Thursday, January 24, 2013

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - ဇန်နဝါရီလ ၂၄၊ ၂၀၁၃

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
ဇန်နဝါရီလ ၂၄၊ ၂၀၁၃

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်...

 
မြန်မာ

တောင်ကုတ်လမ်း ကားချောက်ထဲကျ ၁၄ ဦးသေဆုံး
ရန်ကုန်-သံတွဲလမ်းမှာ ခရီးသည်တင်ဘတ်စ် တစီးတိမ်းမှောက်ပြီး လူ ၁၄ ယောက် သေဆုံးခဲ့တာဟာ ဆယ်စုနှစ်အတွင်း အဆိုးဝါးဆုံးဖြစ်ပါတယ်။ အပြည့်အစုံ
 
UNFC ကတဆင့် ကချင်အရေးဆွေးနွေးဖို့ အစိုးရလက်ခံမည် UNFC ကတဆင့် ကချင်အရေးဆွေးနွေးဖို့ အစိုးရလက်ခံမည်
မြန်မာအစိုးရစစ်တပ်နဲ့ ကချင်လက်နက်ကိုင်တွေကြား တိုက်ပွဲတွေ ရှိနေသေးပေမဲ့ ငြိမ်းချမ်းရေးအတွက် ဆွေနွေးဖို့ ဆန္ဒရှိနေကြောင်း အစိုးရဘက်က ပြောလိုက်ပါတယ်။ အပြည့်အစုံ
 
နိုင်ငံတကာ

ဘန်ဂါဇီမှာ ကန်သံရုံးအတိုက်ခံရမှု ဝန်ကြီးကလင်တန် ထွက်ဆို ဘန်ဂါဇီမှာ ကန်သံရုံးအတိုက်ခံရမှု ဝန်ကြီးကလင်တန် ထွက်ဆို
မနှစ်က စက်တင်ဘာ ၁၁ ရက်၊ လစ်ဗျားနိုင်ငံက အမေရိကန်သံရုံးဝင်းတိုက်ခိုက်ခံရမှု ကိုင်တွယ်ပုံအတွက် ဝန်ကြီးကလင်တန် လွှတ်တ်ာရှေ့ ပထမဆုံးထွက်ဆိုပါတယ်။ အပြည့်အစုံ
 
ကမ္ဘာ့စီးပွားရေး တိုးတက်မယ်လို့ IMF ခန့်မှန်း ကမ္ဘာ့စီးပွားရေး တိုးတက်မယ်လို့ IMF ခန့်မှန်း
ဗုဒ္ဓဟူးနေ့ထုတ် IMF အစီရင်ခံစာမှာ ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းဟာ ဒီနှစ် ၃.၅ % အထိ တိုးမြင့်လာနိုင်ကြောင်း ဖော်ပြထားပါတယ်။ အပြည့်အစုံ
 
ဥရောပနဲ့ခရီးဆက်ရေး ဗြိတိန်လူထု ဆန္ဒခံယူမည် ဥရောပနဲ့ခရီးဆက်ရေး ဗြိတိန်လူထု ဆန္ဒခံယူမည်
ဗြိတိန်ဝန်ကြီးချုပ်က သူ့ပါတီ ပြန်အနိုင်ရခဲ့ရင် EU အတွင်း ဗြိတိန်ရဲ့ အခန်းကဏ္ဍကို ပြန်ညှိဖို့နဲ့ လူထုဆန္ဒကောက်ခံမယ်လို့လည်း ပြောလိုက်ပါတယ်။ အပြည့်အစုံ
 
ဘန်ဂါဇီမှာ ကန်သံရုံးအတိုက်ခံရမှု ဝန်ကြီးကလင်တန် ထွက်ဆို ဘန်ဂါဇီမှာ ကန်သံရုံးအတိုက်ခံရမှု ဝန်ကြီးကလင်တန် ထွက်ဆို
လစ်ဗျားက အမေရိကန်ကောင်စစ်ဝန်ရုံးအတိုက်ခံရပြီး သံအမတ်ကြီးနဲ့ တခြား အမှုထမ်းသုံးဦး သေဆုံးခဲ့မှုအတွက် တာဝန်ယူကြောင်း ဝန်ကြီးကလင်တန်က ထွက်ဆိုခဲ့ပါတယ်။ အပြည့်အစုံ
 
ထိုင်း ဘုရင်ကို စော်ကားမှု ထောင်ဒဏ် ၁၀ နှစ် ထိုင်း ဘုရင်ကို စော်ကားမှု ထောင်ဒဏ် ၁၀ နှစ်
ဘုရင်နဲ့ဘုရင့်မျိုးနွယ်တွေကို အသရေဖျက်မှုမြောက်တဲ့ ဆောင်းပါးတွေဖော်ပြမှုနဲ့ Voice of Oppressed ထိုင်းမဂ္ဂဇင်းအယ်ဒီတာ Somyot ကို ထောင်ဆယ်နှစ် ချလိုက်ပါတယ်။ အပြည့်အစုံ
 
ကျန်းမာရေး

ကလေး တီဘီ (TB) ရောဂါ ကလေး တီဘီ (TB) ရောဂါ
ဇန်နဝါရီ ၂၃၊ ၂၀၁၃ - ကလေးတွေမှာ ဖြစ်ပွါးတဲ့ တီဘီ (Tuberculosis) ရောဂါကို ဘယ်လို ကာကွယ်ကုသ ပေးနိုင်ပါသလဲ။ အပြည့်အစုံ
 
သတင်းသုံးသပ်ချက်

ကချင် ပဋိပက္ခ နဲ့ တရုတ်-မြန်မာ ဆက်ဆံရေး ကချင် ပဋိပက္ခ နဲ့ တရုတ်-မြန်မာ ဆက်ဆံရေး
ဇန်နဝါရီ ၂၃၊ ၂၀၁၂ - ကချင်ပဋိပက္ခနဲ့ တရုတ်-မြန်မာဆက်ဆံရေးကိုလည်း ဘယ်လို ထိခိုက်နိုင်သလဲဆိုတာတွေကို သမိုင်းပညာရှင်များနဲ့ သုံးသပ်ဆွေးနွေး... အပြည့်အစုံ
 
တီဗွီ

နေ့စဉ်တီဗွီသတင်းလွှာ (၀၁-၂၄-၂၀၁၃) နေ့စဉ်တီဗွီသတင်းလွှာ (၀၁-၂၄-၂၀၁၃)
ကချင်ပြည်နယ်အတွင်း အစိုးရနဲ့ကေအိုင်အေ အကြား အပြန်အလှန် တိုက်ပွဲတွေရှိနေပေမယ့်လည်း၊ အစိုးရဖက်ကတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဆက်လုပ်ဖို့ဆန္ဒရှိကြောင်းပြော၊ ကေအိုင်အေ ဖက်က သူတို့ပါဝင်တဲ့ တပ်ပေါင်းစုအနေ နဲ့ တွေ့လို တယ်ဆိုရင်လည်း လက်ခံတယ်လို့ မြန်မာသမ္မတပြောခွင့်ရသူက ပြော၊ စတဲ့သတင်းတွေ၊ နိုင်ငံတကာသတင်း နဲ့ သတင်းဆောင်းပါး တွေကို ရှုစားကြရမှာပါ။ အပြည့်အစုံ
 
ဗွီဒီယိုသတင်း

တရုတ်နိုင်ငံ ရေထုညစ်ညမ်းမှု တရုတ်နိုင်ငံ ရေထုညစ်ညမ်းမှု
တရုတ်နိုင်ငံရဲ့  လေထုညစ်ညမ်းမှုပြသနာနဲ့ ပတ်သတ်ပြီး မီဒီယာတွေမှာ အကျယ်တ၀င့်ဖေါ်ပြနေတဲ့ တချိန်တည်းမှာဘဲ ရေထုညစ်ညမ်းမှုပြသနာတွေကိုလည်း တရုတ်နိုင်ငံ ရင်ဆိုင်နေရပါတယ်။ ဗွီအိုအေသတင်းထောက် William Ide ရဲ့  သတင်းဆောင်းပါးကို ကိုအောင်အောင်က ဆက်လက်တင်ပြပါလိမ့်မယ်။ အပြည့်အစုံ
 
