ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ ဇန်နဝါရီလ ၅၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ မြန်မာဘတ်စကက် ဘောသမားတွေ အမေရိကန် လာမည် မြန်မာလူငယ်တွေဟာ အစီအစဉ်အတွင်း အမေရိကန်ကစားဖော်တွေနဲ့အတူ ဘတ်စကက်ဘောအားကစား နည်းပညာတွေကို လေ့လာကြမှာဖြစ်သလို အဟာရ၊ ပဋိပက္ခဖြေရှင်းခြင်းနဲ့ မသန်မစွမ်းအားကစားဆိုင်ရာ ပညာပေးဆွေးနွေးပွဲတွေ တက်ရောက်ကြမှာဖြစ်ပါတယ်။ အပြည့်အစုံ လွတ်လပ်ရေးရပေမဲ့ တန်းတူမှု မရှိသေးဟု တိုင်းရင်းသားခေါင်းဆောင် တွေဝေဖန် မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရခဲ့တာ နှစ်ပေါင်း ၆၅ နှစ် ပြည့်သွားပေမဲ့ တိုင်းရင်းသား အားလုံး အဆင့်အတန်း အခွင့်အရေးတူညီတဲ့ ပြည်ထောင်စုနိုင်ငံ မဖြစ်သေးဘူးလို့ တိုင်းရင်းသား ခေါင်းဆောင်တွေက ပြောလိုက်ပါတယ် အပြည့်အစုံ တရုတ်ပိုင်နက်အတွင်း လက်နက်ကြီးကျမှု မြန်မာကို သတိပေး ကချင်ပြည်နယ်တွင်း စစ်ရေးပဋိပက္ခတွေကို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းဖို့ တရုတ်အစိုးရက မြန်မာအစိုးရ ကို တိုက်တွန်းလိုက်သလို တရုတ်မြေပေါ်ကို လက်နက်ကျည်တွေကျနေတယ်လို့လည်း တရုတ်ဘက်က သတိပေး ပြောဆိုပါတယ်။ အပြည့်အစုံ Auschwitz အကျဉ်းထောင် လာရောက်သူများပြား အော့ဇ်ဝစ်ဇ် အကျဉ်းထောင်ဟာ ဥရောပတခုလုံး အတွက် ပြန်လည် အောက်မေ့ ဖွယ်ရာ အဓိကနေရာတခုဖြစ်ပြီး လူမှု အသိုက်အမြုံကြီး တခုလုံး အခုချိန်ထိ ရင်ဆိုင် ခံစားနေရဆဲ စိန်ခေါ်မှုတွေကို မီးမောင်းထိုးပြနေတယ်လို့ ညွှန်ကြားရေးမှူး (Piotr Cywinski) က ပြောပါတယ်။ အပြည့်အစုံ ကမ္ဘောဒီယား အတိုက်အခံ ခေါင်းဆောင် ရွေးကောက်ပွဲ မဝင်ရ ပြည်ပရောက် ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် (Sam Rainsy) ဟာ ရွေးကောက်ပွဲတွေမှာ ၀င်ပြိုင်ခွင့်လည်းမရှိ၊ မဲပေးခွင့်လည်းမရှိဘူးလို့ ကမ္ဘောဒီးယား အမျိုးသားရွေးကောက်ပွဲကော်မတီ (NEC) က တရားဝင် အတည်ပြုလိုက်ပါတယ်။ အပြည့်အစုံ တင်းမာမှု လျော့ဖို့ တောင်ကိုရီးယားနဲ့ ဂျပန်တွေ့ဆုံ တောင်ကိုရီးယားနဲ့ ဂျပန် နှစ်နိုင်ငံအကြား တင်းမာမှုတွေ လျော့ကျစေဖို့ စတင်ကြိုးပမ်းတဲ့ အနေနဲ့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe စေလွှတ်တဲ့ ကိုယ်စားလှယ်နဲ့ တောင်ကိုရီးယား သမ္မတသစ် တို့ တွေ့ဆုံခဲ့ပါတယ် အပြည့်အစုံ အမျိုးသမီးနဲ့ ကလေးအများစု ပါဝင်တဲ့ ကချင်စစ်ပြေးဒုက္ခသည်တွေရဲ့ ဘဝ "စစ်ပြေးဒုက္ခသည်စခန်းမှာဆိုရင် ကဒုတ်ကျင်းတွေ တူးထားပြီးတော့ လေယာဉ်အပေါ်ကနေ ဖြတ်ပြီဆိုတာနဲ့ ကလေးတွေရော အားလုံးဟာ ကဒုတ် ကျင်းထဲ ပြေးဝင်တဲ့အထိ အဲ့လိုဖြစ်နေတာ" အပြည့်အစုံ ပအို့ဝ်တိုင်းရင်းသူ မသိင်္ဂီစိုးနဲ့ တွေ့ဆုံမေးမြန်းချက် "စာသင်ကျောင်းတွေမှာ တကိုယ်ရေသန့်ရှင်းရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဘာသာရပ်တွေ ထည့်ပြီးတော့ ကျောင်းသားတွေရဲ့ အမူအကျင့်လေးတွေကို ပြုပြင်ပြောင်းလဲမယ်ဆိုရင် ပိုပြီး ထိရောက်အောင်မြင်ပါလိမ့်မယ်" အပြည့်အစုံ သမ္မတဦးသိန်းစိန် လွတ်လပ်ရေးနေ့အခမ်းအနား သ၀ဏ်လွှာပို့၊ ကချင်ပြည်နယ်စစ်ပွဲအတွင်း တရုတ်ဘက် လက်နက်ကြီးတွေကျ၊ ဗြိတိသျှတိုက်လေယာဉ်တွေရှာဖွေဖို့ ဗြိတိန်နိုင်ငံကအဖွဲ့ရောက် ရှိ...