ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ ဇန်နဝါရီလ ၁၁၊ ၂၀၁ ၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ တရုတ်နဲ့ အငြင်းပွါးနေတဲ့ ဖိလစ်ပိုင်-ဂျပန်လုံခြုံရေးပူးပေါင်းမည် ရေပိုင်နက် အငြင်းပွားမှုမှာ တရုတ်က အသာစီးရဖို့ အားထုတ်တာဟာ အာရှရဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက်နေတယ်လို့ သတိပေးရင်း ဂျပန်နဲ့ လုံခြုံရေး ပူးပေါင်း လုပ်ဆောင်ဖို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက ကတိပေးလိုက်ပါတယ်။ အပြည့်အစုံ မြန်မာ့ စီးပွားရေး ပြုပြင် ပြောင်းလဲမှုဆိုင်ရာကော်မတီနှစ်ရပ် ဖွဲ့စည်း အသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းဖွံဖြိုးတိုးတက်ရေး၊ စွမ်းအင်မူဝါဒရေးဆွဲရေး အတွက် အမျိုးသားကော်မတီနှစ်ရပ်ကို သမ္မတဦးသိန်းစိန် အမိန့်နဲ့ ဖွဲ့ပြီး အမျိုးသားယဉ်ကျေးမှု ဗဟိုကော်မတီကိုလည်း ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ အပြည့်အစုံ တရုတ်နိုင်ငံတွင်း ကချင်နွယ်များ ကချင်အရေး ဆန္ဒပြ တရုပ်ပြည်နယ် အသီးသီးကလာတဲ့ ကချင်အမျိုးသား ၈၀၀ကျော်ဟာ ကားအစီး ၁၀၀ကျော်နဲ့ တရုတ်မြန်မာနယ်စပ်ကို စုဝေးရောက်လာပြီး မြန်မာအစိုးရဘက်က ထိုးစစ်ဆင်မှုတွေ ရပ်ဆိုင်းရေး တောင်းဆိုခဲ့ကြပါတယ်။ အပြည့်အစုံ အမေရိကန်ကုန်သွယ်ရေး ဝန်ကြီးဟောင်း Mickey Kantor နဲ့ ဗွီအိုအေ သီးသန့် မေးမြန်းခန်း အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေးအရှိန်ကို ဆက်ထိန်းနိုင်ဖို့ ရေရှည်ပြဿနာတွေကို တာဝန်ခံမှုနဲ့ တာဝန်သိကိုင်တွယ်ဖြေရှင်းဖို့လိုအပ်တယ်လို့ Mr Kantor က ပြောပါတယ်။ အပြည့်အစုံ 'လင်ကွန်း' ရုပ်ရှင်ကား Oscar ဆုအတွက် ထိပ်ဆုံးကပြေး အမေရိကန်သမ္မတဟောင်း Abraham Lincoln အကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားက အကောင်းဆုံး ဇာတ်ကားဆုနဲ့ အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆုအပါအ၀င် အော်စကာဆုပေါင်း ၁၂ ခုအတွက် တစ်ပေးခံထားရပါတယ်။ အပြည့်အစုံ အိမ်ဖြူတော်အရာရှိချုပ်ကို ဘဏ္ဍာရေးဝန်ကြီးအဖြစ် အဆိုပြုဖွယ်ရှိ အမေရိကန်သမ္မတ ဟာ အိမ်ဖြူတော် အရာရှိချုပ်ကို ဘဏ္ဍာရေးဝန်ကြီးအသစ်အဖြစ် အဆိုတင်သွင်းဖို့ မျှော်လင့်ရပါတယ်။ အပြည့်အစုံ မြန်မာလူငယ်ဘတ်စကတ်ဘောအသင်းဝါရှင်တန်မြို့တော်မှာ လေ့လာရေးခရီး စတင်၊ မြန်မာနိုင်ငံတ၀ှမ်းဆေးရုံ ၉၀၀ ကျော်မှာ ဆေး မှာ ဆေးတွေ စပြီးလျော့ချပေးတဲ့စနစ်ကျင့်သုံး၊ကချင်ဒေသ တိုက်ပွဲ နောက်ဆုံအခြေအနေ၊ စစ်ရပ်စဲရေးဆန္ဒပြတောင်း ဆိုပွဲ တွေအကြောင်း ...