ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ ဇန်နဝါရီ ၁၀၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ မြန်မာ ဘတ်စကက်ဘောသမားတွေ အမေရိကန်လေ့လာရေးစ မြန်မာလူငယ် ချစ်ကြည်ရေးဘတ်စကက်ဘောအဖွဲ့ အမေရိကန်က ကြံ့ခိုင်ရေး၊ မသန်မစွမ်းအားကစားသူတွေလေ့ကျင့်မှုနဲ့ အားကစားအထောက်ကူပြုအစီအစဉ်တွေ လေ့လာနေကြပါတယ်။ အပြည့်အစုံ အိမ်ဖေါ်တွေကို အလုပ်သမားဥပဒေနဲ့ကာကွယ်ရမည် မြန်မာအပါအဝင် ကမ္ဘာတဝန်းက သန်းနဲ့ချီတဲ့ အိမ်ဖော်အလုပ်သမားတွေအတွက် ဥပဒေနဲ့အညီ အကာအကွယ်ပေးဖို့ လိုအပ်ကြောင်း ILO ရဲ့အစီရင်ခံစာသစ်မှာ ဖော်ပြထားပါတယ်။ အပြည့်အစုံ စစ်လက်ကျန်လေယာဉ် ရှာဖွေရေး မြန်မာနိုင်ငံမှာ စတင် ဒုတိယကမ္ဘစစ်အပြီး မြန်မာပြည်မှာ မြှုပ်နှံထားခဲ့တဲ့ ဗြိတိသျှရဲ့ လေလိုမြန်တဲ့တိုက်လေယာဉ် အစင်း ၆၀ ခန့်ကို အခု ပြန်လည်ရှာဖွေ တူးဖော်ရေး စတင်နေပါပြီ။ အပြည့်အစုံ မြန်မာထိုးစစ်ကြောင့် ကချင်ဒုက္ခသည်ဦးရေတိုး KIA ဌာနချုပ်ရှိရာ လိုင်ဇာတဝိုက်ကို မြန်မာအစိုးရ ထိုးစစ်ဆင်မှု ပြင်းထန်နေဆဲဖြစ်ပြီး KIA ထိန်းချုပ်ရာ ဖွန်ပြန်ဘွမ်တောင်ကို သိမ်းဖို့ ကြိုးစားနေပါတယ်။ အပြည့်အစုံ ပြုပြင်ပြောင်းလဲရေးတွေ ဦးသိန်းစိန်နဲ့ George Soros ဆွေးနွေး ဆိုးရော့စ်နဲ့ သမ္မတဦးသိန်းစိန်တို့ လက်ရှိ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေအကြောင်း ဆွေးနွေးခဲ့ပါတယ်။ အပြည့်အစုံ သူတပါးဆေးလိပ်ငွေ့ကြောင့် ဦးနှောက်ယိုယွင်းနိုင် သူများသောက်တဲ့ဆေးလိပ်ငွေ့ ရှူမိသူတွေဟာ နှလုံးနဲ့ အဆုတ်ကင်ဆာအပြင် ဦးနှောက်ယိုယွင်းမှုဖြစ်စေနိုင်ကြောင်း တရုတ်လေ့လာမှုအသစ်က ဆိုပါတယ်။ အပြည့်အစုံ အခွင့်အရေးလှုပ်ရှားသူတွေအပေါ် ဗီယက်နမ်ပြစ်ဒဏ် ပြင်းထန် ဗီယက်နမ်မှာ ကွန်မြူနစ်အစိုးရကို ဖြုတ်ချဖို့ ကြံစည်မှုနဲ့ တက်ကြွလှုပ်ရှားသူ ၁၄ ယောက်ကို တရားရုံးက နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။ အပြည့်အစုံ အိန္ဒိယစစ်သားနှစ်ဦး အသတ်ခံရမှု ပါကစ္စတန်ကို သတိပေး နှစ်နိုင်ငံနယ်စပ်- ပိုင်ဆိုင်မှုအငြင်းပွားရာ ကက်ရှ်မီးယားဒေသမှာ အိန္ဒိယစစ်သားနှစ်ဦး အသတ်ခံရမှု ပါကစ္စတန်ကို အိန္ဒိယက တရားဝင်ကန့်ကွက်လိုက်ပါတယ်။ အပြည့်အစုံ တရုတ် ဆင်ဆာဖြတ်မှု ဖြေရှင်းရေး ယာယီ သဘောတူညီချက်ရ ဆင်ဆာဖြတ်မှုအပေါ် အစိုးရနဲ့ စာနယ်ဇင်းသမားတွေကြားက ထိပ်တိုက်ကြုံနေတဲ့အခြေအနေ အဆုံးသတ်နိုင်မယ့် ညှိနှိုင်းမှု ရပြီလို့ သတင်းတွေ ထွက်လာနေပါတယ်။ အပြည့်အစုံ ကိုယ်ဝန်ဆောင် နဲ့ အန္တရာယ်အမျိုးအစားများ ဇန်နဝါရီ ၉၊ ၂၀၁၃။ ဆေးရုံတက်ပြီး ကလေးမွေးဖို့လိုတဲ့ ကိုယ်ဝန်ဆောင် မိခင်များ ဘယ်လို အန္တရာယ်မျိုးတွေ ရှိကြပါသလဲ။ အပြည့်အစုံ ငြိမ်းချမ်းရေး နဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဇန်နဝါရီ ၉၊ ၂၀၁၃ - ပြည်တွင်းငြိမ်းချမ်းရေး နဲ့ ဖယ်ဒရယ် ပြည်ထောင်စုဆိုင်ရာ အကြောင်းအရာများကို ပါမောက္ခ ဦးထွန်းအောင်ချိန်နဲ့ ဆွေးနွေးသုံးသပ်ထား။ အပြည့်အစုံ မြန်မာနိုင်ငံမှာ မြုတ်နှံထားပြီး ဗြိတိလျှရှာဖွေရေးအဖွဲ့တွေ တူးဖေါ်နေတဲ့ Spitfire စစ်လေယဉ်တွေ တူးဖေါ်မှုအခြေအနေ၊ ကချင်ဒေသတိုက်ပွဲတွေမှာ မြန်မာစစ်တပ်က လေကြောင်းက ဆက်လက်ထိုးစစ်ဆင်နေတဲ့ အကြောင်း၊ သမ္မတဦးသိန်းစိန်ဖွဲ့စည်းတဲ့ လဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီအကြောင်း၊ လက်ပန်းတောင်းအရေးအခင်းမှာ ဒဏ်ရာရခဲ့ပြီး ထိုင်းနိုင်ငံမှာ ဆေးကုသမှုခံနေသည့် သံဃာတော်တွေရဲ့ အခြေအနေနဲ့ အန္ဒိယနိုင်ငံ မွန်ဘိုင်းက ရာတာအရောင်းပြပွဲအကြောင်းတွေ တင်ပြဖို့ရှိပါတယ်။ အပြည့်အစုံ . အပြည့်အစုံ ဒုတိယကမ္ဘာစစ်အတွင်းက ဗြိတိသျှတပ်ဖွဲ့တွေ မြန်မာနိုင်ငံ မှာ မြှုပ်နှံပြီးဖွက်သွားခဲ့တဲ့ Spitfire တိုက်လေယာဉ်တွေကိုအဖွဲ့ဝင် ၂၁ ဦးပါတဲ့အဖွဲ့တဖွဲ့ စပြီးတော့ ရှာဖွေ တူးဖော်နေပြီဖြစ်ပါတယ်။ သူတို့အဖွဲ့နဲ့အတူ ပြည်တွင်းတူးဖော်ရေးကုမ္ပဏီဖြစ်တဲ့ ရွှေတောင် ပေါ် ကုမ္ပဏီနဲ့ ပူးတွဲလုပ်ဆောင်မှာဖြစ်တယ်လို့ တူးဖေါ်ရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ ကုမ္ပဏီတာဝန်ရှိသူတဦးက ပြောပါ တယ်။ စတင်တူး ဖော်ပြီး သီတင်းနှစ်ပတ်အတွင်း လေယာဉ်တွေကို မြေပေါ်တင်နိုင်မယ်လို့လည်း ခန့်မှန်း ထားကြပါတယ်။ ဒီအကြောင်းအသေးစိတ်ကိုတော့ ကိုကျော်သိင်္ခက တင်ပြပေးမှာပါ။ အပြည့်အစုံ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်ဆဲရေး သပိတ်စခန်းတွေကို ရဲတပ်ဖွဲ့က ဖြိုခွင်းစဉ်မှာ မီးလောင်ဒဏ်ရာ ဆိုးဆိုးဝါးဝါး ခံခဲ့ရတဲ့ သံင်္ဃာတပါးနဲ့ ကိုရင်တပါးတို့ ဘန်ကောက်မြို့မှာ ဆေးကုသခံနေတာမှာ ကိုရင်သဇ္ဇနရဲ့ ဒဏ်ရာတွေအတွက်ကတော့ ခွဲစိတ်ကုသမှု ပြီးစီးသွား ပြီဖြစ်ပါတယ်၊ ဆရာတော် ဦးတိက္ခဉာဏ ကတော့ အရေပြား အစားထိုးကုသမှု ဆက်လက်ခံယူဖို့လိုအပ်နေဆဲဖြစ်ပါတယ်၊ အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
မြန်မာ ဘတ်စကက်ဘောသမားတွေ အမေရိကန်လေ့လာရေးစ
အိမ်ဖေါ်တွေကို အလုပ်သမားဥပဒေနဲ့ကာကွယ်ရမည်
စစ်လက်ကျန်လေယာဉ် ရှာဖွေရေး မြန်မာနိုင်ငံမှာ စတင်
မြန်မာထိုးစစ်ကြောင့် ကချင်ဒုက္ခသည်ဦးရေတိုး
ပြုပြင်ပြောင်းလဲရေးတွေ ဦးသိန်းစိန်နဲ့ George Soros ဆွေးနွေး
သူတပါးဆေးလိပ်ငွေ့ကြောင့် ဦးနှောက်ယိုယွင်းနိုင်
အခွင့်အရေးလှုပ်ရှားသူတွေအပေါ် ဗီယက်နမ်ပြစ်ဒဏ် ပြင်းထန်
အိန္ဒိယစစ်သားနှစ်ဦး အသတ်ခံရမှု ပါကစ္စတန်ကို သတိပေး
တရုတ် ဆင်ဆာဖြတ်မှု ဖြေရှင်းရေး ယာယီ သဘောတူညီချက်ရ
ကိုယ်ဝန်ဆောင် နဲ့ အန္တရာယ်အမျိုးအစားများ
ငြိမ်းချမ်းရေး နဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး
No comments:
Post a Comment