ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ ဇန်နဝါရီလ ၉၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ သန်းကြွယ်သူဌေးကြီး Soros မြန်မာပြည်ရောက် ကုဋေကြွယ်သူဌေးကြီး George Soros မြန်မာပြည်မှာ ရှိနေချိန် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ မီဒီယာကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။ အပြည့်အစုံ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရခိုင်ပြည်နယ်လေ့လာ ရခိုင်ပဋိပက္ခအတွင်း ဒုက္ခရောက်သူတွေကို အမေရိကန်ဒေါ်လာ တစ်သန်း အကူအညီပေးမယ်လို့ မြန်မာပြည်ရောက် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ အပြည့်အစုံ မြန်မာထိုးစစ်ကြောင့် တွေ့ဆုံဆွေးနွေးဖို့ KIA ငြင်းဆို ကချင်ပြည်နယ် လိုင်ဇာဘက်မှာ မြန်မာအစိုးရတပ်တွေနဲ့ KIA ကချင်လွတ်မြောက်ရေး တပ်တွေ အကြား တိုက်ပွဲတွေ ဒီကနေ့ ဆက်လက်ဖြစ်ပွားခဲ့ ပါတယ်။ အပြည့်အစုံ ကက်ရှ်မီးယားမှာ အိန္ဒိယနဲ့ပါကစ္စတန် တိုက်ခိုက်မှုဖြစ် အိန္ဒိယနဲ့ ပါကစ္စတန် ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ကက်ရှ်မီးယားဒေသမှာ ပါကစ္စတန်က ပစ်ခတ်မှုကြောင့် အိန္ဒိယတပ်သာ နှစ်ဦး ကျဆုံးတယ်လို့ အိန္ဒိက ပြောပါတယ်။ အပြည့်အစုံ ဗီယက်နမ်မှာ ကွန်မြူနစ်အစိုးရကို ဖြုတ်ချဖို့ ကြိုးပမ်းတယ်ဆိုတဲ့စွဲချက်နဲ့ အတိုက်အခံ လှုပ်ရှားသူ ၁၄ ယောက်ကို အာဏာပိုင်တွေက ရုံးတင် စစ်ဆေးခဲ့ကြပါတယ်။ အပြည့်အစုံ ဂျပန်အစိုးရ တရုတ်သံအမတ်ကို ဆင့်ခေါ် တရုတ်သင်္ဘောတွေ အငြင်းပွားကျွန်းစုနားကပ်လာနေတာကို ဂျပန်အစိုးရက ကန့်ကွက်ဖို့ တရုတ်သံအမတ်ကို ဆင့်ခေါ်ခဲ့ပါတယ်။ အပြည့်အစုံ တရုတ် ဆင်ဆာဖြတ်တောက်မှုပေါ် ဆန္ဒပြမှုပျံ့နှံ့ ဂွမ်ဒေါင်းပြည်နယ်တွင်းဆင်ဆာတည်းဖြတ်မှုကို ဆန္ဒပြသူတွေနဲ့ ကွန်မြူနစ်ပါတီထောက်ခံသူတွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။ အပြည့်အစုံ မြန်မာနဲ့ နျူကလီယား အသုံးပြုမှု အခြေအနေ မြန်မာနိုင်ငံမှာ နျူကလီယားလုပ်ငန်းစဉ်တွေ လုပ်နေတယ်ဆိုပြီး စိုးရိမ်တကြီး ပြောဆိုနေတဲ့အပေါ် လက်ရှိ ဘာတွေလုပ်နေတယ်ဆိုတာကို တင်ပြပေးထားပါတယ်။ အပြည့်အစုံ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရခိုင်ပြည်နယ်ကိုသွားရောက်ခဲ့တာ၊ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေတာ၊ ရန်ကုန်မြို့ မှာ ကျင်းပမယ့် ရုပ်ရှင်ပွဲတော်အကြောင်း၊ အိန္ဒိယနိုင်ငံမှာ ကျင်းပမယ့် ဘာသာပေါင်းစုံ ဆုတောင်းပွဲကို ဘုန်းတော်ကြီး ဒလိုင်လားမား တက်ရောက်မှာ၊ အိန္ဒိယနဲ့  ပါကစ္စတန် အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွါးနေတာနဲ့ တရုတ်နိုင်ငံက ဆန္ဒပြပွဲသတင်း စတာတွေကို တင်ဆက်ထားပါတယ်။ အပြည့်အစုံ စက္ကူစာရွက်တွေကို ခေါက်ပြီး ငှက်ရုပ်လေးတွေ၊ ကြယ်တွေ နဲ့ တခြား အရုပ်တွေလုပ်တဲ့ “Origami” ခေါ် စက္ကူရုပ်ချိုးတဲ့ပညာရပ် ဟာ စိတ်အပန်းပြေစေတဲ့ ပညာရပ်တခုပါ။ ဒီပညာရပ်ကို တကယ့် ဖန်တီးမှု အနုပညာ တ ရပ်ပုံစံမျိုး နဲ့ ရှုမြင်ကြသလို၊ သင်္ချာ နဲ့ ဇီဝဗေဒဆိုင်ရာ သဘောတရားတွေကို လက်တွေ့ပုံဖော်တဲ့ ပညာရပ်အဖြစ် သတ်မှတ်ကြတာတွေလည်း ရှိပါတယ်။ ဒီပညာရပ်ဟာ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေကို ကုစားတဲ့ နည်းတနည်းဖြစ်ပြီး အသက်မွေးဝမ်းကြောင်း လုပ်ငန်းသစ်တခုလို့ ရှု့မြင်သူတွေလည်း ရှိတဲ့အကြောင်း သတင်းထောက် Shelley Schlender ၊ Colorado ပြည်နယ် Boulder ခရိုင်ကနေ သတင်းပေးပို့ထားတာကို ကိုအောင်အောင်က ပြောပြ ပေးမှာပါ။ အပြည့်အစုံ Hispanic ခေါ် လက်တင် အမေရိကန် အနွယ်ဝင် အမေရိကန် နိုင်ငံသားတွေ ရဲ့ ထောက်ခံမဲ အများဆုံး ရပြီး သမ္မတ အိုဘားမား ဒုတိယ သမ္မတ သက်တမ်းအတွက် အရွေးခံရပြီး နောက်မှာဘဲ အမေရိကန် ကွန်ဂရက် လွှတ်တော်မှာ လူဝင်မှု ကြီးကြပ်ရေးမှာ အပြောင်းအလဲ လုပ်မယ်လို့ မျှော်လင့်ရပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ ဧည့်အလုပ်သမား အစီအစဉ်နဲ့ တရားဝင် အလုပ်လုပ်ကိုင်ခွင့် ရပေမယ့်လည်း အမေရိကန် လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းတွေမှာ ၀င်ရောက်လုပ်ကိုင်နေကြ သူ အများစုဟာ တရားမ၀င် ရွှေ့ပြောင်း နေထိုင်ကြတဲ့ လက်တင် အမေရိကန် အနွယ်တွေ ဖြစ်ကြပါတယ်။ ဒီလို ဖြစ်ရတာဟာ အမေရိကန် ပြည်ထောင်စုရဲ့ ဧည့်အလုပ်သမား ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ မခိုင်မာတာကြောင့် ဖြစ်ရတယ်ဆိုတဲ့ အကြောင်း ဗွီအိုအေ သတင်းထောက် Steve Baragona သတင်းပေးပို့ထားတာကို ကိုကျော်သိင်္ခ က တင်ပြပေးမှာပါ။ အပြည့်အစုံ တရုတ်ဟာ ကျွမ်းကျင်လုပ်သား တိုးမြင့်လိုအပ်လာနေတာနဲ့ အမျှ လုပ်ငန်းခွင်သုံး စက်ရုပ်တွေကို တိုးမြှင့်ထုတ်လုပ် အသုံးပြုနေကြပါတယ်။ အပြည့်အစုံ အမေရိကန် ပြည်ထောင်စုမှာ မကြာသေးခင်က ဘဏ္ဍာရေး အစီအမံတွေနဲ့ ပတ်သက်လို့ နောက်ဆုံးအချိန်အထိ အချေအတင် ဆွေးနွေးညှိနှိုင်းလို့ မရခဲ့တဲ့ အဖြစ်ကြောင့် နိုင်ငံရေး ပါတီတွေကြား ကွဲလွဲမှုတွေ ပိုမိုသိသာ ထင်ရှားလာခဲ့ပါတယ်။ ဒီအတွက်လည်း အမေရိကန်ရဲ့ ဒီမိုကရေစီ ယန္တယား လည်ပတ်နိုင်စွမ်း အပေါ် အဆိုးမြင် သဘောထားလာသူတွေလည်း ရှိလာခဲ့ကြတာပါ။ ၀ါရှင်တန် နိုင်ငံရေး လောကက အငြင်းပွားစရာ ပြသနာတွေနဲ့ ဆန်းစစ်သူတွေရဲ့ အမြင်တွေကိုတော့ ဗွီအိုအေ သတင်းထောက် Brian Padden သတင်းပေးပို့ထားတာကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။ အပြည့်အစုံ ရခိုင်ပြည်နယ်က ဒုက္ခသည် စခန်းတွေဆီ အင်ဒိုနိုင်ငံခြားရေး ၀န်ကြီးသွားရောက်၊ ကချင်တိုက်ပွဲ ပြင်းထန်နေဆဲ ဆိုတာနဲ့ အတူ မြန်မာနိုင်ငံမှာ ကျင်းပမယ့် လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပြပွဲ အကြောင်း .... အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
သန်းကြွယ်သူဌေးကြီး Soros မြန်မာပြည်ရောက်
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရခိုင်ပြည်နယ်လေ့လာ
မြန်မာထိုးစစ်ကြောင့် တွေ့ဆုံဆွေးနွေးဖို့ KIA ငြင်းဆို
ကက်ရှ်မီးယားမှာ အိန္ဒိယနဲ့ပါကစ္စတန် တိုက်ခိုက်မှုဖြစ်
ဂျပန်အစိုးရ တရုတ်သံအမတ်ကို ဆင့်ခေါ်
တရုတ် ဆင်ဆာဖြတ်တောက်မှုပေါ် ဆန္ဒပြမှုပျံ့နှံ့
မြန်မာနဲ့ နျူကလီယား အသုံးပြုမှု အခြေအနေ
No comments:
Post a Comment