စတဲ့သတင်း နဲ့ သတင်းဆောင်းပါးတွေကို ရှုစားကြရမှာပါ။ အပြည့်အစုံ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၁၁ ရက်၊ သောကြာနေ့ မြန်မာနိုင်ငံဆိုင်ရာ သတင်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ အပြည့်အစုံ အမေရိကန် နဲ့ မြန်မာ ၂ နိုင်ငံကြား ဘတ်စကတ်ဘော ဖလှယ်ရေး အစီအစဉ်နဲ့ ရောက်လာတဲ့ မြန်မာလူငယ်ဘတ်စကတ်ဘောအဖွဲ့ ဟာ သူတို့ရဲ့ အစီအစဉ်တွေကို ၀ါရှင်တန်ဒီစီမြို့တော်မှာ အခုတ ပတ် စတင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် သြဂုတ်လက အမေရိကန် အမျိုးသား ဘတ်စကတ်ဘောအသင်း NBA က တာဝန်ရှိသူ တချို့ မြန်မာနိုင်ငံကိုလာပြီးတဲ့နောက်ပိုင်း Sports United လို့ခေါ်တဲ့ ဒီ အစီအစဉ်ဖြစ်လာခဲ့တာဖြစ်ပြီး၊ မြန်မာနိုင်ငံအနာဂတ် အတွက် အားထားရမယ့် လူငယ်တွေကို အားကစားပိုင်းမှာရော ၊ တခြားအပိုင်းတွေမှာ ပါ လေ့လာနိုင်ဖို့အတွက် ရည်ရွယ်ပြီး လုပ်ဆောင် ခဲ့တာဖြစ်ပါတယ်။ ဒီအခြေအနေအပြည့်အစုံကိုတော့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။ အပြည့်အစုံ ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်း နိုင်ငံရေးအကျဉ်းသားတွေ အများ အပြား လွတ်မြောက်လာခဲ့ပေမယ့် မြန်မာနိုင်ငံ အကျဉ်းထောင် တွေထဲမှာ နိုင်ငံရေးအကျဉ်းသား နှစ်ရာကျော် ကျန်နေသေးတဲ့ အကြောင်း မြန်မာနိုင်ငံကို ရောက်နေတဲ့ AAPPB နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (မြန်မာနိုင်ငံ) အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောပါတယ်။ ကိုတိတ်နိုင်ကို VOA မြန်မာပိုင်းအစီအစဉ်က ဒေါ်ခင်စိုးဝင်းက တွေ့ဆုံမေးမြန်း ထားပါတယ်။ အပြည့်အစုံ မြန်မာသမ္မတ ဦးသိန်းစိန် အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေး အရှိန်ကို ဆက်လက် ထိန်းသွားနိုင်ဖို့ အတွက် ရေရှည်ပြဿ နာတွေကို တာဝန်ခံမှုတွေနဲ့ တာဝန်သိစွာ ကိုင်တွယ်ဖြေရှင်းဖို့လို အပ်ကြောင်း မြန်မာနိုင်ငံကို ရောက်နေတဲ့ အမေရိကန် ကူးသန်း ရောင်းဝယ်ရေးနဲ့ ကုန်သွယ်ရေးဝန်ကြီးဟောင်း Mickey Kantor က VOA ကို ပြောပါတယ်။ Mr. Mickey Kantor ကို VOA မြန်မာပိုင်းအစီအစဉ် အယ်ဒီတာ ဒေါ်ခင်စိုးဝင်းက ရန်ကုန်မြို့မှာ သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။ အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
တရုတ်နဲ့ အငြင်းပွါးနေတဲ့ ဖိလစ်ပိုင်-ဂျပန်လုံခြုံရေးပူးပေါင်းမည်
မြန်မာ့ စီးပွားရေး ပြုပြင် ပြောင်းလဲမှုဆိုင်ရာကော်မတီနှစ်ရပ် ဖွဲ့စည်း
တရုတ်နိုင်ငံတွင်း ကချင်နွယ်များ ကချင်အရေး ဆန္ဒပြ
အမေရိကန်ကုန်သွယ်ရေး ဝန်ကြီးဟောင်း Mickey Kantor နဲ့ ဗွီအိုအေ သီးသန့် မေးမြန်းခန်း
'လင်ကွန်း' ရုပ်ရှင်ကား Oscar ဆုအတွက် ထိပ်ဆုံးကပြေး
အိမ်ဖြူတော်အရာရှိချုပ်ကို ဘဏ္ဍာရေးဝန်ကြီးအဖြစ် အဆိုပြုဖွယ်ရှိ
No comments:
Post a Comment