ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ ဇန်နဝါရီလ ၁၉၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ ထိုင်းရောက် တရားမဝင်မြန်မာတွေကို ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးမည် ထိုင်းနိုင်ငံထဲက တရားမဝင် မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေ နဲ့ သူတို့ရဲ့ ကလေးတွေကို ယာယီ နိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးမယ်လို့ လို့ မြန်မာသံရုံးက ပြောပါတယ်။ အပြည့်အစုံ ကချင်ထိုးစစ်ရပ်ဖို့ အစိုးရ ကြေညာ မြန်မာနိုင်ငံမြောက်ပိုင်းမှာ ကချင်လက်နက်ကိုင်တပ်တွေအပေါ် ထိုးစစ်ဆင်နေတာကို စနေနေ့ မနက်ကစပြီး ရပ်ဆိုင်းမှာ ဖြစ်ကြောင်း အစိုးရက ကြေညာလိုက်ပါတယ်။ အပြည့်အစုံ ကချင်ငြိမ်းချမ်းရေး ပြည်သူ့လွှတ်တော် တောင်းဆို ကချင်တိုက်ပွဲတွေ အမြန်ဆုံးရပ်ဆိုင်းပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်ဖို့ ကချင်အမတ်ရဲ့ အရေးတကြီး အဆိုကို လွှတ်တော်တွင်းမှာ လွှတ်တော်အမတ်တွေက ကန့်ကွက်မဲမရှိ တခဲနက် အတည်ပြုခဲ့ပါတယ်။ အပြည့်အစုံ မြန်မာပြုပြင်ရေးအတွက် IMF အကူအညီလို မြန်မာနိုင်ငံမှာ ရေရှည်ခံမယ့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေ ရရှိစေဖို့၊ ကမ္ဘာ့စီးပွားရေးမှာ ၀င်ဆန့်နိုင်ဖို့နဲ့ ဆင်းရဲမွဲတေမှု လျှော့ချနိုင်စေဖို့ တနှစ်တာ အစီအစဉ်ကို ဒီဇင်ဘာလမှာ စတင် အကောင်အထည်ဖော်ဖို့ ရည်ရွယ်တယ်လို့ IMF ကပြောပါတယ်။ အပြည့်အစုံ Sundance ရုပ်ရှင်ပွဲတော် စတင် နိုင်ငံပေါင်း ၃၂နိုင်ငံက ရုပ်ရှင်ဇာတ်ကား ၁၁၉ကား ပြိုင်ပွဲဝင်တဲ့ Sundance ရုပ်ရှင်ပွဲတော်ကို အမေရိကန်နိုင်ငံ၊ Utah ပြည်နယ်၊ Park မြို့မှာ စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။ အပြည့်အစုံ ပြန်ပေးဆွဲခံရသူတွေအရေး အမေရိကန်စိုးရိမ် အယ်လ်ဂျီးရီးယားက ဓါးစာခံတွေနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလရီကလင်တန်က အထူးပဲ စိုးရိမ်မိပြီး သူတို့အသက်ကိုကယ်တင်ဖို့ အယ်လ်ဂျီးရီးယားအစိုးရကို တိုက်တွန်းပါတယ်။ အပြည့်အစုံ တရုတ်နိုင်ငံ ဆင်းရဲချမ်းသာကွာဟမှု နက်ရှိုင်း လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ်ကနေ လက်ရှိ အချိန်အထိ ခန့်မှန်းထားတဲ့ ကိန်းဂဏန်းတွေအရ ၀င်ငွေကွာဟမှုဟာ ကြီးကြီးမားမား ရှိနေတဲ့အကြောင်း တရုတ်အမျိုးသား စာရင်းအင်းဗျူရိုက ပြောပါတယ်။ အပြည့်အစုံ မြန်မာနိုင်ငံမြောက်ပိုင်းမှာ ကချင်လက်နက်ကိုင် တပ်တွေအပေါ် ထိုးစစ်တွေ ဆင်နွှဲနေတာကို ရပ်ဆိုင်းမှာ ဖြစ်တဲ့အကြောင်း အစိုးရ က ကြေညာလိုက်တဲ့သတင်း မြန်မာနိုင်ငံမှာ အပစ်အခတ်ရပ်စဲရေး နဲ့ စေ့စပ်ဆွေးနွေးမှုတွေ ရှိလာပေမယ့် လက်နက်ကိုင် ပဠိပက္ခတွေ အတွင်း နုယ်ခြားဒေသမှာ မြေမြုတ်မိုင်းတွေ ကျန်နေဆဲဖြစ်သလို ထိခိုက်ဒဏ်ရာရမှုတွေလည်း ရှိနေဆဲပဲလို့ နယ်စပ် ကျန်းမာရေး စောင့်ရှောက်သူတွေက ပြောဆိုတဲ့သတင်းနဲ့ အယ်လ်ဂျီးရီးယား နိုင်ငံ ဆဟာရ သဲကန္တာရထဲက သဘာဝဓာတ်ငွေ့ စက်ရုံဝန်းထဲမှာ အစ္စလမ်းမစ် စစ်သွေးကြွတွေ ဓားစားခံအဖြစ် ဖမ်းဆီးထားသူတွေ ထဲက ပျောက်ဆုံးနေသူတွေကို ဆက်လက် ရှာဖွေနေတဲ့ သတင်းနဲ့ မြန်မာနိုင်ငံ ရှေ့နေများကွန်ယက်က ရှေ့နေကြီး ဦးကိုနီနဲ့ VOA တွေ့ဆုံမေးမြန်းခန်းတွေကိုရှု့စားကြရမှာဖြစ်ပါ တယ်။ အပြည့်အစုံ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၁၉ ရက်၊ စနေနေ့ မြန်မာနိုင်ငံဆိုင်ရာ သတင်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ အပြည့်အစုံ . အပြည့်အစုံ အမေရိကန်နဲ့ မြန်မာနိုင်ငံအကြား ဘတ်စ်ကက်ဘောအားကစား အပြန်အလှန်ဖလှယ်ရေး အစီအစဉ်အရ အမေရိကန်နိုင်ငံ မှာ ရောက်နေ တဲ့ မြန်မာအလူငယ် ဘတ်စကက်ဘောအသင်း ဟာ မြောက်ပိုင်းကာရိုလိုင်းနားပြည်နယ် ရှားလော့မြို့ ကို ရောက် နေပါတယ်။ ဒီအသင်း အမေရိကန်ပြည်ထောင်စု ခရီးစဉ်ဖြစ် မြောက်အောင် အမေရိကန်ပြည်ထောင်စုမှာ နာမည်ကျော် ဘတ်စကတ်ဘော အသင်းတခုဖြစ်တဲ့ ဘော့ပ်ကတ်စ် အသင်းရဲ့ အထွေထွေမန်နေဂျာ ရစ်ခ်ျချိုက စီစဉ်ပေးခဲ့တာပါ။ ယုံကြည်ရာကို ခွန်စိုက်အားစိုက်လုပ်ဖို့အတွက် မြန်မာလူငယ်အသင်းကို လေ့ကျင့်သင်ကြားပေးတဲ့ ရစ်ခ်ျချိုက တိုက်တါန်းပြောဆိုပါတယ်။ ရှားလော့ခ်မြို့ကနေ ကိုအောင်အောင် သတင်းပေးပို့ပါတယ်။ အပြည့်အစုံ ပြည်သူ့ဆန္ဒမပါဘဲအတည်ပြုပြဌာန်းခဲ့တဲ့ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံကြောင့် မြန်မာနိုင်ငံရဲ့ လက်ရှိပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ထင်သလောက်ခရီးမပေါက်ဖြစ်နေရတယ်လို့ ရှေ့နေများကွန်ယက်က သုံးသပ်လိုက်ပါတယ်။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် အရည်အချင်းရှိတဲ့လူတွေ လူမှန်နေရာမှန်နဲ့ တိုင်းပြည်နဲ့ ပြည်သူလူထုအကျိုး မသယ်ပိုးနိုင်တဲ့ခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့လည်းဆိုပါတယ်။ ဒါ့ကြောင့် ပြောင်းလဲနေတဲ့စံနစ်နဲ့အတူ ခေတ်နဲ့အညီ လိုက်လျောညီထွေမှုရှိအောင် ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်နိုင်မည့် အချက်တွေနဲ့နည်းလမ်းတွေကို ရှေ့နေများကွန်ယက်က ရေးသားပြုစုထားပြီး မကြာမီ စာအုပ်ထုတ်ဝေဖို့ရှိပါတယ်။ ဒီစာအုပ်ကို ရေးသားပြုစုနေတဲ့ ရှေ့နေများကွန်ယက်က ရှေ့နေကြီး ဦးကိုနီကို ဒေါ်ခင်စိုးဝင်းက သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။ အပြည့်အစုံ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၁၈ ရက်၊ သောကြာနေ့ မြန်မာနိုင်ငံဆိုင်ရာ သတင်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
ထိုင်းရောက် တရားမဝင်မြန်မာတွေကို ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးမည်
ကချင်ထိုးစစ်ရပ်ဖို့ အစိုးရ ကြေညာ
ကချင်ငြိမ်းချမ်းရေး ပြည်သူ့လွှတ်တော် တောင်းဆို
မြန်မာပြုပြင်ရေးအတွက် IMF အကူအညီလို
Sundance ရုပ်ရှင်ပွဲတော် စတင်
ပြန်ပေးဆွဲခံရသူတွေအရေး အမေရိကန်စိုးရိမ်
တရုတ်နိုင်ငံ ဆင်းရဲချမ်းသာကွာဟမှု နက်ရှိုင်း
No comments:
Post a Comment