ထိုင်းနိုင်ငံရောက်လှေစီးပြေး  ရိုဟင်ဂျာ ထိုင်းနိုင်ငံရောက်လှေစီးပြေး ရိုဟင်ဂျာ
လှေစီပြေးရိုဟင်ဂျာတွေဟာ တရားမ၀င်လူမှောင်ခိုကူးခံရတာ၊ တတိယနိုင်ငံအကူး ကြားနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရ တာတွေ ရှိနေတဲ့ကြားကပဲ၊ ထိုင်းနိုင်ငံထဲကို အဆက်မပြတ် ၀င်ရောက်နေဆဲရှိပါတယ်။ လူမှောင်ခိုကူးမှုနဲ့အတူ၊ တရားမ၀င် ၀င်ရောက်လာတဲ့ ရိုဟင်ဂျာတွေကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ ထိုင်းနိုင်ငံအတွက် ဖိအားအမျိုးမျိုးနဲ့ ရင်ဆိုင်နေရပါတယ်.။ ဒီအကြောင်းကိုတော့ ကိုရန်နိုင်က ဆက်ပြီး တင်ဆက်ပေးမှာပါ။ အပြည့်အစုံ
 
ရန်ကုန်မြို့ယာဉ်ကြောရှင်းလင်းရေး ရန်ကုန်မြို့ယာဉ်ကြောရှင်းလင်းရေး
ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့လတွေအတွင်းဖြစ်ပေါ်နေတဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေကြောင့် ယာဉ်တိုက်မှုတွေ များပြားလာခဲ့ပါတယ်။ ခရီးသည်တွေနဲ့ ယာဉ်မောင်းသူတွေ သွားရေးလာရေးလွယ်ကူအဆင်ပြေစေအောင် သမ္မတဦးသိန်းစိန်က အများပြည်သူသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့အစည်းကို မကြာသေးခင်က စတင်ဖွဲ့စည်းလိုက်ပါတယ်။ ဒီအဖွဲ့ အစည်း ကနေပြီးတော့ ယာဉ်စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းတွေကို အရေးယူဆောင်ရွက်နေပြီဖြစ်ပါတယ်။ Reuters သတင်းဌာနက သတင်းပေးပို့ချက်ကို မေစန္ဒီက တင်ပြမှာဖြစ်ပါတယ်။ အပြည့်အစုံ
 
အီဂျစ်လူထုလှုပ်ရှားမှု             နှစ်ပတ်လည် အီဂျစ်လူထုလှုပ်ရှားမှု နှစ်ပတ်လည်
အီဂျစ်နိုင်ငံမှာ သမိုင်းဝင် အာဏာရှင်ဆန့်ကျင်ရေးလူထု အုံကြွ မှုကြီးတွေ ပေါ်ပေါက်ခဲ့တာ နှစ်နှစ်ပြည့်မြောက်ခဲ့ပါပြီ။ ဒီလို လူထု အုံကြွမှု နှစ်နှစ် အခါသမယက အီ၈ျစ်နိုင်ငံမှာ တတ်သိပညာရှင်၊ ပညာတတ်လူတန်းစားကနေ အောက်ခြေ လက်လုပ်လက်စားပြည် သူတွေအထိ ဘာတွေ အောင်မြင်မှုတွေ ရခဲ့သလဲ။ ဘာတွေ လိုအပ်နေဆဲလဲ ထင်ဟတ်ဖေါ်ပြနေပါတယ်။ ကိုင်ရိုမြို့က Elizebath Arrott က သတင်းပေးပို့ထားတာကို ကိုကျော်သိင်္ခ က တင်ပြပါလိမ့်မယ်။ အပြည့်အစုံ
 
ကြာသပတေးနေ့ မြန်မာတီဗွီသတင်းများ ကြာသပတေးနေ့ မြန်မာတီဗွီသတင်းများ
၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၂၄ ရက် ကြာသပတေးနေ့ မြန်မာနိုင်ငံဆိုင် ရာသတင်းတွေကို စုစည်းတင်ဆက်ထားပါတယ်။ အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

No comments:

Post a Comment