Saturday, January 12, 2013

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - ဇန်နဝါရီလ ၁၂၊ ၂၀၁၃

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
ဇန်နဝါရီလ ၁၂၊ ၂၀၁၃
 
ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်...

 
မြန်မာ

မြန်မာနယ်စပ် တရုတ်လုံခြုံရေး တိုးမြှင့် မြန်မာနယ်စပ် တရုတ်လုံခြုံရေး တိုးမြှင့်
မြန်မာနိုင်ငံ ကချင်ပြည်နယ်တွင်းက တိုက်ပွဲအခြေအနေတွေကြောင့် မြန်မာနဲ့နယ်ချင်းစပ် တရုတ်နိုင်ငံ နယ်စပ်တလျှောက်မှာ လုံခြုံရေးအင်အားတွေကို တိုးမြင့်ထားတယ်လို့ တရုတ်နိုင်ငံ အစိုးရထုတ် Global Times သတင်းစာမှာ ရေးသားဖော်ပြထားပါတယ်။ အပြည့်အစုံ
 
ရိုဟင်ဂျာ ၆၀၀ ကျော် ထိုင်းအာဏာပိုင် ဖမ်းဆီး ရိုဟင်ဂျာ ၆၀၀ ကျော် ထိုင်းအာဏာပိုင် ဖမ်းဆီး
ထိုင်းနိုင်ငံတောင်ပိုင်းမှာ လူမှောင်ခို ကူးသူတွေရဲ့ လက်ထဲကနေ ဖမ်းဆီးမိခဲ့တဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေကို ထိုင်းအာဏာပိုင်တွေက ပြန်ပို့လိုက်မှာကို စိုးရိမ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေ က ပြောပါတယ်။ အပြည့်အစုံ
 
ကချင်အရေးငြိမ်းချမ်းစွာ အဖြေရှာဖို့ ပြည်သူ့လွှတ်တော်တိုက်တွန်း ကချင်အရေးငြိမ်းချမ်းစွာ အဖြေရှာဖို့ ပြည်သူ့လွှတ်တော်တိုက်တွန်း
ကချင်ပြည်နယ်တွင်း လက်နက်ကိုင်ပဋိပက္ခ ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီ နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO/KIA ကို ပြည်သူ့လွှတ်တော်က တိုက်တွန်း တောင်းဆိုလိုက်ပါတယ် အပြည့်အစုံ
 
နိုင်ငံတကာ

အမေရိကန်တပ်ရုပ်ရေး အာဖကန်နဲ့သဘောတူ အမေရိကန်တပ်ရုပ်ရေး အာဖကန်နဲ့သဘောတူ
အာဖဂန်နိုင်ငံမှာရှိတဲ့ အမေရိကန်ရဲ့ အခန်းကဏ္ဍကို လွှဲပြောင်းပေးဖို့ကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ Barack Obama နဲ့ အာဖဂန်သမ္မတ Hamid Karzai တို့ သဘောတူညီချက်ရခဲ့ပါတယ်။ အပြည့်အစုံ
 
ဆီးရီးယားအရေး ကန်-ရုရှား သဘောတူညီမှုမရ ဆီးရီးယားအရေး ကန်-ရုရှား သဘောတူညီမှုမရ
ဆီရိးယား ပြည်တွင်းစစ်ကို ဘယ်လိုအဆုံးသတ်မလဲဆိုတာကို အမေရိကန် နဲ့ ရုရှားထိပ်တန်းတာဝန်ရှိသူတွေ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ဆွေးနွေးခဲ့တာဟာ တစုံတရာ တိုးတက်မှုမရရှိဘဲ အဆုံးသတ်ခဲ့ပါတယ်။ အပြည့်အစုံ
 
စီးပွားရေး ကျားကန်မှု အစီအစဉ် ဂျပန် ဝန်ကြီးချုပ်သစ် ကြေညာ စီးပွားရေး ကျားကန်မှု အစီအစဉ် ဂျပန် ဝန်ကြီးချုပ်သစ် ကြေညာ
ကမ္ဘာပေါ်မှာ တတိယစီးပွားရေးအင်အားကြီးနိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံရဲ့ စီးပွားရေး ပြန်လည်နိုးထလာစေဖို့ ကျိုးပမ်းမယ့် အစီအစဉ်တခုကို ဂျပန်ဝန်ကြီးချုပ်အသစ် ရှင်ဇိုအာဘေးက ဖွင့်ချကြေညာလိုက်ပါတယ်။ အပြည့်အစုံ
 
အမျိုးသမီးကဏ္ဍ

သမိုင်းဝင်မယ့် အမေရိကန်လွှတ်တော်သစ်ရဲ့ ကွဲပြားမှု သမိုင်းဝင်မယ့် အမေရိကန်လွှတ်တော်သစ်ရဲ့ ကွဲပြားမှု
"ကျမတို့အမေ ကျမတို့ကို သွန်သင် ဆုံးမခဲ့တာကတော့ လူတဦးကနေ အပြောင်းအလဲကို ဖော်ဆောင်နိုင်တယ် ဆိုတဲ့ အချက်ပါပဲ" အပြည့်အစုံ
 
