ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ ဇန်နဝါရီလ ၂၂၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ လူကုန်ကူးမှုမှာ အာဏာပိုင်တွေပတ်သက်ဟု ထိုင်းလူ့အခွင့်အရေးအဖွဲ့ ဝေဖန် ထိုင်းနိုင်ငံတောင်ပိုင်းမှာဖမ်းမိတဲ့ ရိုဟင်ဂျာ ၇၀၀ လောက်ကို လူမှောင်ခိုကုန်ကူးမှုမှာ အာဏာပိုင်တွေ ပတ်သက်မှုရှိကြောင်း စွပ်စွဲချက်တွေ ထွက်နေပါတယ်။ အပြည့်အစုံ စစ်ဆင်ရေးရပ်ဖို့ သမ္မတအမိန့်ထုတ်ပေမဲ့ ကချင်မှာ တိုက်ပွဲဖြစ်နေဆဲ မြန်မာအစိုးရဘက်က အပစ်ရပ်စဲရေး ကြေညာခဲ့ပေမဲ့ ကချင်ပြည်နယ်တွင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲပဲလို့ ဓာတ်ပုံသတင်းထောက် Roco က ပြောပါတယ်။ အပြည့်အစုံ ကချင်အရေး ပြေလည်အောင် ဖြေရှင်းဖို့ တရုတ်ထပ်မံတိုက်တွန်း ကချင်ပြည်နယ်မှာ ထိုးစစ်ရပ်ဖို့ အစိုးရကြေညာထားပေမဲ့ တိုက်ပွဲတွေဖြစ်နေဆဲအခြေအနေမှာ တရုတ်ဘက်က ငြိမ်းချမ်းစွာ အဖြေရှာဖို့ တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံ အစိုးရဆွေးနွေးပွဲ ကမ်းလှမ်းချက် KIO ပယ်ချ ကချင်ပြည်နယ်တွင်း တိုက်ပွဲတွေဖြစ်ဆဲအခြေအနေမှာ ငြိမ်းချမ်းရေးအတွက် တဖွဲ့ချင်းဆွေးနွေးဖို့ အစိုးရကမ်းလှမ်းချက်အပေါ် တပ်ပေါင်းစုနဲ့ဆွေးနွေးဖို့သာ KIA ကတုံ့ပြန်ထားပါတယ်။ အပြည့်အစုံ သမ္မတအိုဘားမား ကျမ်းသစ္စာကျိန်ဆိုပွဲ လူထု ၈ သိန်းတက်ရောက် အမေရိကန်သမ္မတက ကျမ်းစာအုပ် ၂ အုပ်ကို ကိုင်တွယ်ပြီး လူထုရှေ့မှောက် ကျန်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို ပြည်သူ ၈ သိန်းတက်ရောက်ခဲ့ပြီးခြိမ့်ခြိမ့်သဲ ကျင်းပခဲ့ပါတယ်။ အပြည့်အစုံ သမ္မတ အိုဘားမား လူထုရှေ့မှောက် ကျမ်းကျိန်ပွဲ သမ္မတအိုဘားမားဟာ လူထုရှေ့ ကျမ်းသစ္စာကျိန်ရာမှာ လူ့အခွင့်အရေးလှုပ်ရှားသူ မာတင်လူသာကင်းနဲ့ ကျွန်စံနစ်ပပျောက်ရေး ကြိုးပမ်းခဲ့တဲ့ သမ္မတလင်ကွန်းတို့ ကိုင်ခဲ့တဲ့ ကျမ်း ၂ ကျမ်းကို ကိုင်တွယ် ကျိန်ဆိုခဲ့ပါတယ်။ အပြည့်အစုံ အမေရိကန်ပြည်ထောင်စုမှာ သမ္မတ အိုဘားမား ဒုတိယ သမ္မတ သက်တမ်းအတွက် မနေ့က ကျမ်းသစ္စာကျိန်ဆိုပြီး အမေရိကန် ပြည်ထာင်စု ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ညီညီညွတ်ညွတ် ဆက်ပြီး လက်တွဲရင်ဆိုင်ဖို့ အမေရိကန်ပြည်သူတွေကို တိုက်တွန်း ပြောဆိုတဲ့ သတင်း၊ ကချင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တာကြောင့် အစိုးရ ရဲ့ တွေ့ ဆုံဆွေးနွေးရေး ကမ်းလှမ်းချက်ကို တဖွဲ့ ချင်းထက် တပ်ပေါင်းစုနဲ့ သာ ဆွေးနွေးမယ်လို့ KIA ဘက်က တုံ့ပြန်လိုက်တဲ့သတင်းတွေ နဲ့ အင်တာဗျူးအစီအစဉ်ကို ရှုစားကြရမှာပါ။ အပြည့်အစုံ Deal စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ ဇန်နဝါရီ ၂၁၊ ၂၀၁၃ - ဒီတပတ် အီဒီယံအသုံးအနှုန်းများဖြစ်တဲ့ cut a deal, backroom deal, sweetheart deal နဲ့ no big deal တို့ကို တင်ပြပေးထားပါတယ်။ အပြည့်အစုံ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၂၂ ရက်၊ အင်္ဂါနေ့ ဗွီအိုအေ တီဗွီသတင်းတွေ ကို စုစည်းတင်ဆက်ပေးထားပါတယ်။ အပြည့်အစုံ သမ္မတအိုဘားမား သမ္မတ ပထမသက်တမ်းတာဝန်ယူခဲ့ တဲ့ လေးနှစ်အတွင်းမှာ အမေရိကန်ပြည်ထောင်စု နဲ့ မြန်မာနိုင်ငံ အကြား ဆက်ဆံရေး သိသိသာသာ တိုးတက်လာခဲ့ပါတယ်။ အခု ဒုတိယ သက်တမ်း ကျမ်းသစ္စာကျိန်ဆိုတဲ့ ကာလမှာ ပြီးခဲ့တဲ့ လေးနှစ်သက်တမ်း မြန်မာနဲ့ အမေရိကန် ဆက်ဆံရေးနဲ့ အလားအလာတွေကို မြန်မာ့အရေး လေ့လာသုံးသပ်သူတွေအ ကြောင်း ဆွေးနွေးတင်ပြဖို့ ရှိပါတယ်။ ကိုသိန်းထိုက်ဦးက စီစဉ်တင်ဆက်ထားပါတယ်။ အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
လူကုန်ကူးမှုမှာ အာဏာပိုင်တွေပတ်သက်ဟု ထိုင်းလူ့အခွင့်အရေးအဖွဲ့ ဝေဖန်
စစ်ဆင်ရေးရပ်ဖို့ သမ္မတအမိန့်ထုတ်ပေမဲ့ ကချင်မှာ တိုက်ပွဲဖြစ်နေဆဲ
ကချင်အရေး ပြေလည်အောင် ဖြေရှင်းဖို့ တရုတ်ထပ်မံတိုက်တွန်း
အစိုးရဆွေးနွေးပွဲ ကမ်းလှမ်းချက် KIO ပယ်ချ
သမ္မတအိုဘားမား ကျမ်းသစ္စာကျိန်ဆိုပွဲ လူထု ၈ သိန်းတက်ရောက်
သမ္မတ အိုဘားမား လူထုရှေ့မှောက် ကျမ်းကျိန်ပွဲ
Deal စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ
No comments:
Post a Comment