင်ရာမူဝါဒတွေ ပြုပြင်ပြောင်းလဲရာမှာ နှေးကွေးလွန်းတဲ့ အတွက် စိတ်မရှည်တော့ကြောင်း အမေရိကန်သမ္မတက ပြောလိုက်ပါတယ်။

APEC ထိပ်သီးစည်းဝေးပွဲ တက်ရောက်နေကြတဲ့ အမေရိကန်သမ္မတ အိုဘားမား (ယာ) နဲ့ တရုတ်သမ္မတ ဟူကျင်းတောင် (၀ဲ)။ (နိုဝင်ဘာလ ၁၃၊ ၂၀၁၁)

မြန်မာ့အသွင်ကူးပြောင်းရေး ခြေလှမ်းတိုးဖို့ အမေရိကန်တိုက်တွန်း

မြန်မာနိုင်ငံမှာ အသွင်ကူးပြောင်းရေး လုပ်ငန်းတွေ ဒီထက်ပို အားကောင်းလာတာကို မြင်လိုတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။

U.S. Secretary of State Hillary Clinton delivers remarks on "America's Pacific Century" at APEC Leaders Week in Honolulu, Hawaii November 10, 2011.

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗွီအိုအေ တွေ့ဆုံမေးမြန်းခန်း - အပိုင်း (၁)

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗွီအိုအေ တွေ့ဆုံမေးမြန်းခန်း - အပိုင်း (၁)

Daw Aung San Suu Kyi and Daw Khin Soe Win (VOA)

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗွီအိုအေ တွေ့ဆုံမေးမြန်းခန်း - အပိုင်း (၂)

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗွီအိုအေ တွေ့ဆုံမေးမြန်းခန်း - အပိုင်း (၂)

Daw Aung San Suu Kyi and Daw Khin Soe Win (VOA)
ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

No comments:

Post a Comment