သတင်းသုံးသပ်ချက်

ကချင်ပြည်နယ်ပေးတဲ့ သင်ခန်းစာ ကချင်ပြည်နယ်ပေးတဲ့ သင်ခန်းစာ
ဇန်နဝါရီ ၁၂၊ ၂၀၁၂ - ကချင်ပြည်နယ်မှာ (၁၇) နှစ် အပစ်အခတ်ရပ်စဲပြီးမှ ပြန်လည်တိုက်ခိုက်နေကြတာဟာ တဘက်နဲ့တဘက် ယုံကြည်မှု မရှိလို့ဖြစ်ကြောင်း သုံးသပ်တင်ပြထား ... အပြည့်အစုံ
 
တီဗွီ

နေ့စဉ်တီဗွီသတင်းလွှာ (၀၁-၁၂-၂၀၁၃) နေ့စဉ်တီဗွီသတင်းလွှာ (၀၁-၁၂-၂၀၁၃)
ကချင်ပဋိပက္ခ ငြိမ်းချမ်းစွာဖြေရှင်းရေး ပြည်သူ့လွှတ်တော် တိုက်တွန်း၊ ရိုဟင်ဂျာတွေကို နေရပ်ပြန်မပို့ဖို့ ထိုင်းအာဏာ ပိုင်တွေကို လူ့အခွင့်အရေးအဖွဲ့တွေ တောင်းဆို၊ လူ ၁၁၀ ကျော် သေဆုံးခဲ့တဲ့ ပါကစ္စတန်က ဗုံးပေါက်ကွဲမှု၊ အာဖဂန်သမ္မတ နဲ့ အိုဘားမားတွေ့ဆုံ ... အပြည့်အစုံ
 
ဗွီဒီယိုသတင်း

စနေနေ့ မြန်မာတီဗွီသတင်း စနေနေ့ မြန်မာတီဗွီသတင်း
၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၁၂ ရက် စနေနေ့ မြန်မာနိုင်ငံဆိုင်ရာသတင်း များကို စုစည်း တင်ဆက်ပေးထားပါတယ်။ အပြည့်အစုံ
 
ဗေဒါအင်စတီကျူ ဒါရိုက်တာနဲ့ တွေ့ဆုံ မေးမြန်းခန်း ဗေဒါအင်စတီကျူ ဒါရိုက်တာနဲ့ တွေ့ဆုံ မေးမြန်းခန်း
ဗေဒါအင်စတီကျူဟာ ရန်ကုန်မြို့မှာ သင်တန်းကျောင်းတခု ဖွင့်လှစ်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ ဘာသာရပ်တွေနဲ့ ပတ်သက်ပြီးတော့ လေ့လာလိုသူတွေကို သင်တန်းတွေဖွင့်လှစ်ပြီး သင်ကြားပို့ချပေးနေတာပါ။ ဗေဒါသင်တန်းကျောင်းကို စတင် တည်ထောင်ခဲ့သူတဦးလည်းဖြစ်၊ လက်ရှိမှာ သင်တန်းကျောင်းရဲ့ ဒါရိုက်တာဖြစ်သူ ကိုမျိုးရန်နောင်သိန်းဟာ အမေရိကန်ပြည်ထောင်စုမှာ သင်တန်းတခုတက်ဖို့ ခေတ္တရောက်လာပါတယ်။ ကိုရန်မျိုးနောင်သိန်းကို ဗွီအိုအေစတူဒီယိုထဲ ဖိတ်ခေါ်ပြီး ကိုကျော်ကျော်သိန်းက တွေ့ဆုံမေးမြန်းထားပါတယ်။ အပြည့်အစုံ
 
တက္ကသိုလ် ကောလိပ်ပေါင်းစုံ မယ်ပြိုင်ပွဲ တက္ကသိုလ် ကောလိပ်ပေါင်းစုံ မယ်ပြိုင်ပွဲ
မြန်မာ မိန်းကလေးတွေ အနေနဲ့ ကျန်းမာ ကြံ့ခိုင်မှုနဲ့ ကိုယ်ကာယ အလှအပကို အသုံးချပြီး နိုင်ငံ့ ဂုဏ်ဆောင်ဖြစ်အောင် လေ့ကျင့်နိုင်ရေး အတွက် တက္ကသိုလ်နဲ့ ကောလိပ် ကျောင်းတွေမှာ မြေတောင် မြှောက်ပေးနေပါပြီလို့ မြန်မာနိုင်ငံ ကာယဗလနဲ့ ကာယကြံ့ခိုင်မှု အဖွဲ့ချုပ်က ပြောဆိုလိုက်ပါတယ်။ ကိုယ်ကာယ လှပတင့်တယ်တဲ့ မြန်မာအမျိုးသမီးလေးတွေ နိုင်ငံတကာ အဆင့်မှာ ရင်ဘောင်တန်းနိုင်ဖို့ နိုင်ငံတကာ ပွဲတွေရဲ့ စံသတ်မှတ်ချက်တွေနဲ့ အညီ ၀တ်စား ဆင်ယင်ဖို့ လိုအပ်တယ်လို့ ပြိုင်ပွဲ ဒိုင်လူကြီးတွေကလည်း မှတ်ချက် ချပါတယ်။ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ ဇန်န၀ါရီလ ၈ ရက်နေ့က ကျင်းပတဲ့ တက္ကသိုလ် အဆင့်မြင့် ပညာဦးစီးဌာန၊ အောက်မြန်မာပြည် ကာယဗလနဲ့ ကာယအလှမယ် ပြိုင်ပွဲကို ဒေါ်ခင်စိုးဝင်းနဲ့အတူ သွားပြီးအားပေးကြဖို့ ဖိတ်ခေါ်ပါတယ်။ အပြည့်အစုံ
 