စတဲ့ သတင်းတွေ နဲ့ သတင်းဆောင်းပါးတွေကို ရှုစားကြရမှာပါ။ အပြည့်အစုံ ဇန္န၀ါရီလ ၅ ရက်၊ စနေနေ့ မြန်မာတီဗွီသတင်းများကို စုစည်းတင်ဆက်ထားပါတယ်။ အပြည့်အစုံ တရုပ်နိုင်ငံနဲ့ မြောက်ကိုရီးယားအကြား တပတ်ကို သုံးရက် ခ၇ီးသည်တင် ရထား စတင်ပြေးဆွဲနေပြီဖြစ်ပါတယ်။ နှစ်နိုင်ငံ အကြား ကမ္ဘာလှည့် ခရီးသည်တွေ သွားရောက် လည်ပတ်တဲ့နေရာမှာ အကျိုးအမြတ် ရအောင် ရည်ရွယ်ချက်နဲ့ ဖွင့်လှစ်တာ ဖြစ်ပေမယ့် အတားအဆီးတွေ ကန့်သတ်မှုတွေလည်း ရှိနေပါတယ်။ အပြည့်အစုံ ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံမှာ လျှို့ဝှက်မြှုပ်နှံထားခဲ့တယ်လို့ ယုံကြည်ရတဲ့ MK14 Spitfire ဗြိတိသျှတိုက်လေယာဉ်တွေကို ရှာဖွေဖို့ ဗြိတိန်နိုင်ငံက အဖွဲ့တဖွဲ့ သောကြာနေ့မှာ မြန်မာနိုင်ငံကိုရောက်ရှိလာကြပါတယ်။ MK14 Spitfire လေယာဉ်တွေကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလဆန်း ပိုင်းမှာ စတင်တူးဖော်ရှာဖွေဖို့ ပြင်ဆင်နေတဲ့အကြောင်း ဗြိတိန်ရှာ ဖွေရေးအဖွဲ့ခေါင်းဆောင်တွေက ပြီးခဲ့တဲ့ နိုဝင်ဘာလ တုန်းကတည်းက ပြောနေခဲ့တာလည်းဖြစ်ပါတယ်။ ဒီအကြောင်း Reuters သတင်းဌာနရဲ့ ဆောင်းပါးတပုဒ်ကို ကိုကျော်သိင်္ခ က ပြောပြပေးမှာပါ။ အပြည့်အစုံ မြန်မာနိုင်ငံဟာ တိုင်းရင်းသားပေါင်းစုံနေထိုင်တဲ့ နိုင်ငံဆိုတာ မမေ့ဘို့နဲ့ ပဠိပက္ခတွေကို ဖြေရှင်းရေးမှာ အပြန်အလှန်လေးစားမှု ဆိုတာ ထည့်သွင်းစဉ်းစားဖို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မနေ့က NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှာ ကျင်းပတဲ့ ၆၅ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားမှာ ပြောဆိုသွားပါတယ်။ မိန့်ခွန်းကောက်နုတ်ချက်တချို့ကို တင်ဆက်ထားတာပါ။ အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
မြန်မာဘတ်စကက် ဘောသမားတွေ အမေရိကန် လာမည်
လွတ်လပ်ရေးရပေမဲ့ တန်းတူမှု မရှိသေးဟု တိုင်းရင်းသားခေါင်းဆောင် တွေဝေဖန်
တရုတ်ပိုင်နက်အတွင်း လက်နက်ကြီးကျမှု မြန်မာကို သတိပေး
Auschwitz အကျဉ်းထောင် လာရောက်သူများပြား
ကမ္ဘောဒီယား အတိုက်အခံ ခေါင်းဆောင် ရွေးကောက်ပွဲ မဝင်ရ
တင်းမာမှု လျော့ဖို့ တောင်ကိုရီးယားနဲ့ ဂျပန်တွေ့ဆုံ
အမျိုးသမီးနဲ့ ကလေးအများစု ပါဝင်တဲ့ ကချင်စစ်ပြေးဒုက္ခသည်တွေရဲ့ ဘဝ
ပအို့ဝ်တိုင်းရင်းသူ မသိင်္ဂီစိုးနဲ့ တွေ့ဆုံမေးမြန်းချက်
No comments:
Post a Comment