ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ ဇန်နဝါရီလ ၁၆၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
မြန်မာ ![]() နယ်စပ်မှာ နှစ် ၂၀ ကျော် နိုင်ငံရေးလှုပ်ရှားဆောင်ရွက်ခဲ့တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီက အခု တရားဝင်မှတ်ပုံတင်ပြီး နိုင်ငံရေးခရီးဆက်ပါမယ်။ အပြည့်အစုံ ![]() မြန်မာအစိုးရဘက်က လက်နက်ကြီးကျည် ထိမှန်လို့ ကချင်အရပ်သားတွေ သေဆုံးမှုအပေါ် နိုင်ငံတကာရဲ့ စိုးရိမ်ပူပန်မှုတွေ တိုးလာနေပါတယ်။ အပြည့်အစုံ ![]() စစ်ကိုင်းတိုင်းဒေသကြီး နဘားဘူတာအနီးက တံတား ၂ စင်း မိုင်းခွဲ တိုက်ခိုက်ခံခဲ့ ရတာကြောင့် မြစ်ကြီးနား-မန္တလေး ရထားခရီးစဉ်တွေ ယာယီ ရပ်ဆိုင်းခဲ့ရပါတယ်။ အပြည့်အစုံ ![]() ဆီးရီးယားနိုင်ငံ၊ Aleppo တက္ကသိုလ်တခုမှာ ပေါက်ကွဲမှု ၂ ကြောင့် လူ ၅၂ ယောက် ထက်မနည်း သေဆုံးခဲ့ကြောင်း တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။ အပြည့်အစုံ ![]() တရုတ်နိုင်ငံ၊ စိတ်ဓာတ်ပြုပြင်ရေးစခန်းတွေ ပိတ်သိမ်းရေး အစိုးရဆီက ညွှန်ကြားချက်ထွက်ပေါ်မလာတာကြောင့် ဆက်လက်လည်ပတ်နေဆဲဖြစ်ကြောင်း ပြည်နယ်အစိုးရ အရာရှိတွေက ပြောပါတယ်။ အပြည့်အစုံ ![]() ရေနဲ့စွမ်းအင်ဝန်ကြီးဖြစ်ချိန်မှာ ဓာတ်အားထုတ်စက်ရုံတွေ တည်ဆောက်ရေး လာဘ်စားမှုစွဲချက်နဲ့ ပါကစ္စတန် ဝန်ကြီးချုပ်ကို နိုင်ငံတော်တရားရုံးက ဖမ်းမိန့်ထုတ်ပါတယ်။ အပြည့်အစုံ ![]() အမေရိကန်မှာ နေ့စဉ် လူပေါင်း ၃၀ လောက် သေနတ်ပစ်မှုတွေနဲ့ သေဆုံးနေရတဲ့အတွက် လက်နက်ထိန်းချုပ်ရေး ဥပဒေတရပ်ပြဌာန်းနိုင်ရေး သမ္မတက ကြိုးစားနေပါတယ်။ အပြည့်အစုံ ကချင်ပဋိပက္ခ၊ ၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ ဖိလစ်ပိုင် လေ့လာရေးခရီး သတင်းအပါအ၀င် မြန်မာနဲ့ နိုင်ငံတကာ သတင်းစုံလင်ကို ကြည့်ရှုကြရမှာ ဖြစ်သလို သတင်းဆောင်းပါးထဲမှာတော့ ကချင်အရေး တိုင်းရင်းသားတွေနဲ့ အခွင့်အရေး အဖွဲ့တွေရဲ့ တုန့်ပြန်ချက်၊ ပြင်သစ်ရဲ့ အစ္စလမ် စစ်သွေးကြွတွေကို လေကြောင်းကနေ တိုက်ခိုက်နေမှု အပါအ၀င် ရန်ကုန် ဆင်ခြေဖုံးက အသေးစား ချေးငွေ စီမံကိန်း စတာတွေကို ရှုစားကြရမှာပါ …. အပြည့်အစုံ မြန်မာ အစိုးရက ကချင်သူပုန်တွေ အပေါ် ထိုးစစ်ဆင်နေတာဟာ မြန်မာနိုင်ငံတွင်းက တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခတွေ အဆုံးသတ်ဖို့ ခက်ခဲနေသေးတယ်ဆိုတာကို မီးမောင်းထိုးပြလိုက်တာ ဆိုပြီး တိုင်းရင်းသား အဖွဲ့အစည်းတွေ နိုင်ငံတကာ အခွင့်အရေး အဖွဲ့တွေက ထောက်ပြလိုက်ပါတယ်။ အပြည့်အစုံ အာဖရိက နိုင်ငံ တခု ဖြစ်တဲ့ မာလီနိုင်ငံ မြောက်ပိုင်းမှာ ခြေကုပ်ယူထားတဲ့ အစ္စလမ် စစ်သွေးကြွတွေကို ပြင်သစ်က လေကြောင်းကနေ ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။ မာလီနိုင်ငံကို တရားဝင် အစိုးရ တရပ်က အုပ်ချုပ်နိုင်ရေး ကြိုးစားမှု တရပ်လည်း ဖြစ်ပါတယ်။ အပြည့်အစုံ ရန်ကုန်ဆင်ခြေဖုံး ဒေသတွေက ဒေသစုံကနေ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်နေသူတွေကို ဘ၀နေခြည် လူမှုဘ၀ မြှင့်တင်ရေး အဖွဲ့က အသေးစား ချေးငွေ ချေးပေးပြီး သူတို့ရဲ့ ဘ၀ကို မြှင့်တင်ပေးရေး လုပ်ဆောင်နေတဲ့ အကြောင်း ရန်ကုန်မြို့ကနေ ဒေါ်ခင်စိုးဝင်း သတင်းပေးပို့ထားတာပါ။ အပြည့်အစုံ ကေအိုင်အေနဲ့ မြန်မာ အစိုးရ တပ်တွေကြား စစ်ပွဲတွေ ပြင်းထန်လာနေတာနဲ့ အမျှ ကချင်ပြည်နယ်တွင်း လူထု ဆက်သွယ်သွားလာရေးမှာ လုံခြုံမှု မရှိတော့တဲ့အခြေအနေ၊ ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေ အရေးနဲ့ ထူးခြားတဲ့ မြန်မာ သတင်းစုံလင် ... အပြည့်အစုံ |
အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |

No comments:
Post a Comment