သတင်းထောက်တွေရဲ့   လုံခြုံမှု သတင်းထောက်တွေရဲ့ လုံခြုံမှု
၂၀၁၂ ခုနှစ်မှာ သတင်းထောက်ပေါင်း တရာကျော် တာဝန်ထမ်း ဆောင် ရင်း သေဆုံးခဲ့ကြရတာမို့ ပြီးခဲ့တဲ့နှစ်ကို သတင်းသမား အသေအပျောက်အများဆုံး နှစ်တွေထဲက တနှစ်အဖြစ် မှတ်တမ်း တင်ထားကြပါတယ်။ ဒါ့ကြောင့် ကုလသမဂ္ဂကနေ ဦးဆောင်ပြီး ကမ္ဘာတ၀ှမ်းက သတင်းသမားတွေရဲ့ အသက် အန္တရာယ် လုံခြုံရေး တိုးတက်စေဖို့ အစီစဉ်သစ်တရပ်ချမှတ်ခဲ့ပါတယ်။ လန်ဒန်က VOA သတင်းထောက် Henry Ridgwell သတင်းပေးပို့ထားတာကို ဒေါ်ခင်မျိုးသက်က တင်ပြပါလိမ့်မယ်။ အပြည့်အစုံ
 
ရန်ကုန်ရှေးဟောင်း  အဆောက်အအုံများ ရန်ကုန်ရှေးဟောင်း အဆောက်အအုံများ
ရန်ကုန်မြို့လယ်ခေါင်က အဆောက်အဦဟောင်းတွေဟာ ကိုလိုနီခေတ်ကပြောင်မြောက်တဲ့ ဗိသုကာလက်ရာတွေနဲ့ လွှမ်းခြုံနေပေမဲ့ အများစုကတော့ အပူပိုင်းရာသီဥတု ဒဏ်ကြောင့် ဆွေးမြေ့ပျက်စီးနေကြပါတယ်။ မြန်မာနိုင်ငံ အခြေအနေ ပွင့်လင်းလာတာနဲ့အမျှ ၀င်လာမယ့် ရင်းနှီးမြှပ်နှံသူတွေကရန်ကုန်မြို့ကို ခေတ်မီမြို့တော်အဖြစ်ပြောင်းလတော့မှာလား။ ဒီရှေးဟောင်းအဆောက်အဦးတွေကိုဖျက်ဆီးပြီး ခေတ်မှီမိုးမျှော် ဈေးဝယ်စင်တာတွေကို ဆောက်ကြတော့မှာလား။ ဒီအကြောင်းကို မေစန္ဒီကပြောပါလိမ့်မယ်။ အပြည့်အစုံ
 
နိုင်ငံရေး နဲ့ ဘောလုံး အားကစား နိုင်ငံရေး နဲ့ ဘောလုံး အားကစား
. အပြည့်အစုံ
 
မငြိမ်းချမ်းနိုင်သေးသည့်  ကချင်ဒေသ မငြိမ်းချမ်းနိုင်သေးသည့် ကချင်ဒေသ
ကချင်းပြည်နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေပြီး ပဠိပက္ခတွေ ကြီးထွားလာနေတာဟာ တိုင်းရင်းသားလူမျိုးစုတွေရဲ့ တန်းတူ အခွင့်အရေး ဆုံးရှုံးနေရမှုရဲ့ အခြေခံကြောင့် ဖြစ်ကြောင်း သုံးသပ်ပြောဆိုမှုတွေ ရှိနေပါတယ်။ မြန်မာအစိုးရဘက်ကရော KIA ဘက်ကပါ စစ်ရေးအမြင်နဲ့သာ ဖြေရှင်းဖို့ စဉ်းစားနေတယ်ဆို ပြီး ပြောဆိုဝေဖန်မှုတွေလည်း ရှိနေပါတယ်။ ကချင်ပြည်နယ် ငြိမ်းချမ်းရေးအလားအလာနဲ့ သုံးသပ်ချက်တွေ ကို မြစ်မခသတင်း ဌာနက မမေသင်္ကြန်ဟိန်က တင်ပြပါလိမ့်မယ်။ အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

No comments:

Post a Comment