ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ ဇန်နဝါရီလ ၁၈၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ ကချင်တိုက်ပွဲ အပစ်ရပ်ဖို့ တရုတ်တိုက်တွန်း နယ်စပ်တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံထဲ မော်တာကျည်အချို့ ကျတဲ့အပေါ် ကန့်ကွက်ခဲ့ပြီးနောက်မှာ ကချင်ပြည်နယ်တွင်း တိုက်ပွဲတွေရပ်ကြဖို့ကို တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ က တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံ ကချင် အရေးကြောင့်ပြုပြင်ပြောင်းလဲမှု ထိခိုက်မှာ ကုလစိုးရိမ် ကချင်ပြည်နယ်က လက်နက်ကိုင် ပဋိပက္ခတွေ ပြေလည်ဖို့ ဒီပဋိပက္ခမှာ ပါဝင်သူတွေကြားမှာပဲ ညှိနှိုင်း ဆောင်ရွက်ကြမှာဖြစ်တဲ့အကြောင်း မြန်မာနိုင်ငံက သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ်က ပြောလိုက်ပါတယ်။ အပြည့်အစုံ ဒေါ်စုကို ဆိုးလ် အမျိုးသားတက္ကသိုလ် ဂုဏ်ထူးဆောင်ဘွဲ့နှင်း လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာစံနှုန်းတွေကို တန်ဖိုးထားလာဖို့နဲ့ မြန်မာနိုင်ငံရဲ့ ပညာရေးမြင့်မားလာစေဖို့အတွက် ထူးထူးခြားခြားလုပ်ဆောင်ခဲ့တာတွေနဲ့ ပတ်သက်ပြီး အခုလို ဂုဏ်ပြုတာလို့ ဆိုးလ်တက္ကသိုလ်က ပြောပါတယ်။ အပြည့်အစုံ မြန်မာလယ်သမားတွေကို တရုတ်ငွေချေးရေးညှိနှိုင်း နှစ်နိုင်ငံကုန်သွယ်ရေးကဏ္ဍမှာတော့ မြန်မာပို့ကုန်ပစ္စည်းအရည်အသွေး ထိန်းသိမ်းမှုတိုးတက်ဖို့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှာဖြစ်ပြီး မြန်မာလယ်သမားတွေအတွက် စိုက်ပျိုးရေးဆိုင်ရာ အထောက်အပံ့တွေပေးသွားဖို့ တရုတ်က စီစဉ်နေပါတယ်။ အပြည့်အစုံ နိုင်ငံတကာကြက်ခြေနီ မြန်မာအကျဉ်းထောင် လေ့လာမှုပြန်စမည် မြန်မာပြည်ဆိုင်ရာ ICRC ကိုယ်စားလှယ်အဖွဲ့အနေနဲ့ လာမယ့် သီတင်းပတ်အတွင်း အကျဉ်းထောင်တွေထဲကို သွားရောက်ပြီး အကျဉ်းသားတွေရဲ့ အခြေအနေ ကို လေ့လာခွင့် ရတော့မှာဖြစ်ပါတယ်။ အပြည့်အစုံ 787 ဘိုရင်းလေယာဉ်အားလုံး ပျံသန်းမှုရပ်ဆိုင်း အင်ဂျင်လုံခြုံရေးစိတ်မချရတာကြောင့် Boeing ကုမ္ပဏီလုပ် 787 Dreamliner ဂျက်လေယာဉ်တွေကို ကမ္ဘာတဝှမ်း ပျံသန်းမှု ရပ်နားထားလိုက်ပါတယ် အပြည့်အစုံ ပြန်ပေးဆွဲ အယ်ဂျီးရီယားစစ်သွေးကြွစခန်းကို စီးနင်း Algeria နိုင်ငံမှာ နိုင်ငံခြားသား ၄၁ ယောက်ကို အစ္စလာမ် စစ်သွေးကြွတွေ ပြန်ပေးဆွဲ ဖမ်းထားတဲ့ သဘာဝဓါတ်ငွေ့စက်ရုံဝန်းအပေါ် စစ်ဆင်မှု အဆုံးသတ်သွားပြီဖြစ်ပါတယ်။ အပြည့်အစုံ Algeria ပြန်ပေးစခန်း တိုက်ခိုက်မှု လူအများအပြားသေဆုံး အယ်လ်ဂျီးရီးယားနိုင်ငံ အရှေ့အလယ်ပိုင်းမှာ ရှိတဲ့ Amenas အရပ်မှာ အစိုးရစီးနင်းတိုက်ခိုက်မှုအတွင်း အနည်းဆုံး တန်ဆာခံ ၃၄ဦးနဲ့ ပြန်ပေးဆွဲသူ ၁၅ဦး သဆုံးခဲ့တယ်လို့ စစ်သွေးကြွအဖွဲ့ ပြောခွင့်ရကပြောပါတယ်။ အပြည့်အစုံ ဂျကာတာ ရေဘေး ၄ ဦးသေဆုံး ဂျာကာတာမှာ အခါမဟုတ်မိုးကြောင့် ရေ ကြီးနေတဲ့အတွက် အစိုးရရုံးအများအပြားနဲ့ စီးပွားရေးလုပ်ငန်းတွေ တော်တော်များများ ကြာသာပတေးနေ့မှာ ပိတ်ထားကြရပါတယ်။ အပြည့်အစုံ ကချင်အရေး တရုတ် သတိပေး၊ မြန်မာ့လွတ်လပ်မှု အဆင့်၊ RSF နဲ့ မြန်မာ့သတင်းလွတ်လပ်ခွင့်၊ ဒေါ်စုကို ဆိုးလ်တက္ကသိုလ် ဒေါက်တာဘွဲ့ ချီးမြှင့်၊ ICRC အဖွဲ့ အကျဉ်းထောင် လေ့လာခွင့် ပြန်ရ စသည် … အပြည့်အစုံ အမေရိကန်နိုင်ငံ ဘော့စတွန်မြို့မှာတုပ်ကွေးရောဂါ ခံစားသူတွေ တိုးမြင့်လာတာကြောင့် ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ ကပဲ လူထုကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် လူတိုင်းတုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးကြဖို့ ကြေငြာလိုက်ပါတယ်။ ဗွီအိုအေသတင်းထောက် Steve Baragona သတင်းပေးပို့ထားတာကို မညိုညိုကတင်ပြပါလိမ့်မယ်။ အပြည့်အစုံ မာလီနိုင်ငံမြောက်ပိုင်းမှာအစ္စလမ်စစ်သွေးကြွတွေကို ပြင်သစ်စစ်တပ်ရဲ့ နိုင်ငံရေးပြဿနာကို ကူညီအဖြေရှာနိုင်ဖို့ အမေရိကန်က ကြိုးစားနေပါတယ်။ ဗွီအိုအေသတင်းထောက် Scott Stearns သတင်းပေးပို့ထားတာကို မေစန္ဒီက တင်ပြပါလိမ့်မယ်။ အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
ကချင်တိုက်ပွဲ အပစ်ရပ်ဖို့ တရုတ်တိုက်တွန်း
ကချင် အရေးကြောင့်ပြုပြင်ပြောင်းလဲမှု ထိခိုက်မှာ ကုလစိုးရိမ်
ဒေါ်စုကို ဆိုးလ် အမျိုးသားတက္ကသိုလ် ဂုဏ်ထူးဆောင်ဘွဲ့နှင်း
မြန်မာလယ်သမားတွေကို တရုတ်ငွေချေးရေးညှိနှိုင်း
နိုင်ငံတကာကြက်ခြေနီ မြန်မာအကျဉ်းထောင် လေ့လာမှုပြန်စမည်
787 ဘိုရင်းလေယာဉ်အားလုံး ပျံသန်းမှုရပ်ဆိုင်း
ပြန်ပေးဆွဲ အယ်ဂျီးရီယားစစ်သွေးကြွစခန်းကို စီးနင်း
Algeria ပြန်ပေးစခန်း တိုက်ခိုက်မှု လူအများအပြားသေဆုံး
ဂျကာတာ ရေဘေး ၄ ဦးသေဆုံး
No comments:
Post a Comment