ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ ဇန်နဝါရီလ ၁၇၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ မြန်မာနိုင်ငံတွင်း လွတ်လပ်ခွင့်ပိုရလာဟု Freedom House ထုတ်ပြန် မြန်မာ့နိုင်ငံရေးနဲ့လူမှုလွတ်လပ်ခွင့်တွေမှာ တိုးတက်မှုရှိလာကြောင်း Freedom House အဖွဲ့ကြီးရဲ့ ၂၀၁၃ ခုနှစ်၊ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အပြည့်အစုံ ကချင်အရပ်သားတွေကို အကာအကွယ်ပေးဖို့ AI တိုက်တွန်း မြန်မာအစိုးရနဲ့ ကချင်လက်နက်ကိုင်အဖွဲ့တို့ကြား တိုက်ပွဲတွေမှာ အရပ်သားတွေ ထိခိုက်သေဆုံးမှု ရှောင်ရှားဖို့ လုပ်သင့်တာလုပ်ဖို့ AI ကတိုက်တွန်းပါတယ်။ အပြည့်အစုံ ဗုံးခိုကျင်းပြို ဒုက္ခသည် ကလေး ၃ ဦးသေ ဗန်းမော်ခရိုင်၊ မိုင်ဂျာယန်ဒုက္ခသည်စခန်းမှာ ဗုံးခိုကျင်းတူးလက်စအတွင်း ဝင်ကစားတဲ့ ကလေးတွေ တွင်းပြိုကျပြီး ၃ ယောက် သေဆုံးခဲ့ပါတယ်။ အပြည့်အစုံ အမျိုးသားညီလာခံ ကာကွယ်တဲ့ဥပဒေကို ရုပ်သိမ်း အတိုက်အခံ တက်ကြွလှုပ်ရှားသူတွေကို အရေးယူ အပြစ်ပေးနိုင်တဲ့ အရင်စစ်အစိုးရ လက်ထက်က ဥပဒေတရပ်ကို ဖျက်သိမ်းကြောင်း အစိုးရက ကြေညာလိုက်ပါတယ်။ အပြည့်အစုံ နိုင်ငံခြားသား ၄၁ ဦးကို အယ်ဂျီးရီးယား စစ်သွေးကြွတွေဖမ်းဆီး မာလီမှာ ပြင်သစ်တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်ဖို့ နိုင်ငံခြားသား ၄၀ ကျော်ကို ဓါးစာခံခေါ်ထားကြောင်း အယ်လ်ဂျီးရီးယာ စစ်သွေးကြွအဖွဲ့က ပြောပါတယ်။ အပြည့်အစုံ မာလီသူပုန်စစ်ဆင်ရေး ပြင်သစ်တပ်စတင် ပြင်သစ်တပ်ဖွဲ့ဝင်တွေဟာ စစ်သွေးကြွတွေတိုက်ခိုက်ခံနေရတဲ့ မာလီနိုင်ငံကို ကူညီဖို့ သူပုန်တွေထိန်းချုပ်ရာဒေသကို ဦးတည်ချီတက်နေပါပြီ။ အပြည့်အစုံ ကလေး ပန်းနာရင်ကြပ်ရောဂါ ဇန်နဝါရီ ၁၆၊ ၂၀၁၃ - ကလေးတွေမှာဖြစ်တတ်တဲ့ ပန်းနာရင်ကြပ်ရောဂါကို ကာကွယ်ကုသရာမှာ ဘယ်လို တိုးတက်မှု့တွေ ရှိနေပါပြီသလဲ။ အပြည့်အစုံ စစ်ရေးနဲ့ မဖြေရှင်းနိုင်တဲ့ ကချင်ပဋိပက္ခ ဇန်နဝါရီ ၁၆၊ ၂၀၁၃ - KIA နဲ့ မြန်မာအစိုးရ စစ်တပ်တို့အကြား လက်ရှိ ဖြစ်ပွါးနေတဲ့ ပဋိပက္ခကို စစ်ရေးနည်းလမ်းနဲ့ မဖြေရှင်းနိုင်ကြောင်း ဒေါက်တာလဂျာ ပြောဆိုဆွေး ... အပြည့်အစုံ ကချင်ပြည်နယ်တွင်းမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး ဒေသခံတွေ အကာအကွယ်ရဖို့ ဗုံးခိုကျင်းတွေ တူးရာက မြေပြိုကျ ပြီး ကလေး ၃ ယောက် သေဆုံးသွားခဲ့တဲ့အကြောင်း ကချင် သတင်းရပ်ကွက်က ပြောဆိုတဲ့သတင်း မြန်မာနိုင်ငံမှာ အတိုက် အခံ တက်ကြွလှုပ်ရှားသူတွေကို အရေးယူ အပြစ်ပေးနိုင်တဲ့ အရင်စစ်အစိုးရ လက်ထက် ပြဋ္ဌာန်းထားတဲ့ ဥပဒေတရပ်ကို ဖျက်သိမ်းကြောင်း အစိုးရက ကြေညာ .... စတဲ့သတင်းတွေ နဲ့ သတင်းဆောင်းပါးများကို တင်ဆက်ပေးထားပါတယ်။ အပြည့်အစုံ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့ မြန်မာနိုင်ငံဆိုင်ရာ သတင်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ အပြည့်အစုံ ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံမှာ မြုတ်ထားခဲ့တဲ့ Spitfire စစ်လေယဉ်တွေ တူးဖေါ်ရေး စတင်လုပ်ဆောင်နေတဲ့ အဖွဲ့တွေဟာ မကြာခင် လေယဉ်တွေကို ရှာတွေတော့မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ လုပ်ငန်းတွေဆက်လက်လုပ်ဆောင်နေပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ လေယဉ်အစီး ခြောက်ဆယ်လောက် မြုတ်နှံထားခဲ့မယ်လို့ ခန့်မှန်းထားကြတာပါ။ AP သတင်းဌာနရဲ့ သတင်းတပုဒ်ကို မမေစန္ဒီက တင်ပြပါလိမ့်မယ်။ အပြည့်အစုံ အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန်မြို့ အခြေစိုက် Human Rights Watch -လူ့အခွင့်အရေး အခြေအနေ စောင့်ကြည့်ရေးအဖွဲ့ကြီးက မြန်မာနိုင်ငံရဲ့ လူ့အခွင့်ရေးအခြေအနေ သိသိသာသာတိုးတက်လာတာကို ကြိုဆိုလိုက်ပါတယ်။ ဒါပေမဲ့ လူထုကို အချိန်မရွေး ဖမ်းဆီးပြစ်ဒဏ်ပေးနိုင်တဲ့ Electronic လို ဥပဒေမျိုးတွေကို ပြင်ဆင်ဖို့လိုအပ်နေပါသေးတယ်လို့ ထောက်ပြ လိုက်ပါတယ်။ မြန်မာနိုင်ငံကို ရောက်နေတဲ့ Human Rights Watch အဖွဲ့ရဲ့ ၀ါရှင်တန်ရုံး ညွှန်ကြားရေးမှူးလည်းဖြစ် မြန်မာနိုင်ငံကို ရောက်နေတဲ့ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Tom Malinowski ကို VOA မြန်မာပိုင်းအစီအစဉ်က ဒေါ်ခင်စိုးဝင်းက သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။ အပြည့်အစုံ လာမယ့် တနလာင်္နေ့မှာ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားရဲ့ ဒုတိယ သမ္မတသက်တမ်း ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနား ကျင်းပဖို့ ရှိနေပါတယ်။ သမ္မတ အိုဘားမားရဲ့ ဒီကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားဟာဆိုရင် ၀ါရှင်တန်ဒီစီမှာရှိတဲ့ အမှတ်တရ လက်ဆောင်ပစ္စည်း အရောင်းဆိုင်တွေအတွက် ကြီးမားတဲ့ အခွင့်အရေးကြီးတခုပါ… ကျမ်းသစ္စာ ကျိန်ဆိုပွဲကို ရောက်လာမယ့် ဧည့်သည်တွေ၊ ဈေးဝယ်တွေ မျက်စိကျအောင်လို့ ဒီဆိုင်တွေမှာ ဘယ်လို ပြင်ဆင်နေကြသလဲဆိုတာကို ဗွီအိုအေ သတင်းထောက် Carolyn Presutti က သတင်းပေးပို့ထားပါတယ်။ မနန္ဒာချမ်း က ဆက်ပြောပြပါမယ်ရှင်။ အပြည့်အစုံ ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေဆက်လက် ပြင်းထန်နေပြီး စစ်အစိုးရဘက်က ထိုးစစ်ဆင်မှုတွေ အရှိန်မြင့်နေတာကို ကြည်ရင်၊ မြန်မာ အစိုးရအနေနဲ့ ကချင်ပဠိပက္ခကို စစ်ရေးနည်း လမ်း နဲ့သာ ဖြေရှင်းဖို့ ရွေးချယ်ထား တယ်ဆို တာ ပြသနေတယ် ဆိုပြီး ကချင်တိုင်းရင်းသားခေါင်းဆောင်တွေက ပြောပါတယ်။ စစ်ပွဲအတွင်း အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေလည်း ရှိ လာနေတဲ့အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းက ပဠိပက္ခတွေ ကို တွေ့ဆုံဖြေရှင်းဖို့ မြန်မာအစိုးရကိုရော KIA ကိုပါ တောင်း ဆိုနေကြပါတယ်။ အပြည့်အစုံကို ကိုကျော်သိင်္ခက တင်ပြပါ လိမ့်မယ်။ အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
မြန်မာနိုင်ငံတွင်း လွတ်လပ်ခွင့်ပိုရလာဟု Freedom House ထုတ်ပြန်
ကချင်အရပ်သားတွေကို အကာအကွယ်ပေးဖို့ AI တိုက်တွန်း
ဗုံးခိုကျင်းပြို ဒုက္ခသည် ကလေး ၃ ဦးသေ
အမျိုးသားညီလာခံ ကာကွယ်တဲ့ဥပဒေကို ရုပ်သိမ်း
နိုင်ငံခြားသား ၄၁ ဦးကို အယ်ဂျီးရီးယား စစ်သွေးကြွတွေဖမ်းဆီး
မာလီသူပုန်စစ်ဆင်ရေး ပြင်သစ်တပ်စတင်
ကလေး ပန်းနာရင်ကြပ်ရောဂါ
စစ်ရေးနဲ့ မဖြေရှင်းနိုင်တဲ့ ကချင်ပဋိပက္ခ
No comments:
Post a Comment